စက်တင်ဘာ-၁၈၊၂၀၂၅။People’s Spring
ပါတီခေါင်းဆောင်ကို လူအစစ်မဟုတ်ဘဲဉာဏ်ရည်တု(AI)နည်းပညာနဲ့ဖန်တီးပြီးခန့်အပ်မယ်ဆိုတဲ့ ဂျပန်နိုင်ငံရေးပါတီတစ်ခုရဲ့ကြေညာချက်ဟာ အငြင်းအခုံတွေဖြစ်ပေါ်နေစေပါတယ်။
လတ်တလောမှာခေါင်းဆောင်ကင်းမဲ့နေတဲ့ Path to Rebirthပါတီဟာအခုလိုမျိုးထူးထူးဆန်းဆန်း နည်းလမ်းတစ်ခုကိုအသုံးပြုဖို့စိတ်ကူးရလာခဲ့တာ ဖြစ်ပါတယ်။အဲဒီပါတီကိုဂျပန်နိုင်ငံအနောက်ပိုင်းကမြို့ငယ်လေးအကီတာကာတာရဲ့မြို့တော်ဝန်ဟောင်း ရှင်ဂျီ အီရှီမာရူက ဇန်နဝါရီလမှာ စတင် ထူထောင်ခဲ့ပါတယ်။
ပါတီမှာသီးခြားမူဝါဒတွေ ချမှတ်မထားဘဲ ပါတီဝင်တွေ အနေနဲ့ကိုယ်ပိုင်စိတ်ကူးစိတ်သန်းတွေကို အသုံးပြုပြီးရွေးကောက်ပွဲဝင်နိုင်တယ်လို့အီရှီမာရူကပြောခဲ့ဖူးပါတယ်။

Public Service Announcement
၂၀၂၄ခုနှစ်တုန်းကတိုကျိုမြို့တော်ရဲ့ဒေသတွင်း ရွေးကောက်ပွဲ တစ်ခုမှာ ထင်မှတ်မထားဘဲ ဒုတိယ မဲအများဆုံးရခဲ့တဲ့နောက်အီရှီမာရူကပါတီစထောင်ခဲ့ပါတယ်။
အဲဒါကလည်းအွန်လိုင်းကနေ မဲဆွယ်ခဲ့တဲ့အစီအမံတွေကအောင်မြင်ခဲ့တာကြောင့်ပါ။ဒါပေမဲ့အခုနှစ်အထက်လွှတ်တော်ရွေးကောက်ပွဲမှာတော့Path of Rebirthပါတီက အခြေမလှခဲ့ဘဲ အမတ်နေရာ တစ်ခုမှ မရခဲ့ပါဘူး။ ဒီအတွက် အီရှီမာရူက တာဝန်ယူပြီး ခေါင်းဆောင်နေရာကနေ နုတ်ထွက်သွားခဲ့ပါတယ်။
သက်တမ်း နုနယ်သေးတဲ့ အဲဒီနိုင်ငံရေး ပါတီဟာ စက်တင်ဘာ ၁၆ ရက်နေ့မှာတော့ပါတီခေါင်းဆောင်သစ်ကိုလူပုဂ္ဂိုလ်တစ်ဦးအစား AIနဲ့ ဖန်တီး ခန့်အပ်သွားမယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။
သူတို့ရဲ့ပါတီခေါင်းဆောင်ဟာAI ဖြစ်လာမယ်လို့ AI သုတေသီ တစ်ဦးဖြစ်တဲ့ ပါတီဝင် ကိုကီ အိုကူမူရာက ပြောပါတယ်။အိုကူမူရာကသူ့ကိုယ်သူAI ခေါင်းဆောင်ကို အကူအညီပေးမယ့် လက်ထောက်လို့လည်း အဲဒီနေ့က သတင်းစာ ရှင်းလင်းပွဲမှာမိတ်ဆက်ခဲ့ပါတယ်။
ကျိုတို တက္ကသိုလ်မှာ ပညာသင်ယူနေတဲ့ တက္ကသိုလ် ကျောင်းသား တစ်ဦးလည်းဖြစ်တဲ့ အသက် ၂၅ နှစ်အရွယ် အိုကူမူရာက AI ခေါင်းဆောင်အသစ်ရဲ့ စီမံခန့်ခွဲ လမ်းညွှန်မှုတွေကို ဘယ်အချိန်မှာ စတင် အသုံးပြုမလဲ ဆိုတာကိုတော့ ပါတီထဲမှာမဆုံးဖြတ်ရသေးဘူးလို့ပြောပါတယ်။
အဲဒီ AIဟာပါတီဝင်တွေရဲ့နိုင်ငံရေးလှုပ်ရှားမှုတွေကိုစွက်ဖက်မှာမဟုတ်ဘဲပါတီရဲ့အရင်းအမြစ်တွေကိုဘယ်လိုခွဲဝေအသုံးချမလဲ၊ဘယ်လို နေရာတွေမှာ အာရုံစိုက် မဲဆွယ်မလဲဆိုတဲ့ ကိစ္စမျိုးတွေကို အဆုံးအဖြတ် ပေးမှာဖြစ်တယ်လို့ သိရပါတယ်။
ဂျပန်က လူမှုကွန်ရက် သုံးစွဲသူတွေကြားမှာတော့ ဒီကိစ္စအပေါ်အမြင်အမျိုးမျိုးကွဲပြားနေပြီး ပြောင်းလဲနေတဲ့ နည်းပညာ အခင်းအကျင်းတွေကို ထွေးပွေ့လက်ခံတဲ့ ခြေလှမ်းတစ်ရပ်လို့ ချီးကျူးကြသူတွေရော၊ နိုင်ငံရေးကို လေးလေးစားစား သဘောမထားတဲ့ လုပ်ရပ်အဖြစ် ဝေဖန်သူတွေပါ ရှိနေပါတယ်။
ဇွန်လတုန်းက ရွေးကောက်ပွဲမှာ Path to Rebirth ပါတီဟာ တိုကျိုမှာ အမတ်နေရာ ၄၂ ခုအတွက် ယှဉ်ပြိုင်ခဲ့ပြီးတစ်ယောက်မှအရွေးမခံခဲ့ရပါဘူး။
မကြာသေးခင်ကဂျပန်မှာနာမည်ကျော် အမျိုးသမီး ဂီတအဖွဲ့ တစ်ခု ထူထောင်မှု နှစ် ၂၀ ပြည့် အထိမ်းအမှတ် အထူးသီချင်းကို နာမည်ကြီး ဂီတ စာဆိုတစ်ဦးနဲ့ အဲဒီပုဂ္ဂိုလ်ရဲ့ သီချင်းရေးဟန်ကို တုပသင်ယူထားတဲ့ AIတို့ အပြိုင်အဆိုင် ရေးသားခဲ့ပြီးလူသား ဂီတစာဆိုက ရှုံးသွားခဲ့ပါသေးတယ်။
လူသားနဲ့ AI ဖန်တီးထားတဲ့ သီချင်းနှစ်ပုဒ်စလုံးကိုဘယ်သူကဘယ်တစ်ခုကို ရေးသလဲဆိုတာ လုံးဝ မဖော်ဘဲ လျှို့ဝှက်ထားပြီးပရိသတ်ဆန္ဒမဲနဲ့ ဆုံးဖြတ်စေခဲ့ရာမှာလူသားကအရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
ကိုးကား- AFP
















































