အောက်တိုဘာ-၂၃၊ ၂၀၂၅။ ဇေအောင်/People’s Spring
မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့ပေါ်မှာ ဧည့်စာရင်းစစ်မယ်ဆိုပြီး အိမ်ထဲဝင်ပြီး ဓါးပြတိုက်သွားကြောင်း ဒေသခံများက ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၈ရက် ည ၁၂ နာရီခွဲခန့်က ကျောက်ပန်းတောင်းမြို့၊ သာယာအေးရပ်ကွက်က နေအိမ်တအိမ်ကို လက်နက်အရှည်ကိုင်ထားတဲ့ လူ ၇ ဦးက ဓါးပြဝင်တိုက်ရာ ရွှေ ၇ကျပ်သားနဲ့ ငွေသား သိန်းသုံးရာကျော် ပါသွားခဲ့ကြောင်း နီးစပ်သူတွေက ပြောပါတယ်။
“ ဧည့်စာရင်းစစ်ချင်လို့ဆိုပြီး တံခါးဖွင့်ခိုင်းတာမဟုတ်ဘဲ အုတ်တံတိုင်းကျော်ပြီး အနက်ဝတ်စုံတွေနဲ့ ဝင်လာတာ။ တုတ်တွေ၊ ဓါးတွေလည်း ကိုင်ထားတယ်။” လို့ ဓါးပြတိုက်ခံရတဲ့အိမ်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

Public Service Announcement
ဓါးပြတွေဟာ မျက်နှာကို ပဝါတွေစီးထားပြီး အပေါ်ကိုယ်ထည်မှာ စောင်တွေ ခြုံထားကာ ပျူဝတ်စုံ ယူနီဖောင်းများ ဝတ်ဆင်ထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ကျူးလွန်သူတွေထဲက တချို့ကိုတော့ ဖမ်းဆီးရမိထားတယ်လို့ သိရပါတယ်။
ကျူးလွန်သူတွေဟာ စစ်ကောင်စီတပ် လက်သပ်မွေးထားတဲ့ ပျူစောထီးအဖွဲ့ဝင်တွေဟာဖြစ်နိုင်ကြောင်း ကျောက်ပန်းတောင်းမြို့ခံတွေက မှတ်ချက်ပြုပါတယ်။
ကျောက်ပန်းတောင်းမြို့ပေါ်မှာ ဓါးပြတိုက်မှုအပြင် ခိုးမှု၊ လုယက်မှုတွေလည်း မကြာခဏ ဖြစ်ပွားနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
















































