close
Connect with us

Hi, what are you looking for?

သတင်း

မြန်မာစစ်တပ်ရဲ့ မဟာမိတ်ဟောင်း ကိုးကန့် မိသားစုဝင်တွေအပါအဝင် ၁၁ ဦးကို တရုတ်ကွပ်မျက်

မြန်မာနိုင်ငံမှာ အခြေစိုက်ပြီး အွန်လိုင်းကနေ ငွေကြေးလိမ်လည်ခဲ့တဲ့ ကျားဖြန့် ဂိုဏ်းခေါင်းဆောင်တွေ အပါအဝင် ၁၁ ဦးကို သေဒဏ်စီရင် ကွပ်မျက်လိုက်ပြီလို့ တရုတ် အစိုးရ မီဒီယာက ဖော်ပြခဲ့ပါတယ်။

မြီမိသားစုဝင်အချို့ တရုတ်လက်အပ်ခံရပုံနဲ့ တရုတ်မှာ တရားစီရင်ခံရပုံ

ဇန်နဝါရီ – ၂၉ ၊၂၀၂၆

မြန်မာနိုင်ငံမှာ အခြေစိုက်ပြီး အွန်လိုင်းကနေ ငွေကြေးလိမ်လည်ခဲ့တဲ့ ကျားဖြန့် ဂိုဏ်းခေါင်းဆောင်တွေ အပါအဝင် ၁၁ ဦးကို သေဒဏ်စီရင် ကွပ်မျက်လိုက်ပြီလို့ တရုတ် အစိုးရ မီဒီယာက ဖော်ပြခဲ့ပါတယ်။

ဆင်ဟွာရဲ့ သတင်းမှာတော့ ကျားဖြန့် ခေါင်းဆောင်တွေ အပါအဝင် ရာဇဝတ်သား ၁၁ ဦးကို ဇန်နဝါရီ ၂၉ ရက်နေ့မှာ ကွပ်မျက်ခဲ့တယ်လို့ ရေးသားထားခဲ့ပါတယ်။

သေဒဏ်စီရင် ခံလိုက်ရသူတွေ ဘယ်သူဘယ်ဝါ ဆိုတာကို ဆင်ဟွာက ဖော်ပြမထားခဲ့ဘဲ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလတုန်းက သေဒဏ်အမိန့် ချမှတ် ခံခဲ့ရတဲ့ မြန်မာနိုင်ငံမြောက်ပိုင်း အခြေစိုက် ဒုစရိုက်တရားခံတွေလို့သာ သုံးနှုန်းထားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

စက်တင်ဘာ ၂၉ ရက်နေ့တုန်းက တရုတ်နိုင်ငံ ဝမ်ကျူး အလတ်တန်း ပြည်သူ့ တရားရုံးက မြီမိသားစုဝင်တွေ ဦးဆောင်တဲ့ ဒုစရိုက်ဂိုဏ်းသား ၁၁ ဦးကို သေဒဏ် စီရင်ချက် ချခဲ့တယ်လို့ ထုတ်ပြန်ခဲ့တာကြောင့် အခု ကွပ်မျက်ခံရသူတွေဟာ အဲဒီ ၁၁ ဦးလို့ ယူဆရပါတယ်။

အဲဒီ ၁၁ ဦးမှာ မြန်မာနိုင်ငံ ကိုးကန့်ဒေသမှာ သြဇာကြီးမားတဲ့ မိသားစု လေးစုထဲက မြီမိသားစုတွေလည်း ပါဝင်ပါတယ်။

မြီမိသားစုဟာ မြန်မာနိုင်ငံထဲက ကိုးကန့်ဒေသကို ချုပ်ကိုင်လွှမ်းမိုးထားခဲ့ပြီး လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ အကာအကွယ်အောက်မှာ ကျားဖြန့်နဲ့ ဒုစရိုက်လုပ်ငန်းတွေကိုထူထောင်ခဲ့ကြောင်းတရုတ်တရားရုံးက ကြေညာခဲ့ပါတယ်။

အဲဒီ မိသားစု ဒုစရိုက် စီးပွားရေး လုပ်ငန်းဟာ တခြားမိတ်ဖက် ရင်းနှီးမြှုပ်နှံသူတွေကိုလည်း ဆွဲဆောင်နိုင်ခဲ့ပြီး ယွမ်ငွေ ၁၀ ဘီလီယံ၊ တနည်းအားဖြင့် ဒေါ်လာ ၁.၄ ဘီလီယံဖိုးလောက်ထိ ကျယ်ပြန့် ကြီးထွားခဲ့တယ်လို့လည်း သိရပါတယ်။

