close
Connect with us

Hi, what are you looking for?

သတင်း

နန်မွန်းတားရွာတိုက်ပွဲ စစ်တပ်စစ်ကြောင်းမှူးနှင့်ကသည်းတပ်အရာရှိအပါအဝင် ၉ဦးသေဆုံး

တမူးမြို့နယ်၊ နန်မွန်းတားရွာအနီးတိုက်ပွဲ၌စစ်ကောင်စီစစ်ကြောင်းမှူးဗိုလ်ကြီး နှင့်ကသည်းတပ်မှ အရာရှိတစ်ဦးအပါအဝင် ၉ ဦး​သေဆုံးပြီး ဒဏ်ရာရသူများကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် သြဂုတ် ၅ ရက်​နေ့တွင် နန်မွန်းတားရွာကိုစစ်​ကြောင်းထိုးလာသည့်စစ်တပ်ကို ​တော်လှန်​ရေးတပ်များကတိုက်ခိုက်ပြီး​နောက်သိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများ။ဓါတ်ပုံ-အမှတ်(၁)စစ်​ဒေသ

စက်တင်ဘာ-၅၊၂၀၂၅။အိမ်သွင်/People’s Spring

တမူးမြို့နယ်၊ နန်မွန်းတားရွာအနီးတိုက်ပွဲ၌စစ်ကောင်စီစစ်ကြောင်းမှူးဗိုလ်ကြီး နှင့်ကသည်းတပ်မှ အရာရှိတစ်ဦးအပါအဝင် ၉ ဦး​သေဆုံးပြီး ဒဏ်ရာရသူများကြောင်း သတင်းရရှိသည်။

လေကြောင်းပစ်ကူဖြင့် ပြန်ဆုတ်ခွာသွားရသည်အထိ တိုက်ပွဲမှာ ပြင်းထန်ခဲ့ပြီး ရွာကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက ဆက်လက်ထိန်းချုပ်ထားသည်ဟု ဒေသခံသတင်းရင်းမြစ်ကပြောသည်။

“နန်မွန်းတားကို ပြန်သိမ်းမယ်ဆိုပြီး ကြွေးကြော်လာတဲ့စစ်ကြောင်းမှူး ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲမှာ သေတာ။ကသည်းတပ်ကအရာရှိလည်းသေတယ်။ ဒဏ်ရာရတွေကိုပါ လေကြောင်းပစ်ကူနဲ့ ပြန်ဆုတ်သွားတာ” ဟု ၎င်းကပြောသည်။

Public Service Announcement

Public Service Announcement

အိန္ဒိယအစိုးရကိုပုန်ကန်နေသည့်ကသည်းလက်နက်ကိုင်ဖွဲ့များသည် မြန်မာ-အိန္ဒိယနယ်စပ်နေရာအချို့၌ခိုအောင်းနေထိုင်ပြီး အဖွဲ့အချို့သည် စစ်ကောင်စီလက်အောက်ခံအဖြစ် လှုပ်ရှားနေခြင်းဖြစ်သည်။ မြန်မာ-အိန္ဒိယနယ်စပ်နေရာများ၌ လှုပ်ရှားနေသော ကသည်းသူပုန်အဖွဲ့များမှာ United National Liberation Front-UNLF)၊People’s Revolutionary Party of Kangleipak – PREPAK)၊People’s Liberation Army – PLA)၊ Kangleipak Communist Party – KCP)အပါအဝင် ဆယ်ဖွဲ့ထက်မနည်းရှိနေသည်။ စစ်ကောင်စီအားပူးပေါင်းကူညီနေသည့် အဖွဲ့အမည်ကို အတိအကျမသိရသေးပေ။

​တော်လှန်​ရေးတပ်များကထိန်းချုပ်ထား​သောနန်မွန်းတားရွာသည် ကလေး-တမူးအာရှလမ်းပေါ်တွင်တည်ရှိပြီး တမူးမြို့နှင့် ၁၂မိုင်အကွာ၌တည်ရှိသည်။

