close
Connect with us

Hi, what are you looking for?

သတင်း

BGFရဲ့ကျားဖြန့်အဆောက်အဦး စစ်တပ်ဝင်စီးတာဟာ ဟန်ပြလုပ်ရပ်လို့သတင်းရင်းမြစ်​​တွေ​​ပြော

ကရင်နယ်ခြားစောင့်တပ်(BGF)ရဲ့ ကျားဖြန့် အဆောက်အဦးတွေကို စစ်တပ်ဝင်စီးတာဟာ ဟန်ပြလုပ်ရပ်တာဖြစ်တယ်လို့ ဒေသတွင်းသတင်းအရင်းမြစ်တွေက ပြောပါတယ်။

(မြ၀တီမြို့နယ်၊ မေတ္တာလင်းမြိုင်ကျေးရွာအနီး အွန်လိုင်းလိမ်လည်မှုနဲ့ လောင်းကစားမှုလုပ်ငန်းတွေ စစ်တပ်ဝင်စီးအပြီး တွေ့ရစဉ်။ ဓာတ်ပုံ − စစ်ကောင်စီ)

ဖေဖော်ဝါရီ-၂၇၊ ၂၀၂၆။နိုင်ပကောင်း၊ဒလပန်း/People’s Spring

ကရင်နယ်ခြားစောင့်တပ်(BGF)ရဲ့ ကျားဖြန့် အဆောက်အဦးတွေကို စစ်တပ်ဝင်စီးတာဟာ ဟန်ပြလုပ်ရပ်တာဖြစ်တယ်လို့ ဒေသတွင်းသတင်းအရင်းမြစ်တွေက ပြောပါတယ်။

” ဖမ်းတာလည်း အဖမ်းပြတာပါ အဲ့နေရာက ရွာအပြင်လမ်းဘေးမှာရောက်နေတဲ့ဟာမို့ မေတ္တာလင်းမြိုင်ရွာကနေ လက်ခတ်တောင်ကို အတက်ဆင်းလုပ်လို့ရတယ်လေ အဲ့လက်ခတ်တောင် တောင်ခြေနားနဲ့ မေတ္တာလင်းမြိုင်ရွာအစွန်က ပန်းခြံ အဲ့မှာ ရှယ်လုပ်နေတာ “ လို့ ဒေသတွင်းသတင်းရင်းမြစ်က လူထုနွေဦးကို ပြောပါတယ်။

ဖေဖော်ဝါရီ ၂၆ရက် မွန်းလွဲပိုင်းက မြ၀တီမြို့နယ်၊ မေတ္တာလင်းမြိုင်ကျေးရွာအနီး အွန်လိုင်းလိမ်လည်မှုနဲ့ လောင်းကစားမှုလုပ်ငန်းတွေ လုပ်ကိုင်နေကြတဲ့ တရုတ်နိုင်ငံသား ၁၄၈ ဦး၊ ထိုင်းနိုင်ငံသား သုံးဦး၊ ဖိလစ်ပိုင်သုံးဦး၊ ကမ္ဘောဒီးယားတစ်ဦး၊ ရုရှားတစ်ဦး စုစုပေါင်း ၁၅၆ဦးကို RC ငါးထပ်အဆောက်အအုံတစ်ခုအတွင်းမှာ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

အရှေ့တောင်အာရှ ဒေသတွင်းက အွန်လိုင်း ငွေလိမ် (ကျားဖြန့်)ဂိုဏ်းတွေကို တိုက်ဖျက်ရာမှာ အမေရိကန်က ဦးဆောင်သွားဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း ဖက်ဒရယ် ထောက်လှမ်းရေး အေဂျင်စီ (FBI) အကြီးတန်း အရာရှိတစ်ဦးက ​ဖေ​ဖော်ဝါရီ ၂၄ ရက်သတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်။

