close
Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမြို့သစ်မှာ စစ်တပ်ခန့်ဝန်ကြီးချုပ်အမိန့်နဲ့ လမ်းဘေးဆိုင်တွေကိုရဲနဲ့စည်ပင်ကဖယ်ရှားနေ

စစ်ကိုင်းငလျင်ကြီးဒဏ်ခံစားခဲ့ရတဲ့ မန္တလေးမြို့မှာ မြို့သစ်ပိုင်းက လမ်းဘေးဆိုင်တွေကို စစ်​ကောင်စီခန့်ဝန်ကြီးချုပ်အမိန့်နဲ့ ရဲနဲ့စည်ပင်က လိုက်လံဖယ်ရှားနေလို့ ဆိုင်တွေပိတ်ထားရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

လမ်းဘေးဆိုင်တွေဖယ်ရှားဖို့ အစည်းအဝေးမှာ ညွှန်ကြားခဲ့တဲ့ စစ်ကောင်စီခန့်ဝန်ကြီးချုပ် ဦးမျိုးအောင်ကို တွေ့ရစဥ်။ ဓာတ်ပုံ-စကစ

သြဂုတ်-၂၉၊၂၀၂၅။မေရီ/People’s Spring

စစ်ကိုင်းငလျင်ကြီးဒဏ်ခံစားခဲ့ရတဲ့ မန္တလေးမြို့မှာ မြို့သစ်ပိုင်းက လမ်းဘေးဆိုင်တွေကို စစ်​ကောင်စီခန့်ဝန်ကြီးချုပ်အမိန့်နဲ့ ရဲနဲ့စည်ပင်က လိုက်လံဖယ်ရှားနေလို့ ဆိုင်တွေပိတ်ထားရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ထဲက မြို့သစ်ပိုင်းလမ်းတွေပေါ်မှာလမ်းဘေးဆိုင်တွေကိုစစ်ကောင်စီတပ်လက်အောက်ခံ ရဲနဲ့ စည်ပင်ဝန်ထမ်းတွေက အင်အားအများအပြားနဲ့ လိုက်လံဖယ်ရှားနေတာဖြစ်ကြောင်း မြို့ခံတွေက ပြောတယ်။

“ဆိုင်ရှေ့ခင်းထားတာတွေလည်း အကုန်ဖယ်ပေးဖျက်ပေးရမယ်ပြောတယ်။ ဒီလကုန်နောက်ဆုံးတဲ့”လို့ ချမ်းမြသာစည်မြို့က ဆိုင်ရှင်အမျိုးသမီးတဦးက ပြောပါတယ်။အခုလို လမ်းဘေးဆိုင်တွေဖယ်ရှားနေတာဟာစစ်ကောင်စီခန့်ဝန်ကြီးချုပ်ရဲ့အမိန့်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

မန္တလေးမှာ ငလျင်ကြီးလှုပ်ခတ်ပြီးနောက် ဆိုင်တွေပြိုကျတာတွေကြောင့် ဆိုင်ခန်းစျေးနှုန်းတွေလည်း မြင့်တက်လာခဲ့ကြောင်း၊ အဲဒီအခြေအနေမှာ အခုလိုဆိုင်ရှေ့ခင်းကျင်းထားတာတွေ ဖယ်ပေးရတာ၊ ဆိုင်တွေ ဖျက်ပေးရတာတွေကြောင့် အခက်အခဲတွေ ကြုံနေရတယ်လို့ ဆိုင်ရှင်တွေက ပြောပါတယ်။

“သူတို့(စစ်ကောင်စီဝန်ထမ်းတွေ)ငွေရပေါက်ပဲပြန်ဖြစ်မှာပါ။ မကြာပါဘူး။”လို့ မန္တလေးမြို့သစ်နေ အမျိုးသားတဦးက ပြောပါတယ်။

မန္တလေးမြို့မှာ ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ငလျင်ကြီးကြောင့် အဆောက်အဦးထောင်ချီပျက်စီးခဲ့ပါတယ်။ စျေးဆိုင်၊အရောင်းဆိုင်တွေလည်း ပြိုကျပျက်စီးခဲ့ပြီး ၅ လကျော်တဲ့အထိပြန်လည်ထူထောင်နိုင်ခြင်းမရှိသေးသလို ၊စစ်​ကောင်စီက​ပေးတဲ့အကူအညီ​မရကြောင်း မြို့ခံတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (သြဂုတ် ၂၈)မှာ စစ်အာဏာရှင်စနစ်နဲ့ စစ်ကောင်စီရဲ့တရားမဝင်ရွေးကောက်ပွဲကိုဆန့်ကျင်ဖို့ သပိတ်လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

စစ်ကိုင်းမြိုအဝင်ရတနာပုံတံတား(စစ်ကိုင်းတံတား)မှာဒီနေ့မနက်ပိုင်းကဖြတ်သန်းသွားလာသူတွေနဲ့ ခရီးသည်တင်ကားတွေကိုဒီက​နေ့စစ်တပ်က ပေါ်တာဆွဲသွားတယ်လို့ဒေသခံတွေက​ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (သြဂုတ် ၂၇)မှာ စစ်ကောင်စီရဲ့ တရားမဝင်ရွေးကောက်ပွဲကို သပိတ်မှောက်ကြဖို့ "သင့်မဲဖြင့်တရားဝင်လူသတ်ခွင့်မပေးနဲ့" ​စာတမ်း ၊​ကြွေး​ကြော်ပြီးဆန္ဒပြခဲ့ကြပါတယ်။

သတင်း

စစ်ကိုင်းမြို့ကိုဝင်တဲ့ စစ်ကောင်စီရဲ့စစ်ကိုင်းတံတားဂိတ်က ခရီးသည်တင်ကားတွေကို မှတ်ပုံတင်စစ်ဆေးပြီး ဂိတ်ကြေးအဖြစ် တစ်ဦးလျှင် ၆၀,၀၀၀ကျပ် တောင်းယူခဲ့တယ်လို့ ခရီးသည်တင်ကားတွေဆီက သိရပါတယ်။