close
Connect with us

Hi, what are you looking for?

သတင်း

မြစ်ငယ်အထက်တန်းကျောင်းမှာဓားထိုးမှုဖြစ်ပြီးကျောင်းသူ ကျောင်းသား သုံးဦးဒဏ်ရာရ

မန္တလေးတိုင်း ၊ အမရပူမြို့နယ်၊ မြစ်ငယ်မြို့ အထက်တန်းကျောင်းဝင်းထဲမှာ မနေ့ (အောက်တိုဘာ ၂၂ ရက် )မွန်းလွဲပိုင်းကဓားထိုးမှုဖြစ်လို့ ကျောင်းသူ၊ကျောင်းသား သုံးဦး ဒဏ်ရာရကာ တစ်ဦး စိုးရိမ်ရတယ်လို့မြို့ခံအချို့ဆီက သိရပါတယ်။

အောက်တိုဘာ – ၂၃ ၊၂၀၂၅ ၊ ဆိုင်းမင်း/People’s Spring

မန္တလေးတိုင်း ၊ အမရပူမြို့နယ်၊ မြစ်ငယ်မြို့ အထက်တန်းကျောင်းဝင်းထဲမှာ မနေ့ (အောက်တိုဘာ ၂၂ ရက် )မွန်းလွဲပိုင်းကဓားထိုးမှုဖြစ်လို့ ကျောင်းသူ၊ကျောင်းသား သုံးဦး ဒဏ်ရာရကာ တစ်ဦး စိုးရိမ်ရတယ်လို့မြို့ခံအချို့ဆီက သိရပါတယ်။

ဖြစ်စဉ်ကတော့ မနေ့ မွန်းလွဲပိုင်း ၁၂ နာရီ ၄၅ မိနစ် ဝန်းကျင်က မြစ်ငယ် အထက်တန်းကျောင်း ထမင်းစားဆင်းချိန်မှာ ဖြစ်ပွားတာပါ။

ဆယ်ကျော်သက်လူငယ်တစ်ဦးက ညီမဖြစ်သူကို အအေးဘူးပေးမယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ကျောင်းဝင်းထဲ ဝင်လာပြီး Grade-11(ဝိဇ္ဇာတွဲ) B -အခန်းက ကျောင်းသူရဲ့ လည်ပင်းကိုဓားနဲ့ ထိုးခဲ့တာလို့သိရပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီဖြစ်စဉ်မှာ ဘေးကနေ ဝင်ဆွဲတဲ့သူငယ်ချင်းဖြစ်သူ ကျောင်းသူ နဲ့ ကျောင်းသား တို့လည်း လည်ပင်းနဲ့ လက်တွေမှာ ဓားဒဏ်ရာတွေရခဲ့ပါတယ်။

ဓားနဲ့ ဝင်ထိုးတဲ့ ဆယ်ကျော်သက်လူငယ်အမျိုးသားဟာ အသက် ၁၇ နှစ်အရွယ်ဖြစ်ပြီး ကိုယ့်ကိုယ်ကိုလည်း ဓားနဲ့ ဒဏ်ရာရအောင် ပြုလုပ်ခဲ့တယ်လို့ မြို့ခံအချို့က ပြောပြပါတယ်။

ဓားနဲ့ထိုးသူအပါအဝင် ဒဏ်ရာရသွားတဲ့ ကျောင်းသူ ၊ကျောင်းသား သုံးဦးကို မန္တလေးဆေးရုံကြီးမှာ ကုသပေးနေတယ်လို့သိရပါတယ်။

အဲဒီသုံးဦးအနက် လည်ပင်းကိုဓား နဲ့ထိုးခံရတဲ့ ကျောင်းသူကတော့ စိုးရိမ်ရတယ်လို့ သိရပါတယ်။ကျောင်းဝင်းထဲဝင်ရောက်ပြီးဓားနဲ့ထိုးတဲ့ အကြောင်း အရင်းကိုတော့ မသိရသေးပါဘူး။

ဆက်စပ်သတင်းများ

သတင်း

စာသင်ကျောင်းတွေ ပစ်မှတ်ထား ဗုံးကြဲနေလို့ ကျောင်းတွေပိတ်ထားဖို့ ထုတ်ပြန်အပြီးတပတ်အကြာမှာချင်းပြည်နယ်၊ဟားခါးမြို့က စာသင် ကျောင်းတစ်ကျောင်းကို စစ်ကောင်စီက ဒီနေ့ (အောက်တိုဘာ၂၁ရက်) နေ့လည်ပိုင်းမှာ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီက မင်းတပ်မြို့နယ် ထင်ချောင်းကျေးရွာက စာသင်ကျောင်းကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ်တွေ သေဆုံးထိခိုက်ဒဏ်ရာရခဲ့တဲ့ ဖြစ်ရပ်ကြောင့် ဒီကနေ့ (အောက်တိုဘာ ၁၀ရက်)င စပြီး မြို့နယ်အတွင်း ကျောင်းတွေအားလုံး ခေတ္တပိတ်ထားဖို့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က မြို့နယ် ပညာရေးဘုတ်အဖွဲ့သို့ အကြောင်းကြားစာပေးပို့ခဲ့ပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်က ကျေးရွာ ၂ရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်တွေအပါအဝင် ပြည်သူသေဆုံးထိခိုက်မှုများရှိခဲ့ကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတဦးဖြစ်တဲ့ ဆလိုင်းယောမာန်က ပြောပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင် မြောက်ပိုင်းမှာ အင်အား အသင့်အတင့် ငလျင်တစ်ခု လှုပ်ခတ်ပြီးတဲ့နောက် အနီးတဝိုက်က ကျောင်းတွေကို အရေးပေါ် ပိတ်ထားလိုက်ပါတယ်။