တရုတ်အစိုးရက အပူတပြင်း အလိုရှိနေတဲ့ မြီမိသားစုဝင်တွေကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၆ ရက်နေ့မှာ အာဏာသိမ်း မြန်မာစစ်တပ်က တရုတ်ဆီ လက်လွှဲပေးခဲ့တာ ဖြစ်ပါတယ်။

မြီမိသားစုကိုဝင်ဖမ်းချိန်မှာမိသားစုရဲ့ ဦးစီးဖြစ်သူမြီရှောက်ချန်းက ကိုယ့်ကိုယ်ကိုယ်ပစ္စတိုနဲ့ ပစ်ပြီးသတ်သေသွားတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့ပါတယ်။

မြီရှောက်ချန်းဟာ စစ်အစိုးရ က ကျင်းပခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ ကိုးကန့်ဒေသမြို့တော် လောက်ကိုင်မြို့ ရဲ့ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့ပြီး စစ်အစိုးရ ဖွဲ့ပေးတဲ့ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင်လည်းဖြစ်ပါတယ်။

တချိန်က လက်တွဲဖော် မဟာမိတ်တွေဖြစ်ပေမယ့် ကျားဖြန့်အကြောင်းပြကာတရုတ်ကအလိုရှိလာချိန်မှာ မြန်မာစစ်ခေါင်းဆောင်တွေဟာ ကိုးကန့် မိသားစုဝင်တွေကို ဖမ်းဆီးပြီး တရုတ်ဆီလွှဲပေးခဲ့တာပါ။

တရုတ်လက်အပ်ခံရသူတွေဟာ တရုတ်မှာ တရားစွဲဆိုမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

မြီမိသားစုကို တရုတ်ဟာ စီရင်ချက် ချအပြီး လေး လလောက် အကြာမှာပဲ လက်တွေ့ ကွပ်မျက်မှုကို လုပ်ဆောင်ခဲ့တဲ့ သဘောပါ။

ကွပ်မျက်မှုကိုတော့တရားရုံးချုပ်ဆီကခွင့်ပြုချက် ရပြီးတဲ့နောက် တရုတ်နိုင်ငံ အရှေ့ပိုင်း ကျိကျန်းပြည်နယ်ထဲက ဝမ်ကျူးမြို့က တရားရုံး တစ်ခုရဲ့ ကွပ်ကဲမှုနဲ့ ဆောင်ရွက်ခဲ့တယ်လို့ ဆင်ဟွာက ဖော်ပြထားခဲ့ပါတယ်။

ကိုးကား – Xinhua

ဆက်စပ်သတင်းများ

သတင်း

နယ်စပ် အခြေစိုက် အွန်လိုင်း ငွေလိမ် (ကျားဖြန့်)ဂိုဏ်းတွေနဲ့ ဆက်နွှယ်တဲ့ သံသယရှိသူ တရုတ်နိုင်ငံသား ၃၀၀ ကျော်ကို နေရပ်ပြန်ပို့လိုက်ကြောင်း ထိုင်းက ထုတ်ပြန်ပါတယ်။

သတင်း

ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေနဲ့ ဆက်စပ်တဲ့ တရုတ်နိုင်ငံသားတွေ ပျောက်ဆုံးနေမှုဟာ နှစ်နိုင်ငံ ဆက်ဆံရေးကို ထိခိုက်လာစေနိုင်တယ်လို့ တရုတ်က ကမ္ဘောဒီးယားကို သတိပေးလိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်ကဒေသကာကွယ်ရေးတပ်ဖွဲ့ (LPDF)တစ်ခုဖြစ်တဲ့ဗိုလ်လင်းမြွေကာကွယ်ရေးတပ်ဖွဲ့က တပ်ဖွဲ့ဝင်တဦးက စစ်ဘေးရှောင်အသက်မပြည့်သေးတဲ့မိန်းကလေးငယ်ကို အဓမ္မပြုကျင့်ခဲ့တာ ကြောင့် ဒေသခံ တွေက ကျူးလွန်သူကို သေဒဏ် ပေးဖို့အတွက် တောင်းဆို ဆန္ဒပြနေကြပါတယ်။

သတင်း

စစ်ဘက်ဆိုင်ရာလျှို့ဝှက်ချက်တွေ ဖောက်ဖျက်သူကို ထောင်ဒဏ်တစ်သက်နဲ့ သေဒဏ်တွေ ပေးမယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

Facebook