close
Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ကနောင်ပိန်ရွာနေအိမ်များကိုဖောက်ထွင်းခိုးယူ၊ဈေးကိုလည်းဖွင့်ချ​ခဲ့ကြောင်းဒေသခံအချို့​ပြော

စစ်တပ်က ​နောင်ပိန် ​ဈေးကို ပြန်လည်ထိန်းချုပ်နိုင်ပြီး​နောက် ​အောင်ပွဲခံဓါတ်ပုံရိုက်ခဲ့စဥ်။ ဓါတ်ပုံ-စစ်​ကောင်စီ

စက်တင်ဘာ−၁၄၊၂၀၂၅။ဇော်ရမ်း/People’s Spring

ရှမ်းမြောက် ကျောက်မဲမြို့နယ်ကို စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်သည် နောင်ပိန်ကျေးရွာ၏ နေအိမ်များဖောက်ထွင်းခိုးယူနေပြီး ယ‌နေ့ (စက်တင်ဘာ ၁၄ရက်) နံနက်တွင်လည်း နောင်ပိန်ဈေးကို ဖွင့်၍ပစ္စည်းများသယ်ထုတ်နေကြောင်း စစ်ဘေးရှောင်များက ပြောသည်။

” ဈေးကို တမင် ဖွင့်ချလိုက်တာ။ ခိုးဆိုးလုနှိုက်တွေကလည်း ဈေးထဲဝင်ကုန်ပြီ။ ကိုယ့်ပစ္စည်းကိုယ် ပြန်ယူဖို့လည်းမလွယ်ဘူး။ ရွာထဲကအိမ်တွေလည်း တော်တော်များများဖွင့်ယူထားတာ”ဟု နောင်ပိန်ရွာစစ်ဘေးရှောင်တဦးက ပြောသည်။

စစ်ကောင်စီတပ်စစ်ကြောင်းများသည် နောက်ပိန်ရွာအတွင်း အများအပြားရှိနေပြီး ရွာကိုထိန်းချုပ်ထားသည်။ စစ်တပ်အပြင် လူစိမ်းအမျိုးသား၊ အမျိုးသမီးများကိုလည်း အုပ်စုလိုက် တွေ့ရပြီး ပစ္စည်းများခိုးယူသယ်ထုတ်နေကြကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

နောင်ပိန်ရွာကို ပြန်ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ပြသလို၍ ဈေးကိုဖွင့်ချလိုက်ခြင်းဖြစ်ပြီး ဆိုင်ရှင်များအား မတိုင်ပင်ခဲ့သောကြောင့် လူစိမ်းများကလည်း ဝင်ရောက်ခိုးယူနေပြီဟု ဒေသခံတစ်ဦးကပြောသည်။

“စစ်တပ်ရော၊ သူခိုးတွေပါ ရော‌ပြီး ဈေးထဲကို ဝင်တာ။ အိမ်သုံးပစ္စည်းလို တန်ဖိုးကြီးပစ္စည်းတွေကို လူစိမ်းတွေက သယ်ထုတ်သွားကြပြီ”ဟု ဒေသခံတဦိးက ပြောသည်။

တိုက်ပွဲသည် နောင်ပိန်တိုက်နယ်အတွင်း ဆက်လက်ပြင်းထန်နေပြီး စစ်တပ်စစ်ကြောင်းများသည် ကျောက်မဲမြို့ဘက်သို့ဦးတည်၍ရှေ့တိုးလာနေကြောင်း သတင်းရရှိသည်။

“ကျောက်မဲမြို့နဲ့ ၆ မိုင် ၇မိုင်အထိရောက်လာပြီ။ ကျောက်မဲကိုတော့ လွယ်လွယ်နဲ့မရောက်နိုင်ဘူး။ ခံစစ်ကုန်းတွေရှိတယ်။ တိုက်ပွဲဆက်ပြင်းမှာပါ။ လူထုကတော့ လေကြောင်းနဲ့ လက်နက်ကြီးတော်တော်သတိထားရမှာ”ဟု ရှမ်းမြောက်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီတပ်သည်ကျောက်မဲမြို့၏ တောင်ဖက်(၇) မိုင်ဝန်းကျင်ရှိ ကျေးရွာများမှတဆင့် မြို့တွင်သို့ဝင်ရောက်နိုင်ရေး ထိုးစစ်ဆင်လာနေပြီးဒရုန်း၊ လေယာဉ်များအသုံးပြုတိုက်ခိုက်နေသည်ဟု ဒေသတွင်း သတင်းရင်းမြစ်များက ဆိုသည်။

