close
Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်မြို့ စုပေါင်းရုံးနှင့် ရဲစခန်းကြားရှိ ပေါ်ဦးရွှေဆိုင် ဓားပြတိုက်ခံရ

ကချင်ပြည်နယ်၊ဖားကန့်မြို့တွင်စစ်ရေးတင်းမာနေစဉ်ယနေ့(စက်တင်ဘာ ၉ရက်)နေ့လယ်ပိုင်းက မှော်ဝမ်းရပ်ကွက်ရှိ ရွှေဆိုင်တဆိုင် ဓားပြတိုက်ခံရမှုဖြစ်ပွားခဲ့သည်။

ဖားကန့်မြို့တနေရာအား တွေ့ရစဉ်။ ဓာတ်ပုံ − CJ

စက်တင်ဘာ−၉၊၂၀၂၅။ဇော်ရမ်း/People’s Spring

ကချင်ပြည်နယ်၊ဖားကန့်မြို့တွင်စစ်ရေးတင်းမာနေစဉ်ယနေ့(စက်တင်ဘာ ၉ရက်)နေ့လယ်ပိုင်းက မှော်ဝမ်းရပ်ကွက်ရှိ ရွှေဆိုင်တဆိုင် ဓားပြတိုက်ခံရမှုဖြစ်ပွားခဲ့သည်။

စစ်ကောင်စီတပ်စွဲထားသည့် စုပေါင်းရုံးနှင့် ရဲစခန်းကြားရှိ ပေါ်ဦးရွှေဆိုင်ဓားပြတိုက်ခံရခြင်းဖြစ်သည်။

“ဆိုင်ထဲကိုဝင်လာတဲ့လူနှစ်ယောက်ကသေနတ်ထုတ်ပြီး ဘယ်သူမှဝင်မနှောက်ယှက်ဖို့ခြိမ်းခြောက်တယ်။ပြီးတော့ရွှေတွေယူသွားတယ်။ ပတ်ဝန်း ကျင်ကသိပေမယ့်တယောက်မှ ဝင်မကပ်ရဲဘူးဖြစ်တာ”ဟု မှော်ဝမ်းရပ်ကွက်မှ ဒေသခံတဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ဓားပြတိုက်သွားသူများသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များဖြစ်နိုင်သည်ဟု ဒေသခံအချို့က ယူဆနေကြသည်။

” အဲဒီရွှေဆိုင်က ရဲစခန်းနဲ့ စုပေါင်းရုံးကြားမှာရှိတာလေ။ နောက်ပြီးတော့ ဓားပြတိုက်တဲ့ပုံစံကအေးအေးဆေးဆေး။ စစ်သားတွေလို့ထင်လို့လည်းဘယ်သူမှမကပ်ရဲတာ”ဟု ဒေသခံတဦးကပြောသည်။

ဖားကန့်မြို့နယ်တွင် လက်တလော တိုက်ပွဲပြင်းထန်နေပြီ ယနေ့ နေ့လယ် ၂နာရီခန့်တွင် ဆန်းကြယ်ရွာကို စစ်ကောင်စီက လေကြောင်းမှဗုံးကြဲတိုက်ခိုက်သွားသည်။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊KPDF ပူးပေါင်းတပ်ကလည်း အဆိုပါလေယာဉ်အား ပြန်လည်ပစ်ခတ်ခဲ့သည်ဟု ဒေသခံ သတင်းရင်းမြစ်အချို့က ပြောသည်။

ကချင်ပြည်နယ်တွင် ယမန်နေ့ကလည်း မြစ်ကြီးနားမြို့ပေါ်မှ ရွှေဆိုင်တဆိုင် ဓားပြတိုက်ခံရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်က အင်အားထပ်ဖြည့်၍တိုက်ပွဲဆက်ပြင်းထန်နေမည်ဟု သတိပေး

သတင်း

ဖားကန့်တွင် စစ်ကောင်စီမူလတပ်စွဲထားသည့် နေရာများအပြင် ကျေးရွာဆယ်ရွာထက်မနည်း၌ စစ်ကြောင်းများရှိနေပြီး ဒေသတစ်ခုလုံးအတိုင်းအတာအားဖြင့် စစ်ရေးတင်းမာနေကြောင်း KIA၊KPDF တပ်ဖွဲ့ဝင်များက ပြောသည်။

သတင်း

ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်တွင်စစ်ရေးအခြေအနေ ပိုမိုရှုပ်ထွေးလာပြီး လုံခြုံရေးသတိထားကြရန် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊KPDFက သတိပေးထားသလို တမြို့နယ်လုံးရှိ စာသင်ကျောင်းများလည်း စစ်ကောင်စီက အရေးပေါ် ပိတ်လိုက်သည်။

သတင်း

ဖားကန့်မြို့တွင် စစ်ကောင်စီတပ်က အရပ်သားများအား ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊KPDF တပ်ဖွဲ့ဝင်များဟုစွပ်စွဲ ဖမ်းဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်များက ပြောသည်။

Trending

Facebook