close
Connect with us

Hi, what are you looking for?

သတင်း

မတ္တရာအ‌ရှေ့ခြမ်းမှာတိုက်ပွဲ တွေဆက်လက်ပြင်းထန်

​တော်လှန်​ရေးတပ်​​တွေဘက်က ရွာသုံးရွာခန့်ဆုတ်​ပေးခဲ့ရဟု​​ဒေသခံအချို့​ပြော

မန္တ​လေး PDF မှတပ်ဖွဲ့ဝင်များကို စစ်သင်တန်းဆင်းပွဲတစ်ခုမှ​တွေ့ရစဥ် ။ ဓါတ်ပုံ-MDY-PDF

အောက်တိုဘာ၂၃၊၂၀၂၅။ရှိန်း/People’s Spring

မတ္တရာမြို့နယ်၊အရှေ့ခြမ်းမှာ မနေ့ကတိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်တပ်က အသေခံတိုးလာတာမို့​တော်လှန်​ရေးတပ်​တွေကကျေးရွာ၃ရွာလောက် ​နောက်ဆုတ်ပေးလိုက်ရတယ်လို့ ဒေသခံ အချို့က​ပြောပါတယ်။

အောက်တိုဘာ၂၂ရက် နေ့၊မနက်၉နာရီလောက်ကစပြီး ငါးလုံးပြွန်ရွာရဲ့ မြောက်ဘက်မှာတိုက်ပွဲဖြစ်ခဲ့တာလို့ သိရပါတယ်။ ကွင်းပြင်​တွေ လယ်ကွင်း တွေအထိ စစ်တပ်က အင်အားအလုံးအရင်းနဲ့တိုးလာပြီး တော်လှန်ရေးတပ်တွေ ဘက်က လက်

နက်ကြီး၊စက်လက်တွေ၊လက်နက်ငယ် တွေနဲ့ခုခံခဲ့ပေမယ့်အသေခံတိုးလာတာမို့ နယ်မြေအချို့ ပြန်ပေးခဲ့ရတာလို့ ​စုံစမ်းသိရပါတယ်။

Public Service Announcement

Public Service Announcement

“ အတုန်းရုန်းလဲ ကျနေတာကြီးကို မြင်နေရတယ်ဗျာ။အဲဒီအပေါ်ကနေကိုသူတို့(စကစ)ကဆက်တက်လာတာ။ကျွန်တော်အထင်မူးယစ် ဆေးတွေကျွေးပြီး တိုက်ခိုင်းနေတယ်။မျက်မြင်ကို တစ်ရာ လောက်ရှိတယ်လဲကျသွားတာ” လို့ ရှေ့တန်းနယ်

မြေကိုရောက်နေသူတဦးကပြောပါတယ်။

စစ်ကောင်စီဘက်က လည်း အသေခံ ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာမို့ ​တော်လှန်​ရေးရဲဘော်‌

အချို့လည်း ထိခိုက်ကျဆုံးမှု တချို့ရှိခဲ့တယ်လို့ သိရပါတယ်။

​အောက်တိုဘာ ၂၂ ရက် တိုက်ပွဲဟာ မနက် ၉နာရီကစကာ ပြင်းထန်ခဲ့ပြီး ညနေ၃နာရီမှာ မိုးသည်း

ထန်​လာချိန်မှာစစ်တပ်ကရွာတွေကိုဝင်စီးခဲ့တာလို့ သိရပြီး ညနေ၅နာရီမှာ လက်နက်ငယ်ပစ်ခတ်မှု မရှိတော့ဘဲ ​တော်လှန်​ရေးတပ်​တွေဘက်က နယ်

မြေ တချို့ဆုတ်ပေးခဲ့ရတာလို့သိရပါတယ်။

“ ရဲဘော်တွေလည်း ၃ရက်လောက် တောင့်ခံခဲ့တယ်” လို့ဒေသခံတဦးကပြောပါတယ်။

​အောက်တိုဘာ ၂၂ ရက်တိုက်ပွဲမှာစစ်တပ်ဘက်က သပြေလှ၊ကျွဲကျရွာ၊ ဆိပ်သာရွာ အရှေ့ခြမ်းတို့ကိုပြန်ထိန်းချုပ်နိုင်ခဲ့တာလို့ စုံစမ်းသိရပါတယ်။ ည

နေပိုင်းမှာလည်း စစ်တပ်က ကား၅စီးနဲ့ အင်အားထပ်တိုးထားပြီး ဆိပ်သာရွာရဲ့ တောင်ဘက်က တောင်ပေါ်ကိုအထိုင်ချထားတယ်လို့သိရပါတယ်။