FBIရဲ့နိုင်ငံတကာစစ်ဆင်ရေးဌာနခွဲလက်ထောက်ဒါရိုက်တာ စကော့ ရှယ်လ်ဘီဟာ အရှေ့တောင်အာရှ ဒေသတွင်းက ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် နိုင်ငံတွေထဲက ကျားဖြန့် လုပ်ငန်း လည်ပတ်ခဲ့ရာ နေရာတွေဆီ သွားရောက် စစ်ဆေး ကြည့်ရှုပြီးခဲ့တဲ့နောက် အခုလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဒေါ်လာ ဘီလီယံနဲ့ချီ လိမ်ညာရယူနေတဲ့ အဲဒီ ဒုစရိုက် လုပ်ငန်းကြီးတွေက ဘယ်လောက် ပမာဏ ကြီးကြီးမားမားနဲ့ လည်ပတ်နေသလဲ ဆိုတာကို မျက်မြင်မဟုတ်ရင် သိနိုင်မှာ မဟုတ်ဘူးလို့လည်း ရှယ်လ်ဘီက ပြောပါတယ်။

ကျားဖြန့် လုပ်ငန်းတွေဟာ အမေရိကန် နိုင်ငံသားတွေကိုလည်း ပစ်မှတ်ထား လိမ်လည်နေပြီး အဲဒီအတွက် အမေရိကန် အစိုးရရဲ့ အာရုံစိုက်ဖြိုခွင်းမှုကိုကြုံရမှာဖြစ်တယ်လို့သူကသတိပေးခဲ့ပါတယ်။

အ​မေရီကန် FBI ကအဲလို​ပြောပြီး ၂ ရင်အကြာမှာအာဏာသိမ်းစစ်တပ်က အခုလိုလုပ်တာဖြစ်ပါတယ်။

အ​မေရီကန်က BGF ၊ DKBA တို့ကို ကျားဖြန့်လုပ်ငန်း​တွေလုပ်တာ​ကြောင့် အ​ရေးယူပိတ်ဆို့ဒဏ်ခတ်ထားပါတယ် ။BGF ဟာစစ်တပ်လက်​အောက်ခံဖြစ်သလို ၊DKBA နဲ့ KNLA-PC တို့ဟာ

စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်းစစ်တပ်လုပ်တဲ့ငြိမ်းချမ်း​ရေး​ဆွေး​နွေးပွဲတိုင်းကိုတက်ပြီး စစ်တပ်နဲ့နီးကပ်တဲ့အဖွဲ့​တွေဖြစ်ပါတယ်။

စစ်တပ်ဝင်ရောက်ဖမ်းဆီးခဲ့တဲ့ မေတ္တာလင်းမြိုင်က ကျားဖြန့်အဆောက်အဦးအပါအဝင် ကျေးရွာအတွင်း ပန်းခြံက ကျားဖြန့်လုပ်ငန်းတွေဟာ ကရင်နယ်ခြားစောင့်တပ်(BGF)အမှတ်(၄)တပ်

နယ်မှူး စောမုတ်သုန်ပိုင်ဆိုင်တာဖြစ်ပြီး သူ့လက်အောက်က ဗိုလ်ရှိန်ဆိုသူက ဦးစီးလုပ်ဆောင်နေတာဖြစ်တယ်လို့ ဒေသတွင်းသတင်းအရင်းမြစ်တွေက ပြောပါတယ်။

လက်ရှိ ဆက်လက်လည်ပတ်လုပ်ကိုင်နေတဲ့ လက်ခတ်တောင်တောင်ခြေနဲ့ မေတ္တာလင်းမြိုင်ရွာအစွန်က ပန်းခြံ ဝန်းကျင်ကို BGFက သွားလာခွင့်ပိတ်ပင်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မြဝတီမြို့အနီးက BGFပိုင် ကျားဖြန့်လုပ်ငန်းတွေကို စစ်တပ်က ဝင်ရောက်စီးနင်းပြီးနောက် ကျားဖြန်းလုပ်ငန်းတချို့ကို မေတ္တာလင်းမြိုင်ရွာအစွန်က ပန်းခြံကိုပြောင်းရွေ့ခဲ့တာလည်းဖြစ်ပါတယ်။