ကျောက်မဲမြို့နယ်သို့ သွားသည့်လမ်းပိုင်းမှ နောင်ပိန်တိုက်နယ်ကို သြဂုတ် ၁၉ရက်တွင် စစ်ကောင်စီတပ်စစ်ကြောင်းဝင်ရောက်လာပြီးနောက် တအာင်းတပ်မတော်(TNLA)၊PDF ပူးပေါင်းတပ်များနှင့်တိုက်ပွဲစတင်ဖြစ်ခဲ့သည်။ ‌နောက်ပိန်တိုက်နယ်နှင့် ကျောက်မဲမြို့သည် ၁၅မိုင်ခန့်ဝေးပြီး တိုက်နယ်အတွင်း ကျေးရွာအချို့တွင်လည်း တိုက်ပွဲပြင်းထန်နေသည်။

ဒေသခံအများစုစစ်ရှောင်နေကြသော်လည်း မရှောင်နိုင်သူအချို့ရှိနေကာ လေကြောင်းနှင့် လက်နက်ကြီးတိုက်ခိုက်မှုများကြောင့် ထိခိုက်သေဆုံးမှုများရှိနေသည်။

နောင်ပိန်တိုက်နယ်အတွင်း နမ့်ဟူး၊ ပန်စုံ၊ပန်လော့နှင့် ကုန်းညောင်ရွာအပါအဝင် ၂၁ရွာမှ ဒေသခံ ၁၀၀၀၀ကျော် စစ်ရှောင်နေကြရပြီဟု လူမှုရေးအဖွဲ့များထံမှ သတင်းရရှိသည်။လက်ရှိတိုက်ပွဲများကြောင့် ဒေသခံပြည်သူ ထောင်ချီသည် ဘေးလွတ်ရာ ဒေသများထွက်ပြေးတိမ်းရှောင်နေကြရပြီး အကူအညီများစွာလိုအပ်‌နေ၍ ဝိုင်းဝန်းကူညီပေးရန် သျှမ်းကျောင်းသားသမဂ္ဂက မေတ္တာရပ်ခံထားသည်။

လက်ရှိစစ်ရေးအခြေအနေမှာ ကျောက်မဲမြို့ကို ဦးတည်၍ စစ်ကြောင်းထိုးနေသော်လည်း TNLAက ကြားဖြတ်တိုက်သည့် ဗျူဟာကို သုံးနေ၍ ရှေ့မတိုးနိုင်သေးကြောင်း စစ်ကောင်စီဝါဒဖြန့်ချိရေးသမားများက ရေးသားနေကြသည်။

စစ်ကောင်စီသည်နောက်ပိန်တိုက်နယ်နှင့် ကျောက်မဲမြို့အပြင် ပတ်ဝန်းကျင်ကျေးရွာများကိုစက်တင်ဘာ ၁၃ ရက်အထိ ဗုံးကြဲနေကြောင်း သိရသည်။ ကျောက်မဲမြို့ခံများနှင့်တိုက်ပွဲဖြစ်နိုင် သောကျေးရွာများမှ ဒေသခံများကို လူမှုကူညီ ရေးအဖွဲ့များကဘေးလွတ်ရာသို့ချိတ်ဆက်ပို့ဆောင်ပေးနေကြသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊တောင်သာနယ်ထဲကို အင်အား ၃၀၀ ခန့်ရှိတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းထိုးတာကြောင့် ကျေးရွာ ၁၀ရွာထက်မနည်းက ပြည်သူတွေထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေထံကနေသိရပါတယ်။

သတင်း

ရေးမြို့နယ်ရဲ့ ရန်ကုန်-ထားဝယ် ပြည်ထောင်စုလမ်းပိုင်းမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ရေးဘီလူးတပ်ဖွဲ့ခေါင်းဆောင်က လူထုနွေဦးကို ပြောပါတယ်။

သတင်း

မန္တလေး PDF တာဝန်ရှိသူတွေ သပိတ်ကျင်းမြို့နယ်က စစ်ဘေးရှောင်ပြည်သူတွေကို သွားရောက် အားပေးပြီး လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ဆောင်ရွက်ပေးခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့သို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ရောက်ရှိလာသော စစ်ကောင်စီတပ်စစ်ကြောင်းများသည် နေအိမ်များကို မီးရှို့နေ၍ ဒေသခံလူဦးရေ ၂၀,၀၀၀ ကျော်သည် နေရပ်စွန့်ခွာတိမ်းရှောင်နေရပြီး အရေးပေါ်အကူအညီများ လိုအပ်နေသည်။