close
Connect with us

Hi, what are you looking for?

သတင်း

ရေးမြို့နယ် ပြည်ထောင်စုလမ်းလမ်းပိုင်းမှာ တိုက်ပွဲဖြစ်နေ

ရေးမြို့နယ်ရဲ့ ရန်ကုန်-ထားဝယ် ပြည်ထောင်စုလမ်းပိုင်းမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ရေးဘီလူးတပ်ဖွဲ့ခေါင်းဆောင်က လူထုနွေဦးကို ပြောပါတယ်။

ရေးဘီလူးတပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ ဓာတ်ပုံ − ရေးဘီလူး

စက်တင်ဘာ−၁၄၊၂၀၂၅။ဇော်ဝင်း /People’s Spring

ရေးမြို့နယ်ရဲ့ ရန်ကုန်-ထားဝယ် ပြည်ထောင်စုလမ်းပိုင်းမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ရေးဘီလူးတပ်ဖွဲ့ခေါင်းဆောင်က လူထုနွေဦးကို ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်း ထိုးစစ်ဆင်လာမှုကြောင့် ကနင်ကမော့နဲ့ မော့ကနင်ကျေးရွာတွေဘက်မှာ တိုက်ပွဲဖြစ်နေတာလို့ ဆိုပါတယ်။

“အရင်လွန်ခဲ့တဲ့ နှစ်​ပတ်လောက်က ထိတော့ ကျွန်တော်တို့က ရန်ကုန်−ထားဝယ်လမ်းပိုင်းကို အလုံးစုံထိန်းချုပ်ထား နိုင်ပေမယ့် အခုက တော့ ၅၀ ၊ ၅၀ အခြေအနေ ဖြစ်တယ်။တိုက်ပွဲတွေကတော့ ဆက်ဖြစ်နေတုန်းပဲ”လို့ ရေးဘီလူးခေါင်းဆောင်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ရန်ကုန်-ထားဝယ် ပြည်ထောင်စုလမ်းမ အမှတ်(၈) ပြည်ထောင်စုလမ်းပိုင်း ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီက သြဂုတ်လဆန်းကစပြီး အင်အားထောင်ချီသုံးကာ စစ်ကြောင်းထိုးနေတာလို့ အသိပေးပါတယ်။

စစ်ကောင်စီတပ်စစ်ကြောင်းတွေမှာ ခမရ (၄၀၉)၊ခမရ (၄၀၈)၊ခမရ (၄၁၀)၊ခလရ ၄၀၇၊ခလရ (၂၈၂)၊ခလရ (၂၇၃)တပ်ရင်းနဲ့ မောရဝတီရေတပ် စခန်းက တပ်သားတွေ ပါဝင်တယ်လို့သိရပါတယ်။

​သြဂုတ်နောက်ဆုံးပတ်က အမှတ်(၈)ပြည်ထောင်စု လမ်းမကြီးရဲ့ ရေဖြူမြို့နယ်တိုက်ပွဲမှာ လက်နက်ခဲယမ်းတွေအပါအဝင် စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးအင်အားစုတွေက အရှင်ဖမ်းဆီရမိထားပါတယ်။

“အမှတ်(၈) ပြည်ထောင်စုလမ်း(မော်လမြိုင်-ရေး-ထားဝယ်)ကို ဒီ သုံးလအတွင်း သူတို့အပြီးထိန်းချုပ်ဖို့အစီစဥ်ရှိတယ်”လို့ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီ ရည်ရွယ်ချက်ကို နည်းဗျူဟာ (၃၃) အထူးစစ်ဆင်ရေးမှူး စောဒါးကိုက လူထုနွေဦးကို ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ဆင်မှုကြောင့် အမှတ်(၈)ပြည်ထောင်စုလမ်းပိုင်းပေါ်က ကျေးရွာ ခုနစ်ရွာက ဒေသခံ ပြည်သူ ၅,၀၀၀ ထက်မနည်းစစ်ရှောင်နေရပြီး သေဆုံးသူတွေအပြင် စစ်ကောင်စီက ဖမ်းဆီးသွားတဲ့သူ တွေရှိတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊တောင်သာနယ်ထဲကို အင်အား ၃၀၀ ခန့်ရှိတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းထိုးတာကြောင့် ကျေးရွာ ၁၀ရွာထက်မနည်းက ပြည်သူတွေထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေထံကနေသိရပါတယ်။

သတင်း

စက်တင်ဘာ−၁၄၊၂၀၂၅။ဇော်ရမ်း/People’s Spring ရှမ်းမြောက် ကျောက်မဲမြို့နယ်ကို စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်သည် နောင်ပိန်ကျေးရွာ၏ နေအိမ်များဖောက်ထွင်းခိုးယူနေပြီး ယ‌နေ့ (စက်တင်ဘာ ၁၄ရက်) နံနက်တွင်လည်း နောင်ပိန်ဈေးကို ဖွင့်၍ပစ္စည်းများသယ်ထုတ်နေကြောင်း စစ်ဘေးရှောင်များက ပြောသည်။ ” ဈေးကို တမင် ဖွင့်ချလိုက်တာ။ ခိုးဆိုးလုနှိုက်တွေကလည်း ဈေးထဲဝင်ကုန်ပြီ။ ကိုယ့်ပစ္စည်းကိုယ် ပြန်ယူဖို့လည်းမလွယ်ဘူး။...

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ လက်နက်ကိုင်အဖွဲ့တဖွဲ့က ဖမ်းဆီးထားတဲ့ ပြည်သူ့ရှေ့ဆောင် ပါတီ (PPP) ပြည်နယ်ဥက္ကဌနဲ့ ပါတီဝင်အချို့ ပြန်လွတ်လာတယ်လို့ သိရပါတယ်။

သတင်း

မန္တလေးတိုင်း၊မလှိုင်မြို့နယ်ကနေတောင်သာမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်​​ကောင်စီတပ်နဲ့ ​တော်လှန်​ရေးတပ်​တွေတိုက်ပွဲဖြစ်နေပြီး နှစ်ဖက်ထိခိုက် ကျဆုံးမှုတွေရှိနေတယ်လို့ ဒေသတွင်း​​စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။