close
Connect with us

Hi, what are you looking for?

သတင်း

နွားထိုးကြီးမြို့အနီး လေကြောင်းတိုက်ခံရမှု ကလေးငယ်အပါအဝင် ၂ဦး သေဆုံး၊၁၀ဦးကျော် ဒဏ်ရာရ

မန္တလေးတိုင်း၊နွားထိုးကြီးမြို့အနီးကို စစ်ကောင်စီတပ်က နေ့စဉ်လေကြောင်းတိုက်ခိုက်နေပြီး ‌အောက်တိုဘာ ၈ရက်က လေကြောင်းတိုက်ခိုက်မှုမှာ ပြည်သူ၂ဦး သေဆုံးပြီး ကလေးငယ်တွေအပါအဝင် ၁၀ဦး ကျော် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

၂၀၂၄ အောက်တိုဘာက နွားထိုးကြီးမြို့နယ်၊ တာပ္ပါယ်ကျေးရွာ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသောနေအိမ်အချို့အား တွေ့ရစဥ်။ဓာတ်ပုံ - ရွှေညာမြေ

အောက်တိုဘာ-၉၊၂၀၂၅၊မေ/ People’s Spring

မန္တလေးတိုင်း၊နွားထိုးကြီးမြို့အနီးကို စစ်ကောင်စီတပ်က နေ့စဉ်လေကြောင်းတိုက်ခိုက်နေပြီး ‌အောက်တိုဘာ ၈ရက်က လေကြောင်းတိုက်ခိုက်မှုမှာ ပြည်သူ၂ဦး သေဆုံးပြီး ကလေးငယ်တွေအပါအဝင် ၁၀ဦး ကျော် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာ ၇ရက်က စတင်ပြီး ဒီကနေ့(အောက်တိုဘာ ၉ရက်)အထိ နွားထိုးကြီးမြို့ရဲ့ တောင်ဖက်က ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်နေတာလို့ သိရပါတယ်။

မနေ့က နွားထိုးကြီးမြို့ရဲ့တောင်ဘက် မကျီးကုန်းရွာ လေကြောင်းတိုက်ခံရမှုမှာပွဲချင်းပြီး ပြည်သူ ၁ဦး သေဆုံးကာ ဆေးကုသ နေစဉ်မှာပဲ နောက်ထပ် ကလေးငယ်တဦး ထပ်မံသေဆုံးပြီး ကလေးတွေ အပါအဝင် ပြည်သူ ၁၀ဦး ကျော်ဒဏ်ရာရခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ နှစ်ဦး သေဆုံးတယ်။အသေးစိတ် တော့မသိရ သေးပါဘူး။ စစ်ရှောင်ပြည်သူ တွေနေတဲ့ နေရာကိုကြဲခဲ့တာပါ” လို့ ‌ ဒေသခံတဦးက ပြောပါတယ်။

ဒီနေ့မှာလည်း လေယာဉ်နှစ်စီးနဲ့ မြို့ တောင်ဘက်က ကျေးရွာတွေကို ဗုံးကြဲနေပြီး အထိအခိုက်ကို မသိရသေးဘူးလို့ သိရပါတယ်။

စက်တင်ဘာလနောက်ဆုံးပတ်ထဲမှာ နွားထိုးကြီးမြို့ရဲ့ တောင်ဘက်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေး တပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်အထိနာက ဒီကနေ့အထိ လေကြောင်းတိုက်ခိုက်တာ တွေပြုလုပ် နေတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

သေဆုံးရာတွင်စစ်ကိုင်းတိုင်းသပိတ်အင်အားစုက ရဲဘော် ၂ဦး၊ ကျောင်းဆရာတဦးပါဝင်

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်ကို စစ်တပ်က ၂ရက်ဆက်တိုက်ဗုံးကြဲတာတွေပြုလုပ်နေပြီး ဒီနေ့မနက်ပိုင်းက နွားထိုးကြီးမြို့ရဲ့တောင်ဘက်မကျီးကုန်းရွာဘုန်းကြီးကျောင်းကို လေကြောင်းတိုက်ခိုက်မှုမှာ ကလေးငယ်တွေ ၁၀ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ နွားထိုးကြီးဂျာနယ်က ထုတ်ပြန်ထားပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့ မြို့နယ်တွေကို ဗုံးကြဲတိုက်ခိုက်နေတဲ့ စစ်ကောင်စီက ဒီနေ့(အောက်တိုဘာ၆ရက်) နေ့လည်ပိုင်းမှာ မိုင်းလုံမြို့ကို ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တဦးအပါအ၀င်အရပ်သား ၁၀ဦး သေဆုံးခဲ့ပါတယ်။

သတင်း

ညတွင်းချင်း နာရေးပြုလုပ်ချိန် စစ်ကောင်စီက ထပ်မံဗုံးကြဲတိုက်ခိုက်