close
Connect with us

Hi, what are you looking for?

သတင်း

ဧရာဝတီတိုင်းမှာ မဲလာပေးသူအလွန်နည်း​နေပြီး မဲရုံစောင့်ရဲနဲ့စစ်သားအချို့ မဲရုံရှေ့ အိပ်ငိုက်

ဧရာဝတီတိုင်းထဲကပုသိမ်၊ဟင်္သာတအပါအဝင် ရွေးကောက်ပွဲပြုလုပ်တဲ့မြို့တွေမှာ မဲပေးသူအလွန်နည်းနေပြီး မဲရုံလုံခြုံရေးစောင့်တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ မဲရုံရှေ့မှာ အိပ်ငိုက်နေတာတွေ့ခဲ့ရပါတယ်။

စစ်တပ်​ရွေး​ကောက်ပွဲ​​နေ့ ရန်ကုန်မဲရုံအချို့မြင်ကွင်း /စစ်တပ်ကအပိုင်းလိုက်ရွေး​ကောက်ပွဲလုပ်မယ့်​ဒေသ နဲ့ ​ရွေး​ကောက်ပွဲမလုပ်မဲ့​ဒေသအ​ခြေအ​နေပြအင်ဖိုဂရပ်။

ဒီဇင်ဘာ-၂၀၂၅။မိထက်/People’s Spring

ဧရာဝတီတိုင်းထဲကပုသိမ်၊ဟင်္သာတအပါအဝင် ရွေးကောက်ပွဲပြုလုပ်တဲ့မြို့တွေမှာ မဲပေးသူအလွန်နည်းနေပြီး မဲရုံလုံခြုံရေးစောင့်တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ မဲရုံရှေ့မှာ အိပ်ငိုက်နေတာတွေ့ခဲ့ရပါတယ်။

ဒီကနေ့ မှာ စစ်တပ်က ရွေးကောက်ပွဲအပိုင်း(၁)အဖြစ်မြို့နယ်​ပေါင်း ၁၀၂ မြို့နယ်မှာ လုပ်နေတာဖြစ်ပါတယ်။ မဲရုံတွေရှေ့မှာ ပျူစောထီးတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ လုံခြုံရေးစောင့်နေတာတွေ့ရပါတယ်။

မနက်၁၀နာရီခန့်အထိ မဲလာပေးသူ အနည်းငယ်သာရှိပြီး မြို့ခံတွေဟာ မဲပေးဖို့ စိတ်မဝင်စားကြဘူးလို့ ပုသိမ်မြို့ခံတချို့ကပြောပါတယ်။

Public Service Announcement

Public Service Announcement

“ မဲပေးဖို့လည်း စိတ်မဝင်စားကြဘူး။ မဲရုံတွေလည်း မသွားရဲကြဘူး။ဖမ်းပြီးငွေညှစ်မှာကြောက်သလို လုံခြုံရေးလည်း စိတ်မချကြဘူး” လို့ ပုသိမ်မြို့ခံတစ်ဦးကပြောပါတယ်။

ပုသိမ်မြို့၊ ကမ်းနားလမ်းက မဲရုံတစ်ခုရှေ့မှာ စားပွဲကို ပေါ် မှောက်ပြီးအိပ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးကိုတွေ့ခဲ့ရပါတယ်။

ဟင်္သာတမြို့က မဲရုံတချို့ရှေ့မှာလည်းပလပ်စတစ်ထိုင်ခုံပေါ် ထိုင်ပြီး အိပ်ငိုက်နေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးနဲ့ ပျုစောထီးတချို့ကိုတွေ့ရတယ်လို့ မြို့ခံတွေကပြောပါတယ်။

“ လက်ဖက်ရည်ဆိုင်တွေမှာလည်း ညက ဘောလုံးပွဲအကြောင်းပဲပြောကြတယ်။ရွေးကောက်ပွဲအကြောင်းမပြောကြဘူး။ စိတ်လည်းမဝင်စားကြဘူး” လို့ဟင်္သာတမြို့၊မြဝတီရပ်ကွက်က လက်ဖက်ရည်ဆိုင်ပိုင်ရှင်တစ်ဦးကပြောပါတယ်။