BGF က ကျားဖြန်းလုပ်ငန်းတချို့ကို မေတ္တာလင်းမြိုင်ရွာအစွန်က ပန်းခြံကိုပြောင်းရွေ့ခဲ့တဲ့အပြင်တချို့ကို မြဝတီမြို့နယ်၊ အနောက်မြောက်ထောင့်ဒေါနတောင်ခြေမှာရှိတဲ့ သစ်ကတေကျေးရွာကိုလည်းပြောင်းရွေ့ခဲ့တယ်လို့ ဒေသတွင်းသတင်းအရင်းမြစ်တွေဆီက သိရပါတယ်။

စစ်တပ်က ဝင်ရောက်စီးနင်းခဲ့တဲ့ဆိုတဲွမြ၀တီမြို့နယ်၊ မေတ္တာလင်းမြိုင်ကျေးရွာက အွန်းလိုင်လိမ်လည်မှု(ကျားဖြန့်)အဆောက်အဦးသစ်ဟာ BGF တပ်နယ်(၄) တပ်နယ်မှူး စောမုတ်သုန်ပိုင်ဆိုင်ပြီး အဆိုပါအဆောက်အဦးကို တည်ဆောက်ထားတာ မကြားသေးဘူးလို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။ ဒီအွန်လိုင်းလိမ်လည်မှု ကျားဖြန့်အဆောက်အဦးတွေဟာ မယ်ထော်သလေးရွာမှာရှိတဲ့ KK Park ကို ဝင်ရောက်စီးနင်းခဲ့ပြီးနောက်ပိုင်းမှ ပေါ်ထွက်လာတဲ့ အဆောက်အဦးသစ်တွေဖြစ်တယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

“ ဗိုလ်မတ်သုန်ဟာပေါ့၊ အဆောက်အဦးသစ် သုံးလေးလုံးရှိတယ်။ မနေ့ညနေထဲက ရဲစခန်းထဲကို တရုတ်တစ်အုပ်တင်လာတဲ့ ၁၀ ဘီးကားတွေ ဝင်လာတာတွေ့ရတယ်” လို့ အဲဒီသတင်းရင်းမြစ်က ပြောပါတယ်။

BGF တပ်နယ်(၄) တပ်နယ်မှူး စောမုတ်သုန်ဟာ ကရင်အမျိုးသားတပ်မတော်(KNA)ပြောင်းတဲ့အထဲမှာ လိုက်ပါပြောင်းမသွားပဲ စစ်ကောင်စီတပ်နဲ့ ဆက်လက်ပူးပေါင်းနေပြီး KNA ထဲ ပြောင်းမသွားတာဟာလည်း အကျိုးစီးပွားအရလို့ မြ၀တီမြို့ခံတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် အခုရက်ပိုင်းအတွင်းမှာ မြ၀တီမြို့ပေါ်မှာရှိတဲ့ BGF၊ DKBA၊ စစ်တပ်နဲ့အပစ်ရပ်ထားတဲ့

KNLA -PC(ကရင်ငြိမ်းချမ်းရေးကောင်စီ)တပ်ဖွဲ့တွေပိုင်ဆိုင်တဲ့ လောင်းကစားရုံတွေကိုလည်း စစ်အုပ်စုအဖွဲ့က ဝင်ရောက်ဖမ်းဆီးတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

” မြဝတီမြို့ပေါ်က ကျားဖြန့်ရုံတွေကို ပြီးခဲ့တဲ့ တစ်လကျော်ကတည်းက အကုန်နီးပါးပိတ်ထားတယ်။တည်းခို ခန်းတွေမှာဆို တရုတ်တွေ ပြည့်နေတာပဲ။အခုဖမ်းတယ်ဆိုတာလည်း မိတဲ့တရုတ်တွေက BGF က ထိုင်းဘက် ပြန်ပို့မယ့်သူတွေလို့ သိရတယ်။စစ်တပ်နဲ့ BGF ပေါင်းရိုက်တဲ့ ဇာတ်ကားပါ” လို့ ကျားဖြန့် လုပ်ငန်းတွေအကြောင်းသိရှိတဲ့ မြဝတီမြို့ခံတစ်ဦးက ပြောပါတယ်။

