close
Connect with us

Hi, what are you looking for?

သတင်း

မန္တလေးနန်းတွင်းအ​ခြေစိုက်လပခစစ်ဌာနချုပ် ရှော့တိုက်ဒုံးနဲ့အပစ်ခံရ

စစ်တပ်ရွေးကောက်ပွဲမတိုင်ခင်နာရီပိုင်း အလိုမှာ မန္တလေးမြို့ နန်းတွင်းအခြေစိုက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)ကို ရှော့တိုက်ဒုံးတွေ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပါတယ်။

လပခစစ်ဌာနချုပ်ရှိရာ မန္တ​လေးနန်းတွင်းကျုံးမြို့ရိုး စစ်ကိုင်းငလျင်​ကြောင့်ပျက်စီးခဲ့ပြီး​နောက်စစ်တပ်က ဧပြီလဆန်းမှာအမြန်ပြန်လည်ပြင်ဆင်ခဲ့စဥ်။ဓါတ်ပုံ-CJ

ဒီဇင်ဘာ-၂၈၊၂၀၂၅။ရှိန်း၊ဆိုင်းမင်း/People’s Spring

စစ်တပ်ရွေးကောက်ပွဲမတိုင်ခင်နာရီပိုင်း အလိုမှာ မန္တလေးမြို့ နန်းတွင်းအခြေစိုက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)ကို ရှော့တိုက်ဒုံးတွေ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပါတယ်။

ဒီမနက် အစောပိုင်း ၁ နာရီခွဲခန့်မှာ ရှော့တိုက်ဒုံး တွေနဲ့ ပစ်ခတ်တာဖြစ်ပြီး နန်းတွင်းအနီး အောင်မြေသာစံမြို့နယ် ၊မြောက်ပြင်ရပ်ထဲ ရှော့တိုက်ဒုံးကျတာကြောင့် အရပ်သား ၂ ဦးထိခိုက်ဒဏ်ရာရရှိတယ်လို့ ​ဒေသခံအချို့နဲ့ စစ်တပ်ခန့် မန္တ​လေးတိုင်းဝန်ကြီးချုပ်က​ပြောပါတယ်။

” လူမနေတဲ့အိမ်ပေါ်ကျတာ ဘေးအိမ်က လင်မယား ထိသွားတာ” လို့ မန္တလေးမြို့ခံတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

အသက် ၃၂ နှစ်အရွယ်မောင်ဖြိုးကိုကိုနဲ့ ဇနီးဖြစ်သူ အသက် ၃၈ နှစ်အရွယ်မထားထားဦး တို့ ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။အမျိုးသားဖြစ်သူက လက်မှာ ရှပ်ထိဒဏ်ရာရခဲ့ပြီး အမျိုးသမီးဖြစ်သူကတော့ခြေကျင်းဝတ်ပြတ်ခဲ့ပြီးဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။

စစ်တပ်ခန့်ထားတဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဦးမျိုးအောင်ကလည်းစစ်တပ်လက်​အောက်ခံမီဒီယာ​​တွေကို” စစ်ကိုင်းဘက်ကလုပ်တာပေါ့ နော်။ရှော့တိုက်ဒုံး လေးလုံးမှာ သုံးလုံးက ကျုံးထဲကျတော့ အထိခိုက်မရှိဘူး။တလုံးက တော့အထဲမှာ ကျတဲ့အတွက် နှစ်ယောက်ထိတယ်” လို့ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဆိုပါတယ်။

ဒေသခံ​တွေက​​တော့ နန်းတွင်းထဲ လက်နက်ကြီးကျပြီး​ပေါက်ကွဲသံ​တွေကြားရတယ်လို့​ပြောပါတယ်။စစ်တပ်က ​တော်လှန်​ရေးတပ်​တွေက တိုက်ခိုက်လို့ ထိခိုက်ရင်လည်းအမြဲသတင်းအ​မှောင်ချထား​လေ့ရှိပါတယ်။

လပခကိုရှော့တိုက်ဒုံးတွေနဲ့တိုက်ခိုက်ခံရပြီး၄၅မိနစ်ခန့်အကြာမှာ နန်းတွင်းနဲ့ မတ္တရာမြို့တွင်းတပ် တွေက နေ စစ်ကိုင်းတိုင်း၊မင်းဝံတောင်ရိုးဘက်ကို လက်နက်ကြီးတွေ ဟောင်ဝစ်ဆာ တွေနဲ့ပစ်ခတ်တာ တွေပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။

မန္တ​လေးနန်းတွင်းမှာရှိတဲ့ လပခ ကို​တော်လှန်​ရေးတပ်​တွေက ​ရှော့တိုက်ဒုံး​တွေနဲ့ မကြာခဏပစ်ခတ်တိုက်ခိုက်​လေ့ရှိပါတယ် ။

ဒီနေ့ကျင်းပတဲ့စစ်တပ်ရွေးကောက်ပွဲအပိုင်း(၁)မှာမန္တလေးတိုင်းက ရှစ်မြို့နယ် ပါဝင်ပြီး ကျောက်ဆည် ၊ညောင်ဦး ၊ပြင်ဦးလွင် ၊ ချမ်းအေးသာစံ ၊ မိတ္ထီလာ ၊ပျော်ဘွယ် ၊ရမည်းသင်းနဲ့ အောင်မြေသာစံမြို့နယ်တို့ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဒီကနေ့လုပ်​နေတဲ့ စစ်တပ်ရွေးကောက်ပွဲမှာ ရန်ကုန်မြို့မှာ မဲပေးသူအလွန်နည်းပါးလျက်ရှိပါတယ်။

သတင်း

စ်ဆုံစီမံကိန်း အလိုမရှိကြောင်းနဲ့ စစ်ကောင်စီ ရွေးကောက်ပွဲ အလိုမရှိကြောင်း ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ သေခံတွေ ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ သတင်းကို ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဒီကနေ့ ဒီဇင်ဘာ ၂၈ရက်မနက်မှာ မြန်မာဘာသာနဲ့ ဖော်ပြပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီ ကျင်းပတဲ့ ရွေးကောက်ပွဲဟာ စစ်အာဏာရှင်စနစ်ဆိုးကို မိတ်ကပ်လိမ်းပြရုံသာဖြစ်လို့ ပြည်သူလူထု က လက်ခံမှာ မဟုတ်ကြောင်း ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC) ဥက္ကဋ္ဌ ဖြစ်ပြီး တရားမဝင်အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ရေး ပူးပေါင်းလုပ်ငန်းကော်မတီ (NUCC-NUG) တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ခွန်မြင့်ထွန်းက ပြောပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တို့ စုဖွဲ့ထားတဲ့ တရားမဝင်အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ရေး ပူးပေါင်းလုပ်ငန်းကော်မတီက စစ်ကောင်စီ ဒီကနေ့ စတင်ကျင်းပနေတဲ့ ရွေးကောက်ပွဲနဲ့ ပတ်သတ်တဲ့ သဘောထား ရပ်တည်ချက်ကို ထုတ်ပြန်ခဲ့ရာ ရွေးကောက်ပွဲအလွန်မှာလည်း စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ထပ်လောင်းအသိပေး ကြေညာခဲ့ပါတယ်။