close
Connect with us

Hi, what are you looking for?

သတင်း

တရားမဝင်ရွေးကောက်ပွဲ လူထုအားနဲ့ တိုက်ဖျက်ကြဖို့ စစ်ကိုင်းဒေသခံတွေ ဆန္ဒပြ

စစ်ကိုင်းတိုင်းအတွင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ အာဏာသိမ်းစစ်ကောင်စီက ပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲကို လူထုအားနဲ့ တိုက်ဖျက်ဖို့ ဒီကနေ့ (စက်တင်ဘာ ၁)မှာ အသီးသီး ဆန္ဒပြခဲ့ပါတယ်။

ဓာတ်ပုံ - စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွာပေါင်းစုံသပိတ်

စက်တင်ဘာ-၁၊၂၀၂၅။ သုည/People’s Spring

စစ်ကိုင်းတိုင်းအတွင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ အာဏာသိမ်းစစ်ကောင်စီက ပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲကို လူထုအားနဲ့ တိုက်ဖျက်ဖို့ ဒီကနေ့ (စက်တင်ဘာ ၁)မှာ အသီးသီး ဆန္ဒပြခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာ နောက်ပြန်မလှည့်ကြေးဒီတော်လှန်ရေးသပိတ် စစ်ကြောင်းမှ စစ်ကောင်စီကပြုလုပ်မယ့် တရားမဝင်ရွေးကောက်ပွဲကို ပြည်သူတစ်ရပ်လုံးက ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ဆားလင်းကြီးမြို့နယ် ဆိုင်းဘုတ်နဲ့ပုသိမ်မုံရွာလမ်းမကြီးတနေရာမှာ ၅/ဆလကလူထုသပိတ်စစ်ကြောင်းဖော်ဆောင်ရေးကွန်ရက်မှ ဆားလင်းကြီးမြို့နယ်ပလဖ၊ မျိုးဆက်သစ်လူသစ်လူငယ်LPDF အဖွဲတို့နဲ့ ပူးပေါင်းကာ “တရားမဝင်တဲ့အတုအယောင်ရွေးကောက်ပွဲ လူထုအားနဲ့တိုက်ဖျက်ကြ၊ သင့်မဲဖြင့်တရားဝင်လူသတ်ခွင့်မပေးနဲ့” စာသားတွေကို ရေးသားဆန္ဒပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာမှာလည်း အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းနဲ့ ပြည်သူ့အားမာန်သပိတ်စစ်ကြောင်းက “သင့်မဲဖြင့် တရားဝင် လူသတ်ခွင့်မပေးနဲ့” စာသားဖြင့် စစ်ကောင်စီရဲ့ တရားမဝင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ပါတယ်။

စစ်ကိုင်းတိုင်းအတွင်း စစ်တပ်ကစစ်ကြောင်းတွေထိုးနေတဲ့ ကြားက စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြသပိတ်တွေကို နေ့စဉ်ပြုလုပ်နေကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းအတွင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ အာဏာသိမ်းစစ်ကောင်စီက ပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ ဒီကနေ့ (သြဂုတ် ၃၁)မှာ လှုံ့ဆော်ဆန္ဒပြခဲ့ကြပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က သိမ်းပိုက်ထားသည့် ဆော့လော်မြို့နယ် ၊လန်ဆယ်ကျေးရွာတွင် အမျိုးသမီးတဦးကိုရိုက်နှက်ခဲ့သည့် KIA အရာရှိကို ဒေသခံများက ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူ​တွေက"ဖက်စစ်ရွေးကောက်သပိတ်မှောက်တော်လှန်ရေးကိုရဲရဲလျှောက်" ကြွေးကြော်သံတွေနဲ့ အာဏာသိမ်းစစ်ကောင်စီက ပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ ဒီကနေ့ (သြဂုတ် ၃၀)မှာ လှုံ့ဆော်ခဲ့ကြပါတယ်။

သတင်း

မန္တလေးမြို့ကနေ လက်နက်ကိုင်တော်လှန်မှုအားကောင်းရာ စစ်ကိုင်း၊ကချင်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသတွေဆီ စက်သုံးဆီ ပို့ဆောင်တယ်ဆိုပြီး လူ ၂၀၀နီးပါးကို စစ်ကောင်စီ က အခုရက်ပိုင်းအတွင်း ထောင်ဒဏ်တွေချလိုက်တယ်လို့ သိရပါတယ်။