တမူးမြို့တွင် ပန်းသာရွာ၊မင်းသာရွာအပြင် နေရာသုံးခု၌ စစ်ကောင်စီကအခိုင်အမာတပ်စွဲထားပြီး ပန်းသာရွာ၌ အဓိကအထိုင်စခန်းအဖြစ် ပြင်ဆင်ထားသည်။ နန်မွန်းတားရွာကို ပြန်လည်ထိန်းချုပ်ရန် စစ်ကောင်စီကအကြိမ်ကြိမ်ကြိုးပမ်းခဲ့ပြီး အင်အားသုံး၍ထိုးစစ်ဆင်လေ့ရှိသည်။

၂၀၂၄ခုနှစ် အောက်တိုလာလက တိုက်ပွဲတွင် စစ်ကောင်စီဘက်မှသုံးဦးသေဆုံးပြီး ကသည်းတပ်ဖွဲ့ဝင်တစ်ဦးအရှင်ဖမ်းမိကာ တမူးခရိုင်တပ်ရင်း(၄)မှ ကာကွယ်ရေးရဲဘော်သုံးဦးကျဆုံးခဲ့သည်။ ကသည်းတပ်ဖွဲ့ဝင်ကို အိန္ဒိယအစိုးရထံ အမျိုးသားညီညွတ်ရေးအစိုးရက လွှဲအပ်ပေးခဲ့သည်။

ပြီးခဲ့သည့်သြဂုတ်လဆန်းကလည်းတိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့သည်။နန်မွန်းတားကျေးရွာက်ို ခလရ ၂၂၈ နှင့် ပြည်သူ့စစ် ပူးပေါင်း အင်အား ၈၀ ခန့်က ဩဂုတ်လ၅ရက်နေ့တွင် စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး တမူးခရိုင် စစ်ကြောင်း၊ မော်လိုက်ခရိုင် စစ်ကြောင်း၊ ကလေးခရိုင် စစ်ကြောင်း၊ KNA(B)၊ NLA နှင့် CNA တပ်ဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၁)စစ်ဒေသကထုတ်ပြန်ခဲ့သည်။

တိုက်ပွဲပြင်းထန်စွာဖြစ်ပွားပြီးနောက် ယခုတစ်ကြိမ်လိုပင်စစ်ကောင်စီကလေကြောင်းပစ်ကူဖြင့်ပြန်လည်ဆုတ်ခွာသွားခြင်းဖြစ်သည်။နန်မွန်းတားရွာဘုရားကျောင်းသို့ လေကြောင်းတိုက်ခိုက်ခဲ့သလို အသေခံဒရုန်း အမျိုးအစားများကိုလည်း အသုံးပြုခဲ့သည်ဟုအမှတ်(၁)စစ်ဒေသက ထုတ်ပြန်ခဲ့သည်။အဆိုပါတိုက်ပွဲအတွင်းစစ်ကောင်စီဘက်မှ ရုပ်အလောင်း၆လောင်း၊လက်နက်၉ လက် နှင့်ခဲယမ်းတချို့သိမ်းဆည်းရရှိခဲ့ပြီး ထိခိုက်ဒဏ်

ရာရသူ ၂၀ ဦး ကျော်ရှိသည်ဟု အမှတ်(၁)စစ်ဒေသကထုတ်ပြန်သည်။ ထို့အပြင် ကာကွယ်ရေးရဲဘော်ငါးဦး ကျဆုံးပြီးလက်နက် ၃ လက် ဆုံးရှုံးခဲ့သည်။

စက်တင်ဘာလ ၄ရက်ညနေကလည်း စစ်ကောင်စီက လေကြောင်းပစ်ကူဖြင့် ပြန်လည်ဆုတ်ခွာစဉ် ဂျက်ဖိုက်တာဖြင့်နှစ်ကြိမ်ဗုံးကြဲခဲ့သလို ညဘက်တွင် Y12လေယာဉ်ဖြင့် ဗုံးလာကြဲသွားကြောင်းသတင်းရရှိသည်။​ မြေပြင်တွင် ​တော်လှန်​ရေးတပ်များအထိခိုက်မရှိကြောင်းသိရသော်လည်း အ

သေးစိတ်ဆက်လက်မေးမြန်းနေဆဲဖြစ်သည်။လက်ရှိဖြစ်ပွားနေသောတိုက်ပွဲများနှင့်ပတ်သက်၍ အမှတ်(၁)စစ်ဒေသက သတင်းထုတ်ပြန်ထားခြင်းမရှိသေးပေ။

ဆက်စပ်သတင်းများ