close
Connect with us

Hi, what are you looking for?

သတင်း

ချောင်းဦးမှာ စစ်တပ်က သံဃာတစ်ပါးနဲ့ ပြည်သူ ၃ဦးသတ်ဖြတ်၊ နေအိမ် ၂၀၀ကျော် မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကျီကုန်းကျေးရွာက သံဃာတစ်ပါးနဲ့ ပြည်သူသုံးဦးကို စစ်တပ်က သတ်ဖြတ်ပြီး နေအိမ် ၂၀၀ကျော်ကိုမီးရှို့ဖျက်ဆီးခဲ့တယ်လို့ ချော်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူက ပြောပါတယ်။

စစ်တပ်ထောင်ထားတဲ့ ကျေးရွာအတွင်း တွေ့ရှိတဲ့ နင်းမိုင်းတွေ။ ဓာတ်ပုံ - ချောင်းဦး ပကဖ

ဒီဇင်ဘာ-၂၉၊၂၀၂၅။မိုမို/People’s Spring

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကျီကုန်းကျေးရွာက သံဃာတစ်ပါးနဲ့ ပြည်သူသုံးဦးကို စစ်တပ်က သတ်ဖြတ်ပြီး နေအိမ် ၂၀၀ကျော်ကိုမီးရှို့ဖျက်ဆီးခဲ့တယ်လို့ ချော်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူက ပြောပါတယ်။

ဒါ့အပြင် ကျေူရွာထဲမှာ နင်းမိုင်းတွေအများအပြား ထောင် ထားခဲ့တယ်လို့လည်း ဆိုပါတယ်။

မုံရွာမြို့နယ်​အခြေစိုက် အနောက်မြောက်တိုင်း စစ် ဌာနချုပ်(နမခ)နဲ့ ချောင်းဦးမြို့မှာ တပ်စွဲထားတဲ့ စတပ်တွေ ပေါင်းပြီး ချောင်းဦးမြို့နယ် မြောက်ဘက်ခြမ်းက ကျီကုန်းရွာကို အခု ဒီဇင်ဘာ ၁ရက်ကနေ ၂၆ရက်အထိ တပ်စွဲခဲ့တာလို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ကျီကုန်းရွာ(အရှေ့ရွာ )က နေအိမ် ၁၃၅လုံးနဲ့ ကျီကုန်းရွာသစ်(အနောက်ရွာ)က နေအိမ် ၈၅လုံး မီးရှို့ခဲ့တယ်လို့ အသိပေးပါတယ်။

ဒါ့အပြင် ကျေးရွာအတွင်းက လမ်းတွေ၊ပြည်သူနေအိမ်တွေမှာ နင်းမိုင်းတွေ တွေ့ရှိခဲ့ရပြီး ဒီဇင်ဘာ ၁၅ရက်က ပြည်သူတစ်ဦး နင်းမိုင်းထိ တာနဲ့ ဒီကနေ့(ဒီဇင်ဘာ ၂၉ ရက်) နေ့လယ်မှာ ပြည်သူတစ်ဦး ခြေထောက်ပြတ်ခဲ့ရတယ်လို့ သိရပါတယ်။

“ ဒီကနေ့အထိ နင်းမိုင်း ၁၁ လုံးတွေ့ထားတယ်။အကုန်လုံးမရှင်းနိုင်သေးဘူး” လို့ ချောင်းဦး မြို့နယ် ပကဖ တာဝန်ရှိသူက ပြောပါတယ်။

ဒါ့ကြောင့် ဒေသခံပြည်သူတွေကို ကျေးရွာအတွင်းဝင်ရောက်ဖို့ တားမြစ်ထားပြီး မိုင်းရှင်းလင်းရေးနဲ့ နယ်မြေရှင်းလင်းရေးပြုလုပ်ပြီးမှ ပြန်ဝင်ဖို့ တိုက်တွန်းထားတယ်လို့ သူက ဆိုပါတယ်။

“ ကျီကုန်းက တပ်ကတော့ မုံရွာမြို့နယ်ထဲ ပြန်ဝင်သွားတယ်။အမြင့်မှာတော့ စစ်ကြောင်းကရှိနေတုန်းပဲ” လို့ ချောင်းဦးမြို့နယ်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဒေသတွင်းပြည်သူတွေအနေနဲ့ စစ်ရေးအသိ၊သတိနဲ့ စစ်ကောင်စီတပ် စစ်ကြောင်းကို သတိထားကြဖို့လည်း ချောင်းဦးမြို့နယ် ပကဖ က ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေတဲ့ မန္တလေးတိုင်း မြင်းခြံ နဲ့ နွားထိုးကြီးနယ်ထဲမှာ ရက်သတ္တပတ် တစ်ပတ်တာအတွင်းကျေးရွာ ငါးရွာက အိမ်ခြေ ၁,၈၀၀ နီးပါး မီးရှို့ခံရတယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။

သတင်း

ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်ထဲက ရွာတရွာကို မီးရှို့ပြီးပြန်လာတဲ့ စစ်ကောင်စီတပ်ရဲ့ ဆိုင်ကယ်ယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ပြည်ခရိုင် တပ်ရင်း ၃၆၀၁ မှ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်က သင်းကျွန်းရွာနဲ့ ရန်တောင်ကျေးရွာတွေကို စစ်ကောင်စီတပ်စစ်ကြောင်းက ဝင်ရောက်ပြီး နေအိမ်တွေ မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ပွင့်ဖြူမြို့နယ်တွင် စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်က မဒဲ၊ကန်နီ ၊အင်းကုန်းနှင့် မကျည်းစုကျေးရွာမှ ဒေသခံပြည်သူ ၉ဦးကို သတ်ဖြတ်ခဲ့ကြောင်း အဆိုပါမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူက ပြောသည်။