မတ္တရာမြို့နယ်က တိုက်ပွဲ​တွေနဲ့ပတ်သက်ပြီး မန္တ​လေးPDF ကိုဆက်သွယ်​မေးမြန်းနိုင်ဖို့ ကြိုးစား​ပေမယ့်ဆက်သွယ်လို့မရ​သေးပါဘူး။

ပြည်သူကာကွယ်​ရေးတပ်မ​တော်-မန္တ​လေး

(MDY-PDF) နဲ့ မဟာမိတ်တပ်​တွေက ၁၀၂၇ စစ်ဆင်​ရေး ဒုတိယလှိုင်း(ရှမ်းမန်းစစ်ဆင်​ရေး) မှာ စဥ့်ကူးမြို့အပါအဝင် တစ်မြို့နယ်လုံးကိုသိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သလို ၊မတ္တရာမြို့နယ်အ​ရှေ့ဘက်ခြမ်းက စစ်တပ်နဲ့ ရဲစခန်း ​ပေါင်း ၄၀ ခန့်ကို သိမ်း

ပိုက်ပြီး မတ္တရာမြို့နယ် အ​ရှေ့ခြမ်းကို ထိန်းချုပ်နိုင်ခဲ့ပါတယ် ။စစ်တပ်က စစ်သားသစ်နဲ့ ပျူ​စောထီးအင်အားအများအပြားတိုးခဲ့သလို၊ တရုတ်အစိုးရဆီက လက်နက်ခဲယမ်း ၊ နည်းပညာအကူ

အညီ​တွေရခဲ့ပြီး ၊ရှမ်း​မြောက်က ​တော်လှန်​ရေးတပ်​တွေကိုထိုးစစ်မလုပ်ဖို့ တရုတ်ကဖိအား​ပေးပြီးချိန်မှာ စစ်တပ်က အခုနှစ်ဆန်းကစပြီး တန်ပြန်

ထိုးစစ်ဆင်လာတာဖြစ်ပါတယ်။ စစ်တပ်က​ လေ​ကြောင်းက ဒရုန်း​နဲ့ တိုက်​လေယာဥ်တွေအသုံးပြုဗုံးကြဲသလို လက်နက်ကြီးပစ်ကူနဲ့ ​မြေပြင်အင်

အားအများအပြားအသုံးပြုတန်ပြန်ထိုးစစ် ဆင်လာချိန်မှာ ​တော်လှန်​​ရေးတပ်​တွေမှာ တရုတ်အစိုးရရဲ့ဖိအား​ကြောင့် လက်နက်ခဲယမ်းရရှိမှုအကန့်​တွေ​ကြောင့် သိမ်းပိုက်ထိန်းချုပ်ထားတဲ့နယ်​မြေအချို့က​နေ ပြန်ဆုတ်​ပေး​​နေရတာ​တွေရှိတယ်လို့ စစ်​ရေးအကဲခတ်အချို့က​ပြောပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့‌ တွေထိန်းချုပ်ထားတဲ့ တမူးမြို့နယ်၊ နမ့်မွန်းတားရွာကို ဝင်လာတဲ့စစ်တပ်စစ်ကြောင်းကို ​တော်လှန်​ရေးတပ်​တွေကခုခံ တိုက်ခိုက်တာ​ကြောင့် စစ်တပ်ကသေဆုံး ရုပ်အလောင်းတွေဆွဲပြီး ပြန်ထွက်ပြေးသွားပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်ကတိုက်ပွဲမှာ စစ်ကောင်စီတပ်အထိနာခဲ့တယ်လို့ရေဦးမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့(ပကဖ)ကဒီနေ့(အောက်တို ဘာ ၂၁ရက်)မှာ ထုတ်ပြန်ပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊သီပေါမြို့နယ်ကကျေးရွာနှစ်ရွာမှာ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော်(TNLA)တို့ တိုက်ပွဲအပြင်းအထန် ဖြစ်နေပြီး စစ်ကောင်စီတပ်က မြေပြင် စစ်ကြောင်းအပြင် ဒရုန်း၊လေကြောင်းပစ်ကူတွေနဲ့ တိုက်ခိုက်နေတယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မွန်ပြည်နယ်၊ရေးမြို့နယ်အတွင်းမှာ အာဏာသိမ်းစစ်ကောင်စီတပ်ကို တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ အောက်တိုဘာ ၁၀ရက်ကနေ ၁၂ရက်အတွင်း တိုက်ပွဲတွေမှာ စစ်ကောင်စီ ဘက်က ဗိုလ်ကြီးအပါအဝင် သေဆုံးထိခိုက်မှုတွေရှိခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ်(MSRF)က သတင်းထုတ်ပြန်ပါတယ်။