close
Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ရွေးကောက်ပွဲ အလွန်မှာလည်း တော်လှန်ရေးဆက်ဆင်နွှဲမယ်လို့ NUCCနဲ့ NUG ကြေညာ

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တို့ စုဖွဲ့ထားတဲ့ တရားမဝင်အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ရေး ပူးပေါင်းလုပ်ငန်းကော်မတီက စစ်ကောင်စီ ဒီကနေ့ စတင်ကျင်းပနေတဲ့ ရွေးကောက်ပွဲနဲ့ ပတ်သတ်တဲ့ သဘောထား ရပ်တည်ချက်ကို ထုတ်ပြန်ခဲ့ရာ ရွေးကောက်ပွဲအလွန်မှာလည်း စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ထပ်လောင်းအသိပေး ကြေညာခဲ့ပါတယ်။

ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်၊အထူးစစ်ဆင်​ရေးတပ်ဖွဲ့(SOF) မှ တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ-SOF

■နိုင်ငံတကာကလည်း စစ်တပ်ရွေးကောက်ပွဲနဲ့ ရလဒ်တွေကို အသိအမှတ်မပြုဖို့ တိုက်တွန်း

ဒီဇင်ဘာ-၂၈၊၂၀၂၅။ထားမြတ်/People’s Spring

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တို့ စုဖွဲ့ထားတဲ့ တရားမဝင်အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ရေး ပူးပေါင်းလုပ်ငန်းကော်မတီက စစ်ကောင်စီ ဒီကနေ့ စတင်ကျင်းပနေတဲ့ ရွေးကောက်ပွဲနဲ့ ပတ်သတ်တဲ့ သဘောထား ရပ်တည်ချက်ကို ထုတ်ပြန်ခဲ့ရာ ရွေးကောက်ပွဲအလွန်မှာလည်း စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ထပ်လောင်းအသိပေး ကြေညာခဲ့ပါတယ်။

ပြည်တွင်း၊ ပြည်ပအင်အားစုများ၊ ပြည်သူလူထုများ အသိအမှတ်ပြုပါဝင်ခဲ့သော ၂၀၂၀ ရွေးကောက်ပွဲရလဒ်သည်သာ တရားဝင်ရွေးကောက်ပွဲရလဒ်ဖြစ်ပြီးမတရားအာဏာသိမ်းထားတဲ့ တရားမဝင် စစ်အုပ်စုဟာ ရွေးကောက်ပွဲကျင်းပပိုင်ခွင့်မရှိကြောင်း ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ၂၀၀၈ ဖွဲ့စည်းပုံအောက်မှာ ကျင်းပတဲ့တရားမဝင် အတုအယောင်ရွေးကောက်ပွဲဟာ မြန်မာ့နိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်မယ့် ထွက်ပေါက်မဟုတ်သလို တိုင်းရင်းသားပြည်သူလူထုမျှော်မှန်းထားတဲ့ ဖက်ဒရယ် ဒီမိုကရေစီ ရည်မှန်းချက်ပန်းတိုင်ကို လုံးဝရရှိနိုင်မည်မဟုတ်ကြောင်း ဖော်ပြပြီး တော်လှန်ရေးရဲ့ ပင်မနိုင်ငံရေးလမ်းကြောင်းဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပဋိဉာဉ် အပိုင်း (၁) နဲ့ (၂) ၊ နိုင်ငံရေးလမ်းပြမြေပုံအတိုင်း တော်လှန်ရေးကို ဆက်လက် ဆင်နွှဲသွားမယ်လို့ ထုတ်ပြန်ပါတယ်။

တရားမဝင်အတုအယောင်ရွေးကောက်ပွဲ အလွန်ကာလတွင်လည်း တော်လှန်ရေး အင်အားစုများ အနေနဲ့ စစ်အာဏာသိမ်းမှုကိုဖယ်ရှားပြီး မြန်မာစစ်တပ်၏ နိုင်ငံရေးတွင်ပါဝင်နေခြင်း အား အဆုံးသတ်ဖို့ အပါအဝင် ရည်မှန်းချပ် ၆ရပ်ရတဲ့အထိ ဆက်တိုက်ပွဲဝင်မယ်လို့ ကြေညာပါတယ်။

