close
Connect with us

Hi, what are you looking for?

သတင်း

ဆီမီးထွန်းပွဲဗုံးကြဲတဲ့ စစ်အုပ်စုကို အကြမ်းဖက်အဖွဲ့သတ်မှတ်ပြီး တရားစွဲဆိုအပြစ်ပေးနိုင်ရေးကြိုးစားပေးရန် နိုင်ငံတကာနဲ့ အဖွဲ့အစည်းတွေကို GSCB တောင်းဆို

ဆီမီးထွန်းပွဲကို ဗုံးကြဲခဲ့တဲ့ စစ်အုပ်စုကို ဖိအားပေး ဆန့်ကျင်ကန့်ကွက်ရုံသာမက နိုင်ငံတကာရာဇဝတ်မှုများကျူးလွန်နေတဲ့ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ပြီး နိုင်ငံတကာ ယန္တရားတွေမှာ တရားစွဲဆိုအပြစ်ပေးနိုင်ဖို့ ဝိုင်းဝန်းကြိုးစားပေးရန် နိုင်ငံတကာရှိ အစိုးရများနဲ့ အဖွဲ့အစည်းများအား အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB)က တောင်းဆိုလိုက်ပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် ဗုံတိုရွာ မူလတန်းကျောင်း။ ဓါတ်ပုံ-ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်တပ်ဖွဲ့၊ ချောင်းဦးမြို့နယ်

အောက်တိုဘာ-၉၊၂၀၂၅။/People’s Spring

ဆီမီးထွန်းပွဲကို ဗုံးကြဲခဲ့တဲ့ စစ်အုပ်စုကို ဖိအားပေး ဆန့်ကျင်ကန့်ကွက်ရုံသာမက နိုင်ငံတကာရာဇဝတ်မှုများကျူးလွန်နေတဲ့ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ပြီး နိုင်ငံတကာ ယန္တရားတွေမှာ တရားစွဲဆိုအပြစ်ပေးနိုင်ဖို့ ဝိုင်းဝန်းကြိုးစားပေးရန် နိုင်ငံတကာရှိ အစိုးရများနဲ့ အဖွဲ့အစည်းများအား အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB)က တောင်းဆိုလိုက်ပါတယ်။

သီတင်းကျွတ်လပြည့်ညက ချောင်းဦးမြို့နယ်နဲ့ မုံရွာမြို့နယ်အစပ်က ဆီမီးထွန်းပွဲကို စစ်ကောင်စီတပ်က ပါရာမိုတာနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၂၂ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၆၀ ဦးကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ သေဆုံးခဲ့သူတွေထဲမှာ မုံရွာ-အမြင့်လမ်း သပိတ်ကော်မတီက ရဲဘော်တွေဖြစ်တဲ့ ကိုချမ်းငြိမ်းအောင်၊ ကိုညီညီဇော်၊ ကိုကံမြင့်လွင် နဲ့ ချောင်းဦးမြို့နယ် လူငယ်အင်အားစုသပိတ်ကော်မတီက ရဲဘော်ဖြစ်တဲ့ ကိုကျော်ဇင်ဦး(ခ) ကိုကုလားတို့လည်း မြင့်မြတ်စွာ ကျဆုံးခဲ့ရကြောင်း အထွေထွေ သပိတ် ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု (GSCB)က အသိပေးပါတယ်။

သီတင်းကျွတ်လပြည့်ညမှာ ဆီမီးထွန်းညှိတာဟာ ဗုဒ္ဓဘာသာရဲ့ ဘာသာရေးထုံးတမ်း အစဉ်အလာ တစ်ခုဖြစ်ပြီး ဆီမီးထွန်းညှိကာ အလိုရှိရာ ဆန္ဒတွေကိုဆုတောင်းကြတာဟာလည်း မြန်မာ့ရိုးရာဓလေ့ တစ်ခုဖြစ်ကြောင်း၊ ဆီမီးထွန်းညှိပြီး ဆုတောင်းမှုတွေ ပြုလုပ်တာဟာ နိုင်ငံသားတိုင်း၊ လူသားတိုင်းမှာ အလိုအလျောက်ရှိပြီး လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခြင်းနဲ့ လွတ်လပ်စွာ စုဝေးခြင်းစတဲ့ မွေးရာပါ လူ့အခွင့်အရေးများနဲ့ အညီ ပြုလုပ်ကြခြင်းသာ ဖြစ်ကြောင်း GSCB က ရှင်းလင်းပါတယ်။

Public Service Announcement

Public Service Announcement

နိုင်ငံတကာရှိ အစိုးရများနဲ့ အဖွဲ့အစည်းတွေကလည်း စစ်ရာဇဝတ်သား အကြမ်းဖက် စစ်အုပ်စုကို ဖိအားပေး ဆန့်ကျင် ကန့်ကွက်ရုံသာမက ၎င်းတို့ကို နိုင်ငံတကာရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ပြီး နိုင်ငံတကာ ယန္တရားတွေမှာ တရားစွဲဆို အပြစ်ပေးနိုင်ဖို့ ဝိုင်းဝန်းကြိုးစားပေးစေလိုကြောင်း၊ ၎င်းတို့ ဖန်တီး ပြုလုပ်မယ့် ရွေးကောက်ပွဲ အပါအဝင် ၎င်းတို့ရဲ့ လုပ်ရပ်အားလုံးကို အသိအမှတ်မပြုကြ စေလိုကြောင်းနဲ့ သက်ဆိုင်ရာ အစုအဖွဲ့အသီးသီးနှင့် ချိတ်ဆက်ပြီး နစ်နာ ခံစားခဲ့ရတဲ့သူများအတွက် ထိရောက်၊ အကျိုးရှိသည့် ပံ့ပိုးကူညီမှုများ ပြုလုပ်ပေးကြဖို့ GSCBက တောင်းဆို တိုက်တွန်းပါတယ်။

