close
Connect with us

Hi, what are you looking for?

သတင်း

သရက်ချောင်းမြို့နယ်တွင် စစ်တပ်က ပြည်သူ ၂ဦး သတ်ဖြတ်ပြီး နေအိမ် ၇၀ကျော် မီးရှို့ဖျက်ဆီး

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်-ထားဝယ်ခရိုင် တပ်မဟာ(၄) နယ်မြေ သရက်ချောင်းမြို့နယ်(ကစယ်ဒိုမြို့နယ်)တွင် အာဏာသိမ်းစစ်တပ်က အရပ်သား ပြည်သူ ၂ဦး သတ်ဖြတ်ပြီး နေအိမ်များ မီးရှို့ဖျက်ဆီးခဲ့ကြောင်း KNU မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်သည်။

သရက်ချောင်းမြို့နယ်တွင် စစ်တပ် နေအိမ်များမီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ − KNU - Mergui-Tavoy District

ဩဂုတ်−၂၈၊ ၂၀၂၅။ ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်-ထားဝယ်ခရိုင် တပ်မဟာ(၄) နယ်မြေ သရက်ချောင်းမြို့နယ်(ကစယ်ဒိုမြို့နယ်)တွင် အာဏာသိမ်းစစ်တပ်က အရပ်သား ပြည်သူ ၂ဦး သတ်ဖြတ်ပြီး နေအိမ်များ မီးရှို့ဖျက်ဆီးခဲ့ကြောင်း KNU မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်သည်။

ဩဂုတ်၂၅ရက်တွင်သရက်ချောင်းမြို့မှ စစ်ကြောင်းထိုးလာသော စစ်တပ်က စော်ဖျားကျေးရွာနှင့် မိုးရွှေကုန်းကျေးရွာအတွင်း ရောက်ရှိချိန် စော်ဖျားကျေးရွာရှိပြည်သူနေအိမ် (၆၀‌‌)လုံးနှင့် ‌‌မိုးရွှေကုန်း ကျေးရွာရှိပြည်သူနေအိမ်(၁၅) လုံးကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဖော်ပြသည်။

ထို့ပြင်မိုးရွှေကုန်းရွာသားနှစ်ဦးကိုလည်း သတ်ဖြတ်ခဲ့ကြောင်း KNU မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

“တိုက်ပွဲဖြစ်တာမရှိဘဲနဲ့ ရွာကို မီးရှို့သွားတယ်လို့ သတင်းရတယ်။ သတ်ဖြတ်ာခဲ့တဲ့သူနှစ်ယောက်ကိုလည်း ရက်ရက်စက်စက် သတ်ဖြတ်သွားတာပေါ့။ လည်ပင်းကို ဓားနဲ့လှီးတဲ့ပုံစံနဲ့သတ်ဖြတ်သွားတာ” ဟု ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) သတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီတပ်က KNU ထိန်းချုပ်နယ်မြေ တောင်ပျောက်ကျေးရွာအုပ်စုဘက် စစ်ကြောင်းထိုးလာရန် ဆောင်ရွက်လာခြင်းဖြစ်ကြောင်းလည်း ၎င်း ကဆိုသည်။

စစ်ကောင်စီတပ်သည် KNU/KNLA မြိတ်-ထားဝယ်ခရိုင်တပ်မဟာ(၄) နယ် မြေသို့ စစ်ကြောင်းထိုးခြင်း၊ စစ်အင်အားဖြည့်တင်းခြင်းများ ပြုလုပ်နေ၍ စစ်ကောင်စီနှင့် KNLA တော်လှန်ရေးပူးပေါင်းတပ်အကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျက်ရှိသည်။

ယခုလပိုင်းများအတွင်း ရေဖြူမြို့နယ်၊ ထားဝယ်မြို့နယ်၊ သရက်ချောင်းမြို့နယ်၊ တနင်္သာရီမြို့နယ်များအတွင်း တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်ဟု တော်လှန်ရေးပူးပေါင်းတပ်နှင့် KNLA တပ်မဟာ(၄)တို့က သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU)ကို အကြမ်းဖက်အုပ်စုအဖြစ် ကြေညာကြောင်း အာဏာသိမ်းစစ်ကောင်စီက ထုတ်ပြန်ခဲ့ခြင်းမှာ သူခိုးက လူပြန်ဟစ်သည့် လုပ်ရပ်ဖြစ်သည်ဟု KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက တုံ့ပြန်ပြောကြားသည်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)ရှိ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO) တပ်ရင်း(၈)ထံသို့ ကော်သူးလေအာမီ(KTLA)တပ်ဖွဲ့ဝင်များ ပြန်လည်ပူးပေါင်းလာဟု ကရင်သတင်းရင်းမြစ်က ပြောသည်။

သတင်း

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်မှာ စစ် တပ်က မိုးရွှေဂူရွာနဲ့ စော်ဖျားရွာကိုစစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်အလုံး ၇၀ ခန့်ကိုမီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသစစ်ရေးသတင်းရင်းမြစ်တွေက People's Spring ကို ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲမှာ ပူးပေါင်းပါဝင်ပံ့ပိုးတာတွေမပြုလုပ်ဖို့ KNUတပ်မဟာ (၅)​ကတားမြစ် လိုက်ပြီး လိုက်နာမှုမရှိရင် အရေးယူမယ်လို့ ဒီနေ့ သြဂုတ်လ ၂၆ ရက်မှာထုတ်ပြန်လာပါတယ်။