ပြီးခဲ့တဲ့၂၀၂၀ခုနှစ်ရွေးကောက်ပွဲမှာတော့ ဧရာဝတီတိုင်းကဒေသခံတွေဟာ စိတ်ဝင်တစားမဲပေးခဲ့ကြပြီး အခု ရွေးကောက်ပွဲကိုတော့ စိတ်ဝင်စားမှုမရှိတာတွေ့ရပါတယ်။ ဧရာဝတီတိုင်းထဲမှာ ခရိုင်ရှစ်ခုနဲ့ ၂၆မြို့နယ်ပါဝင်ပါတယ်။ စစ်တပ်​ရွေး​ကောက်ပွဲအပိုင်း ၁ မှာ​တော့ ပုသိမ်၊ဟင်္သာတ၊မအူပင်၊လပွတ္တာအပါအဝင်မြို့နယ် ၈ မြို့နယ်ပါဝင်ပါတယ်။

ဒါ​ပေမယ့်ရခိုင်ပြည်နယ်နဲ့နယ်စပ်ဖြစ်တဲ့သာပေါင်း၊ ရေကြည်နဲ့လေးမျက်နှာမြို့နယ်တွေထဲမှာ တိုက်ပွဲတွေဖြစ်နေပြီး ရေကြည်နဲ့လေးမျက်နှာမြို့နယ်တွေထဲက ကျေးရွာအုပ်စု​ပေါင်း၂၄ ခုမှာ ရွေးကောက်ပွဲမပြုလုပ်နိုင်ဘူးလို့ စစ်ကောင်စီကကြေညာထားပါတယ်။

“ ခြိမ်းခြောက်ပြီးလုပ်နေတဲ့ရွေးကောက်ပွဲ။ဘယ်သူမှစိတ်မဝင်စားဘူး။ ရွေးကောက်ပွဲအကြောင်းထက်ညက ဘောလုံးပွဲမှာ ချဲလ်ဆီးကဗီလာကိုရှုံးတဲ့အကြောင်းပဲ ပြောကြတာ” လို့ မအူပင်မြို့ခံတစ်ဦးကပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဒီကနေ့လုပ်​နေတဲ့ စစ်တပ်ရွေးကောက်ပွဲမှာ ရန်ကုန်မြို့မှာ မဲပေးသူအလွန်နည်းပါးလျက်ရှိပါတယ်။

သတင်း

စ်ဆုံစီမံကိန်း အလိုမရှိကြောင်းနဲ့ စစ်ကောင်စီ ရွေးကောက်ပွဲ အလိုမရှိကြောင်း ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ သေခံတွေ ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ သတင်းကို ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဒီကနေ့ ဒီဇင်ဘာ ၂၈ရက်မနက်မှာ မြန်မာဘာသာနဲ့ ဖော်ပြပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီ ကျင်းပတဲ့ ရွေးကောက်ပွဲဟာ စစ်အာဏာရှင်စနစ်ဆိုးကို မိတ်ကပ်လိမ်းပြရုံသာဖြစ်လို့ ပြည်သူလူထု က လက်ခံမှာ မဟုတ်ကြောင်း ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC) ဥက္ကဋ္ဌ ဖြစ်ပြီး တရားမဝင်အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ရေး ပူးပေါင်းလုပ်ငန်းကော်မတီ (NUCC-NUG) တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ခွန်မြင့်ထွန်းက ပြောပါတယ်။

သတင်း

စစ်တပ်ရွေးကောက်ပွဲမတိုင်ခင်နာရီပိုင်း အလိုမှာ မန္တလေးမြို့ နန်းတွင်းအခြေစိုက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)ကို ရှော့တိုက်ဒုံးတွေ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပါတယ်။