close
Connect with us

Hi, what are you looking for?

သတင်း

လူမျိုးစုလွတ်မြောက်ရေးအပါအဝင် ပြည်ထောင်စုတည်ဆောက်ရေးမှာ မွန် အမျိုးသမီးတွေ တက်ကြွစွာပါဝင်ဖို့ MSFC တိုက်တွန်း

မွန်ပြည်ဖက်ဒရယ်ကောင်စီ(MSFC)အနေနဲ့ အမျိုးသမီးများတန်းတူ ဦးဆောင်ပါဝင်နိုင်ရေးအတွက် မူဝါဒတွေထည့်သွင်းချမှတ် လုပ်ဆောင်နေသလို မွန်အမျိုးသမီးတွေအနေနဲ့လည်း လူမျိုးစုလွတ်မြောက်ရေး၊ တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ မွန်ပြည်နဲ့ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးတို့မှာ နိုးကြား တက်ကြွစွာ ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းကြောင်း MSFCက မွန်အမျိုးသမီးနေ့မှာ ထုတ်ပြန်ပါတယ်။

(မွန်ပြည်တော်လှန်ရေးတပ်(MSRF)က ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - MSRF)

ဖေဖော်ဝါရီ ၂၇၊၂၀၂၆။ထားမြတ်/People’s Spring

မွန်ပြည်ဖက်ဒရယ်ကောင်စီ(MSFC)အနေနဲ့ အမျိုးသမီးများတန်းတူ ဦးဆောင်ပါဝင်နိုင်ရေးအတွက် မူဝါဒတွေထည့်သွင်းချမှတ် လုပ်ဆောင်နေသလို မွန်အမျိုးသမီးတွေအနေနဲ့လည်း လူမျိုးစုလွတ်မြောက်ရေး၊ တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ မွန်ပြည်နဲ့ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးတို့မှာ နိုးကြား တက်ကြွစွာ ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းကြောင်း MSFCက မွန်အမျိုးသမီးနေ့မှာ ထုတ်ပြန်ပါတယ်။

ဒီကနေ့ ဖေဖော်ဝါရီ ၂၇ရက်မှာ ကျရောက်တဲ့ (၂၂)ကြိမ်မြောက် မွန်အမျိုးသမီးနေ့ အထိမ်းအမှတ် ကြေညာချက်မှာ အခုလို တိုက်တွန်းခဲ့တာပါ။

ဒါ့အပြင် စစ်အာဏာရှင်နဲ့တကွ အာဏာရှင်စနစ်မှန်သမျှအား စုပေါင်းတိုက်ဖျက်ကာ တိုင်းရင်းသားပြည်သူတရပ်လုံးရဲ့ ဆန္ဒကို အခြေခံသော တာဝန်ခံမှုအပြည့််အဝရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆောင်ရွက်သွားဖို့နဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုများ အမြန်ဆုံးရပ်တန့်နိုင်ရေး၊ အမျိုးသမီးတွေ ဦးဆောင်မှု အခန်းကဏ္ဍတွင် ပါဝင်ကာ တာဝန်ခံမှု အပြည့်အဝ ရယူနိုင်ဖို့ မွန်အမျိုးသမီးနေ့မှာ တောင်းဆိုကြောင်း MSFCက ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

မွန်ပြည်ဖက်ဒရယ်ကောင်စီအနေနဲ့လည်း နေအိမ် စွန့်ခွာ စစ်ဘေးရှောင်နေကြရတဲ့ အမျိုးသမီးနဲ့ ကလေးသူငယ်များအား လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ ပေးရုံမက အမျိုးသမီးများ သက်ဆိုင်ရာ နယ်ပယ်အလိုက် ပါဝင် ဦးဆောင်နိုင်ဖို့ ရည်ရွယ်ဆောင်ရွက်နေကြောင်း အသိပေးပါတယ်။