မြ၀တီမြို့ပေါ်မှာ စစ်အုပ်စုအဖွဲ့ဟာ ကျားဖြန့်တွေကို ဝင်ရောက်စီးနင်းခဲ့ပေမယ့် ကျားဖြန့်လုပ်ငန်းတွေဟာ ပျောက်ပျက်မသွားတဲ့အပြင် မြို့ပတ်ဝန်းကျင်နေရာအနှံ့အပြားမှာ ကျားဖြန့်အဆောက်အဦးသစ်တွေ အများအပြားပေါ်လာနေပြီး အများစုကို BGF တပ်နယ်(၄) တပ်နယ်မှူး စောမုတ်သုန်က ကိုင်တွယ်ထိန်းချုပ်ထားတာဖြစ်ပါတယ်။

“ မြဝတီမြို့ပေါ်ကျားဖြန့်ရုံတွေ ပြီးခဲ့တဲ့ တစ်လကျော်ကတည်းက အကုန်နီးပါးပိတ်ထားတယ်။တည်းခို ခန်းတွေမှာဆို တရုတ်တွေ ပြည့်နေတာပဲ။အခုဖမ်းတယ်ဆိုတာလည်း မိတဲ့တရုတ်တွေက BGF က ထိုင်းဘက် ပြန်ပို့မယ့်သူတွေလို့ သိရတယ်။စစ်တပ်နဲ့ BGF ပေါင်းရိုက်တဲ့ ဇာတ်ကားပါ” ကျားဖြန့် လုပ်ငန်းတွေအကြောင်းသိရှိတဲ့ မြဝတီမြို့ခံတစ်ဦးက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

BGF အသွင်ပြောင်းကရင်အမျိုးသားတပ်(KNA) အဖွဲ့တွေ မြဝတီမြို့ပေါ်ကနေထွက်ခွာဖို့ စစ်ကောင်စီတပ်ကသတ်မှတ်ပေးထားတဲ့ နောက်ဆုံးရက် ကျော်လွန်လာပေမယ့် မြို့ပေါ်မှာ KNA တပ်ဖွဲ့တွေ ရှိနေဆဲဖြစ်တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။

သတင်း

ကျားဖြန့် လုပ်ငန်းတွေကြောင့် နာမည်ဆိုးထွက်နေတဲ့ ရွှေကုက္ကိုမြို့သစ်ကို ထိန်းချုပ်ထားသူ ကရင့်နယ်ခြားစောင့်တပ် (BGF) ခေါင်းဆောင် ဗိုလ်ချုပ်စောချစ်သူ တစ်ယောက် လူမြင်ကွင်းကနေ တစ်လနီးပါးကြာ ပျောက်ကွယ်နေရာကနေ ဒီဇင်ဘာလ ၃ ရက် မနက်ပိုင်းမှာ ပြန်ထွက်လာပါတယ်။

သတင်း

ကရင်နယ်ခြားစောင့်တပ်(BGF) ထိန်းချုပ်ထားတဲ့ မြ၀တီမြို့တောင်ဘက် မယ်ထော်သလေးကျေးရွာက ကျားဖြန့် လုပ်ငန်း နာမည်ထွက်ရာ နေရာတွေကို စစ်တပ်က ထပ်မံ စီးနင်းမယ် ဆိုတဲ့သတင်း ထွက်ပေါ်လာပြီးနောက် အောက်တိုဘာ ၂၂ ရက်ကစပြီး တရုတ်နိုင်ငံသားတွေအပါအဝင်မြန်မာအလုပ်သမားတွေ အလုံးအရင်းနဲ့ ရွှေ့ပြောင်း​ထွက်​ပြေးနေကြပါတယ်။

သတင်း

ကရင်ပြည်နယ် ၊ မြဝတီမြို့တောင်ဘက် ၊ မြဝတီ-ဝေါ်လေ လမ်းပိုင်းက အင်ကြင်းမြိုင်နဲ့ မင်းလက်ပံကျေးရွာကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်ကနေ ပါဝင်ကူညီတိုက်ခိုက်ပေးတဲ့ BGF/KNA က တပ်ဖွဲ့ဝင် သုံး ဦးထက်မနည်း တိုက်ပွဲကျသွားတယ်လို့ BGF/KNA နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။