စစ်တပ်ရဲ့တိုက်ခိုက်ခဲ့မှုတွေကြောင့်သေဆုံးခဲ့ရတဲ့အမျိုးသမီး၊ ကလေး သူငယ်အပါအဝင် အရပ်သားပြည်သူလူထုနဲ့ ထိခိုက်ဒဏ်ရာရသူများ အားလုံးအတွက် ၎င်းတို့ရဲ့ မိသားစုဝင်တွေနဲ့ထပ်တူ ဝမ်းနည်းရကြောင်း၊ အခုလို စစ်ရာဇဝတ်မှုများကို အကြိမ်ကြိမ် ကျူးလွန်နေတဲ့ အာဏာသိမ်း စစ်တပ်ကို အပြီးတိုင်ဖယ်ရှားပြီး ပြည်သူလူထုတရပ်လုံးက မျှော်မှန်းတဲ့ လူသားဂုဏ်သိက္ခာကို အသိမှတ်ပြုတဲ့၊ တန်းတူညီမျှတဲ့၊ လွတ်လပ်တရားမျှတတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်ကို တည်ဆောက်နိုင်ရန်အတွက်လည်း အစွမ်းကုန် ကြိုးစားအားထုတ် သွားမည် ဖြစ်ကြောင်း GSCB က အသိပေးပါတယ်။

စစ်အုပ်စုဟာ ၎င်းတို့ ဖိနှိပ်ပြီး စိုးမိုးထားတဲ့ နေရာဒေသတွေမှာ ဘာသာရေး ပွဲတော်တွေ၊ ပျော်ပွဲရွှင်ပွဲတွေကို ဟန်ပြ ပြုလုပ်ပြီး နိုင်ငံအနှံ့တွင်ရှိတဲ့ ပြည်သူလူထုကို ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက် ပစ်ခတ်တိုက်ခိုက်မှုများ၊ အဓမ္မစစ်မှုထမ်းခိုင်းမှုများနှင့်ဖမ်းဆီးမှုများကိုအရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ဒါ့အပြင် ၎င်းတို့ တရစပ် ကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှုများကို ရှောင်လွှဲပြီး နိုင်ငံရေးခဝါချနိုင်ရန် ရည်ရွယ်ကာ တရားမဝင် အတုအယောင် ရွေးကောက်ပွဲတစ်ရပ် ဖြစ်မြောက်ဖို့ ကြိုးပမ်းလျက်ရှိကြောင်း GSCB က ထောက်ပြပါတယ်။

တော်လှန်ရေး အင်အားစု အသီးသီး အနေနဲ့လည်း စစ်အုပ်စုကို အမြန်ဆုံး အပြီးတိုင်ဖယ်ရှားနိုင်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအသစ် တည်ဆောက်နိုင်ရေးတို့အတွက်သွေးစည်းညီညွတ်မှုအပြည့်ဖြင့် မမှိတ် မသုန် အင်တိုက်အားတိုက် ကြိုးပမ်းသွားကြဖို့ GSCB က တိုက်တွန်းသည်။

ပြည်သူလူထုတစ်ရပ်လုံးအနေနဲ့လည်းပါဝင်တော်လှန်နိုင်မည့် တော်လှန် ရေးနည်းနာများကို မပြတ်တမ်းကိုင်စွဲပြီး တော်လှန်ရေး အင်အားစုများနှင့် အတူ ပါဝင်တော်လှန် ပေးကြပါရန်လည်း GSCBက ထပ်မံတိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဖားကန့်မြို့နယ်၊ မလန်းကျေးရွာမှာစစ်ကောင်စီတပ်နဲ့ KIA၊KPDF တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ဘုံတိုရွာ ဆီမီးထွန်းချိန် ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးမှုတွေ ဒီကနေ့ညပိုင်းအထိ ထပ်တိုးနေပြီး ၅ ဦး ထပ်မံ သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ထိန်းချုပ်ထားတဲ့ ထားဝယ်မြို့နယ်၊ ထီးခီးကျေးရွာကို အာဏာသိမ်းစစ်ကောင်စီတပ်က ဒီကနေ့(အောက်တိုဘာ ၈ရက်) မှာ Y12 လေယာဉ်၊ တိုက်လေယာဉ်တွေနဲ့ ဗုံးများကြဲချတိုက်ခိုက်ခဲ့လို့ ဒေသခံ ပြည်သူ ၃၅၀ ကျော် ဘေးလွတ်ရာ တိမ်းရှောင်နေကြရတယ်လို့ KNU မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ထဲက သီတင်းကျွတ် မီးထွန်းပွဲတော်ကိုအာဏာသိမ်းစစ်ကောင်စီက ပါရာမိုတာ အသုံးပြု ဗုံးကြဲခဲ့လို့ အရပ်သား အများအပြား သေကြေ ဒဏ်ရာရခဲ့တဲ့ သတင်းကို နိုင်ငံတကာ မီဒီယာတွေက အကျယ်တဝင့် ဖော်ပြခဲ့ကြပါတယ်။