မွန်အမျိုးသမီးတွေဟာ ဘဝတိုးတက်ရေး၊ လုံခြုံရေးနဲ့ အမျိုးသမီးများ နိုင်ငံရေးကဏ္ဍတွင် ဦးဆောင်မှုကဏ္ဍမှ ပါဝင်ရေးတို့အား ရည်မှန်းကာ အကောင်အထည်ဖော် လှုပ်ရှားလျက်ရှိပေမယ့် လက်ရှိ နိုင်ငံမှာဖြစ်ပေါ်နေတဲ့ နိုင်ငံရေး၊ စီးပွားရေးအခြေအနေတွေက အမျိုးသမီးနဲ့ ကလေးငယ်တွေအပေါ် ကြီးမားတဲ့ သက်ရောက်မှု ရှိနေတယ်လို့ ဖော်ပြထားပါတယ်။

နိုင်ငံရေးမတည်ငြိမ်မှုများ လုံခြုံရေး စိုးရိမ်ရမှုများအကြားမှာ အမျိုးသမီးများ၊ ကလေးသူငယ် နဲ့ သက်ကြီးရွယ်အိုများ၊ မကျန်းမာသူများဟာ အများဆုံး ဒုက္ခရောက်သူများ ဖြစ်ပြီး စီးပွားရေး၊လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ လုံခြုံရေးစတဲ့ ကဏ္ဍစုံမှ ယုတ်လျော့ကျဆင်းနေရတယ်လို့ ဆိုပါတယ်။

အခု ဖြစ်နေတဲ့ နိုင်ငံရေးပဋိပက္ခအခြေအနေတွေရဲ့အရင်းခံအကြောင်းတရားဟာ စစ်အာဏာရှင် စနစ်နဲ့ မဟာလူမျိုးကြီးဝါဒဖြစ်ပြီး အဲဒီယန္တရားတွေ ပျက်စီးပြိုလဲသွားစေဖို့ တိုင်းရင်းသားညီအကိုများ ပြည်သူလူထုများနဲ့ အတူ တိုက်ပွဲဝင်သွားမယ်လို့လည်း ထုတ်ပြန်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်ဖက်ဒရယ်ကောင်စီ(MSFC)၏နိုင်ငံရေးဦးဆောင်မှုဖြင့်အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်တိုက်ဖျက်ရန်လမ်းညွှန်မှုအရ စစ်ကောင်စီ၏ အတုအယောင် ရွေးကောက်ပွဲကျင်းပရန် ကြေညာပြီးနောက်ပိုင်း၊တိုက်ပွဲများ ခပ်စိပ်စိပ်ဖော်ဆောင်လျက်ရှိကြောင်း MSFC လက်အောက်ခံတပ်ဖွဲ့တခုဖြစ်သော မွန်ပြည်တော်လှန်ရေးတပ်(MSRF)က ထုတ်ပြန်သည်။

သတင်း

မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP(AD)နှင့် မွန်ပြည်လွတ်မြောက်ရေးတပ်တော်(MLA)ပူးပေါင်းပြီး ရာမညမွန် တပ်တော်(RMA)ဖွဲ့စည်းမှုသည် ပြုသဘောဆောင်သည့်တိုးတက်မှုဖြစ်သည်ဟု ယူဆကြောင်း မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC)ကထုတ်ပြန်ပြီး MSFC လက်အောက်ရှိတပ်များနှင့် မဟာမိတ်တပ်များ ရာမညတပ်တော်နှင့်အတူ စစ်အာဏာရှင် စနစ်အားတိုက်ခိုက်ရာတွင် ပူးပေါင်းဆောင်ရွက်မည်ဟု ထုတ်ပြန်သည်။

ဆောင်းပါး

စစ်​ကောင်စီ၏ ​​ထောင်​ချောက်ဆင်မှုတဝက် ၊သွေးခွဲမှုတစ်ဝက်ဖြင့် လက်နက်စွန့် ​​ပါတီ​ထောင်​ရွေး​ကောက်ပွဲဝင်ရန် ကမ်းလှမ်းမှုကို တော်လှန်​ရေးအင်အားစုများက တညီတညွတ်တည်းငြင်းပယ်လိုက်သည်။