စက်တင်ဘာ-၁၈၊ ၂၀၂၅။ People’s Spring
စစ်ကောင်စီတပ်သားသစ် ၄ဦး အလင်းဝင်လာကြောင်းမင်းဘူးခရိုင်အမှတ်(၆)တပ်ရင်းကယနေ့ သတင်းထုတ်ပြန်သည်။
စစ်ကောင်စီကပေါ်တာစွဲအတင်းအဓမ္မစစ်သင်တန်းပေးပြီး ငဖဲမြို့နယ် အခြေစိုက် အမှတ်(၁၄) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၁၄)သို့ ပို့ဆောင်ထားသည့် စစ်ကောင်စီတပ်သားများအနက် တပ်သား ၄ဦးသည် စက်တင်ဘာ ၄ရက်တွင် အလင်းဝင်လာခြင်းဖြစ်ဟု အသိပေးသည်။
“ သူတို့က စစ်သင်တန်းတက်ပြီး ကပစ ၁၄ကိုတန်းရာက်လာတာပါ။တိုက်ပွဲအတွေ့အကြုံမရှိသေးပါဘူး။ အားလုံးကထွက်ပြေးဖို့ကြံနေတဲ့သူတွေ့ချည်ပါပဲ။ကပစ ၁၄ကတော့ ပဒါန်းနယ်ထဲမှာဆိုတော့အခိုင်အမာခံစစ်ပြင်နေပါတယ်” ဟု မင်းဘူးခရိုင် အမှတ်(၆)တပ်ရင်းမှတာဝန်ရှိသူကပြောသည်။

Public Service Announcement
အလင်းဝင်ရောက်လာသူ ၄ဦး၏ မှတ်တမ်းဓာတ်ပုံကို ဖော်ပြထားပြီး လက်နက်ခဲယမ်းပါ၊မပါကိုမူ ဖော်ပြခြင်းမရှိပေ။
အလင်းဝင်လာသူများကို လူ့ဂုဏ်သိက္ခာ နှင့်အညီ ထိန်းသိမ်းထားကြောင်း အသိပေးပြီး စစ်ကောင်စီတပ်သားများ ပြည်သူ့ထံ အလင်းဝင်ရောက်လိုပါက ဆက်သွယ်နိုင်ကြောင်း ထုတ်ပြန်သည်။
ထို့ပြင် အလင်းဝင်လာသူများကို မိသားစုနှင့် ပြန်လည်ဆုံတွေ့နိုင်ရန်ကူညီပေးမည်ဟုလည်း အသိပေးသည်။
“ ပေါ်တာဆွဲခံရတဲ့လူငယ်တွေအကြမ်းဖက်စစ်တပ်စီကထွက်ပြေးကြပါ။ထွက်ပြေးရင်လည်းတော်လှန်ရေးအဖွဲ့တွေချိတ်ဆက်ပါ။ဒီအတိုင်းထွက်ပြေးမယ်ဆိုရင်လည်းနယ်မြေအနေအထားကိုမပြေးခင်ကြိုတင်လေ့လာပါ။ဒါမှအကြမ်းဖက်စစ်
တပ်ရန်ကလွတ်ပါလိမ့်မယ်။နယ်မြေအကြောင်း သိရှိထားရင် ပြေးရတာလွတ်မြောက်နိုင်ပါတယ်” ဟုအထက်ပါတာဝန်ရှိသူကဆက်ပြောသည်။
စစ်ကောင်စီသည်နိုင်ငံတဝန်းလူငယ်လူရွယ်များကိုအဓမ္မစစ်သားစုဆောင်းပြီး ရှေ့တန်းစစ်မြေပြင်များ၌ လူသားဒိုင်းအဖြစ် အသုံးပြုမှုများလုပ်ဆောင်လျက်ရှိရာ တပ်သားသစ်များ ထွက်ပြေးခြင်း၊ တော်လှန်ရေးတပ်ဖွဲ့များထံချိတ်ဆက် အလင်းဝင်ရောက်မှု ဖြစ်စဉ်များဆက်တိုက်ရှိနေသည်။
စစ်ကောင်စီသည် လူငယ်လူရွယ်များကို နည်းမျိုးစုံ ပေါ်တာဆွဲနေ၍ ဂရုစိုက်ကြရန် ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ဒရုန်းတပ်ဖွဲ့ တာဝန်ရှိသူတဦးကသတိပေးထားပြီးစစ်ကောင်စီတပ်သားများ ပြည်သူ့ဘက် အမြန်ဆုံးအလင်းဝင်ရန် တိုက်တွန်းထားသည်။
“ စကစတွေပေါ်တာမဆွဲခင်လည်း ပြည်သူ့ကာကွယ်ရေးတပ်မတော်တွေ၊ ပကဖတွေ နီးစပ်ရာ ERO အဖွဲအစည်းတွေမှာ လွတ်မြောက်နယ်မြေတွေလည်းရနေပါပြီ။ အဲဒီ လွတ်မြောက်နယ်မြေတွေမှာ အချိန်မီသွားပြီးခိုလှုကြပါ ။ အဓိကအားဖြင့် လူငယ်တွေကိုတိုက်တွန်းချင်တယ်” ဟု ကလေးခရိုင် ပကဖ ဒရုန်းတပ်ဖွဲ တာဝန်ရှိသူက ပြောသည်။
စစ်ကောင်စီဘက်က ပေါ်တာဆွဲ၍ ပါသွားပါက အသက်အာမခံချက်မရှိကြောင်း ၎င်းကဆက်ပြောကြားသည်။