စစ်တပ် နိုင်ငံရေးမှာ ပါဝင်နေတာ အဆုံးသတ်ဖို့။ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးတိုင်ဖျက်သိမ်းဖို့နဲ့ အဲါကို အသက်သွင်းဖို့ ကြိုးပမ်းမှုမှန်သမျှ တိုက်ဖျက်ဖို့၊ သက်ဆိုင်သူများအားလုံး လက်ခံနိုင်တဲ့ ဖက်ဒရယ်နဲ့ ဒီမိုကရေစီစနစ်ကို အခြေခံတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြဋ္ဌာန်းဖို့၊ လက်နက်ကိုင်တပ်ဖွဲ့များအားလုံး ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရရဲ့ စီမံအုပ်ချုပ်မှုအောက်မှာ အပြည့်အဝထားရှိဖို့၊ ထွက်ပေါ်လာသော ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေ နဲ့ အညီ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုအသစ်အား တည်ဆောက်ဖို့၊ မတရား ကျူးလွန်ခံရသူတွေအတွက် တရားမျှတမှု ရရှိရေးနဲ့ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုရရှိရေး လုပ်ငန်းစဉ်ကို ဖော်ဆောင်ဖို့ စတဲ့ ရည်မှန်းချက် ၆ရက်ကို ဖော်ပြထားပါတယ်။

စစ်တပ်ရဲ့ ယနေ့ စတင်တဲ့ ရွေးကောက်ပွဲကို ပြည်သူတွေ ပူးပေါင်းဆောင်ရွက်တာမပြုဖို့ ဝိုင်းဆန့်ကျင်ဖို့ NUCCနဲ့ NUGက ထပ်မံ မေတ္တာရပ်ခံခဲ့ပါတယ်။

နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့လည်း စစ်ကော်မရှင်ရဲ့ အတုအယောင်ရွေးကောက်ပွဲအား အသိအမှတ်မပြုတဲ့ သဘောထားအား အတုအယောင်ရွေးကောက်ပွဲ အလွန်ကာလအထိ ခိုင်ခိုင်မြဲမြဲဆက်လက်ရပ်တည်ပေးကြဖို့ နဲ့ အတုအယောင်ရွေးကောက်ပွဲက ပေါ်ထွက်လာမယ့် ရလဒ်တွေကိုလည်း အသိအမှတ်မပြုကြဖို့ တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဒီကနေ့လုပ်​နေတဲ့ စစ်တပ်ရွေးကောက်ပွဲမှာ ရန်ကုန်မြို့မှာ မဲပေးသူအလွန်နည်းပါးလျက်ရှိပါတယ်။

သတင်း

စ်ဆုံစီမံကိန်း အလိုမရှိကြောင်းနဲ့ စစ်ကောင်စီ ရွေးကောက်ပွဲ အလိုမရှိကြောင်း ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ သေခံတွေ ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ သတင်းကို ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဒီကနေ့ ဒီဇင်ဘာ ၂၈ရက်မနက်မှာ မြန်မာဘာသာနဲ့ ဖော်ပြပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီ ကျင်းပတဲ့ ရွေးကောက်ပွဲဟာ စစ်အာဏာရှင်စနစ်ဆိုးကို မိတ်ကပ်လိမ်းပြရုံသာဖြစ်လို့ ပြည်သူလူထု က လက်ခံမှာ မဟုတ်ကြောင်း ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC) ဥက္ကဋ္ဌ ဖြစ်ပြီး တရားမဝင်အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ရေး ပူးပေါင်းလုပ်ငန်းကော်မတီ (NUCC-NUG) တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ခွန်မြင့်ထွန်းက ပြောပါတယ်။

သတင်း

စစ်တပ်ရွေးကောက်ပွဲမတိုင်ခင်နာရီပိုင်း အလိုမှာ မန္တလေးမြို့ နန်းတွင်းအခြေစိုက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)ကို ရှော့တိုက်ဒုံးတွေ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပါတယ်။