close
Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံနဲ့ နွားထိုးကြီးမှာ တစ်ပတ်အတွင်း ရွာငါးရွာ မီးရှို့ခံရ

စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေတဲ့ မန္တလေးတိုင်း မြင်းခြံ နဲ့ နွားထိုးကြီးနယ်ထဲမှာ ရက်သတ္တပတ် တစ်ပတ်တာအတွင်းကျေးရွာ ငါးရွာက အိမ်ခြေ ၁,၈၀၀ နီးပါး မီးရှို့ခံရတယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။

တလုပ်ရွာမီးရှို့ခံထားရတာကို ပြီးခဲ့တဲ့ ဧပြီလ ၁၇ ရက်မှာ Google Earth က မှတ်တမ်းတင်ထားတာကိုတွေ့ရပုံ

ဒီဇင်ဘာ – ၂၆ ၊၂၀၂၅ ၊ ဆိုင်းမင်း/People’s Spring

စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေတဲ့ မန္တလေးတိုင်း မြင်းခြံ နဲ့ နွားထိုးကြီးနယ်ထဲမှာ ရက်သတ္တပတ် တစ်ပတ်တာအတွင်းကျေးရွာ ငါးရွာက အိမ်ခြေ ၁,၈၀၀ နီးပါး မီးရှို့ခံရတယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။

တလုပ်ရွာမီးရှို့ခံထားရတာကို ပြီးခဲ့တဲ့ ဧပြီလ ၁၇ ရက်မှာ Google Earth က မှတ်တမ်းတင်ထားတာကိုတွေ့ရပုံ

မီးရှို့ခံရတဲ့ ရွာတွေကတော့ မြင်းခြံမြို့နယ်ထဲက တလုပ်ရွာ ၊အိုင့်မရွာ ၊ နွားထိုးကြီးမြို့နယ်ထဲ ခံစပ်ကုန်းအရှေ့ရွာ ၊ ခံစပ်ကုန်းအနောက်ရွာ ၊မင်းရွာတို့ဖြစ်ပြီးဒီဇင်ဘာလ ၁၈ ရက်ကနေ ဒီဇင်ဘာလ ၂၄ အထိ စစ်ကြောင်းထိုး မီးရှို့ခံရတာပါ။

တလုပ်ရွာမှာ အိမ်ခြေ ၁,၀၀၀ ၊ အိုင့်မရွာမှာ အိမ်ခြေ ၃၀၀ ၊ ခံစပ်ကုန်းအရှေ့ရွာနဲ့ ခံစပ်ကုန်းအနောက်ရွာမှာကတော့ အိမ်ခြေ ၄၀၀ခန့်နဲ့ မင်းရွာက အိမ်ခြေ ၈၀ကျော် မီးရှို့ခံရတာလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

“တလုပ်ကတော့ ငါးခါလောက်ရှိပြီ ရှို့ခံရတာ အကုန်ပြောင်သလောက်ဖြစ်သွားတာပေါ့”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

မြင်းခြံမြို့နယ်ထဲကကျေးရွာတွေကို ပြီးခဲ့တဲ့စက်တင်ဘာလကတည်းက စတင် စစ်ကြောင်းထိုးလာတဲ့အတွက် ဒေသခံပြည်သူ တစ်သောင်းနီးပါးက လွတ်ရာကို တိမ်းရှောင်နေရဆဲပါ။

ဆုံရွာ၊ရွာကြီး၊ကံနှောင်း၊ ကျောက်ပြုတ်စတဲ့ ရွာတွေဘက်မှာတော်လှန်ရေးတပ်တွေနဲ့ စစ်ကြောင်းထိုးတဲ့ စစ်ကောင်စီတပ်တို့ကြား ဒီဇင်ဘာလ ၂၁ ရက်ကစတင်တိုက်ပွဲဖြစ်ခဲ့ပေမယ့်လတ်တလောမှာတော့ တိုက်ပွဲတွေငြိမ်သက်နေတယ်လို့သိရပါတယ်။

ဧရာဝတီမြစ် အရှေ့ဘက်ကမ်းမှာတည်ရှိပြီး ဖိုခနောင့်သဖွယ် ဖွဲ့စည်းထားတဲ့ မန္တလေးတိုင်းထဲက နွားထိုးကြီး ၊မြင်းခြံနဲ့ တောင်သာမြို့နယ်တွေဟာအာဏာသိမ်းစစ်ကောင်စီတပ်ကိုလက်နက်စွဲကိုင်တော်လှန်မှုအားကောင်းရာဒေသဖြစ်ပါတယ်။

ဓာတ်ပုံ – Google Earth

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း ၊မြင်းခြံခရိုင်အတွင်း စစ်ကောင်စီတပ်က ထိုးစစ်ဆင်နေတာကြောင့် အများပြည်သူ ထိခိုက်မှု မရှိစေဖို့အတွက် မြင်းခြံ - နွားထိုးကြီး လမ်းပိုင်းကိုသွားလာတာမပြုလုပ်ဖို့ NUG အစိုးရ လက်အောက်ခံ မြင်းခြံခရိုင် အမှတ်(၄) တပ်ရင်း က ဒီဇင်ဘာလ ၂၃ ရက်မှာထုတ်ပြန်အသိပေးပါတယ်။

သတင်း

မန္တလေးတိုင်း ၊ မြင်းခြံမြို့နယ် ထဲက ကျောက်တန်းရွာထဲကို စစ်ကောင်စီတပ်စစ်ကြောင်း ဝင်ရောက်လာပြီး ဓားစာခံအဖြစ်ဖမ်းခံရသူတွေ ပြန်လွတ်လာတယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊နွားထိုးကြီးမြို့ရဲ့ အနောက်ဘက်ခြမ်းရှိ ကျေးရွာတွေကို စစ်ကောင်စီတပ် က စစ်ကြောင်းထိုးနေပြီး နေအိမ်တွေကို မီးတင်ရှို့နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊နွားထိုးကြီးမြို့ရဲ့ မြောက်ဘက်ခြမ်းရှိ ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့အတွက်ဒေသခံပြည်သူတစ်သောင်းနီးပါးဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။