close
Connect with us

Hi, what are you looking for?

သတင်း

ဗန်းမောက်တိုက်ပွဲ ဘေးလွတ်ရာတိမ်းရှောင်နေရတဲ့ ပြည်သူတွေကိုကူညီပေးဖို့ မြို့နယ်ပအဖတိုက်တွန်း

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်တိုက်ပွဲတွေကြောင့် မြို့အနီးတ၀ိုက် ကျေးရွာတွေက ပြည်သူ တထောင်ကျော်ရှိကြောင်း ဗန်းမောက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)ကဒီကနေ့ အောက်တိုဘာ ၉ရက် ညနေပိုင်းမှာ အသိပေးထုတ်ပြန်ပါတယ်။

ဗန်းမောက်မြို့နယ်တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာတိမ်းရှောင်နေကြတဲ့ ကလေးငယ်တွေနဲ့ အမျိုးသမီးကို တွေ့ရစဉ်။ ဓာတ်ပုံ - ဗန်းမောက် ပအဖ

အောက်တိုဘာ-၉၊ ၂၀၂၅။ ထားမြတ်/People’s Spring

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်တိုက်ပွဲတွေကြောင့် မြို့အနီးတ၀ိုက် ကျေးရွာတွေက ပြည်သူ တထောင်ကျော်ရှိကြောင်း ဗန်းမောက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)ကဒီကနေ့ အောက်တိုဘာ ၉ရက် ညနေပိုင်းမှာ အသိပေးထုတ်ပြန်ပါတယ်။

ပြည်သူတွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လက်အောက်ခံ အဖွဲ့တွေက ကျန်းမာရေးစောင့်ရှောက်ပေးလျက်ရှိကြောင်း အသိပေးထားပြီး စစ်ရှောင်တွေကို ကူညီပေးဖို့လည်းနှိုးဆော်ထားပါတယ်။

လက်ရှိ ဗန်းမောက်မြို့ အနီးမှာ တိုက်ပွဲတွေနေ့စဉ် ဖြစ်ပွားနေတယ်လို့ မြို့နယ်ပအဖက မနေ့ညပိုင်းက ထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

မြို့အနီးက ကျေးရွာ ၁၅ရွာခန့်က ပြည်သူတွေ၊ မြို့ပေါ် (၄)ရပ်ကွက်က ပြည်သူတွေဟာ ဘေးလွတ်ရာရှောင်တိမ်းနေကြရပြီး အချို့ ရွာတွေဟာ အသက်လုပြေးရှောင်လာရလို့အစားအစာအဝတ်အထည်၊စောင်၊ ခြင်ထောင်တွေလိုအပ်နေတယ်လို့ အသိပေးထားပါတယ်။

ဒါကြောင့် ပြည်သူကို ပြည်သူက ကူညီနိုင်ရေး ဆက်သွယ်လှူဒါန်းကြဖို့ မိုးမောက် ပအဖက တိုက်တွန်းနှိုးဆော်ထားပါတယ်။

စစ်ကောင်စီတပ်နဲ့ ရှမ်းနီ SNAတပ်တွေရှိတဲ့ဗန်းမောက်မြို့သိမ်းစစ်ဆင် ရေးကို NUGကာကွယ်ရေးဝန်ကြီးဌာနအမှတ်(၁)စစ်ဒေသ ဦးဆောင်မှုနဲ့ စက်တင်ဘာ ၁၅ရက်မှာ တိုက်ပွဲဖော်ဆောင်ခဲ့ရာ စက်တင်ဘာ ၂၀ရက်မှာ မြို့ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့စစ်ကောင်စီနဲ့ရှမ်းနီတပ်တွေက ပြန်လည်ထိုးစစ်ဆင်နေလို့ ဗန်းမောက်မှာတိုက်ပွဲတွေဆက်လက်ဖြစ်ပွားလျက်ရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဖားကန့်မြို့နယ်၊ မလန်းကျေးရွာမှာစစ်ကောင်စီတပ်နဲ့ KIA၊KPDF တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့ပါတယ်။

သတင်း

ကာကွယ်ရေးတပ်တွေသိမ်းထားတဲ့ စစ်ကိုင်းတိုင်းက ဗန်းမောက်မြို့ကိုနဲ့ ရှမ်းနီတပ် SNAက အင်အား ၁,၀၀၀ လောက်သုံးပြီး တန်ပြန်ထိုးစစ်ဆင်နေတယ်လို့ ဒေသခံတွေနဲ့ စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊တောင်မဲသင်းကျေးရွာအနီးမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်နဲ့စ​စ်ရှောင်ကူညီနေတဲ့သူတွေက ပြောပါတယ်။