close
Connect with us

Hi, what are you looking for?

သတင်း

မြင်းမူနယ်၊စစ်ဆေးရေးဂိတ်ကရဲတွေကို​တော်လှန်​ရေးအဖွဲ့​တွေတိုက်ခိုက် ၃ဦးသေ၊​သေနတ်၃လက်ရ

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာ လမ်းပိုင်းစစ်ဆေးရေးဂိတ်က စစ်ကောင်စီလက်အောက်ခံ ရဲတွေကို တိုက်ခိုက်ရာ သုံးဦးသေပြီး သေနတ်သုံးလက်ရတယ်လို့ T.G.Rတပ်ဖွဲ့ တာဝန်ခံ ဗိုလ်တိုက်ဂါးက ပြောပါတယ်။

တိုက်ခိုက်ပြီးနောက် သိမ်းရတဲ့ လက်နက် သုံးလက်နဲ့ ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ−T.G.R

သြဂုတ်-၁၇၊ ၂၀၂၅။တာရာ /People’s Spring

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာ လမ်းပိုင်းစစ်ဆေးရေးဂိတ်က စစ်ကောင်စီလက်အောက်ခံ ရဲတွေကို တိုက်ခိုက်ရာ သုံးဦးသေပြီး သေနတ်သုံးလက်ရတယ်လို့ T.G.Rတပ်ဖွဲ့ တာဝန်ခံ ဗိုလ်တိုက်ဂါးက ပြောပါတယ်။

ဩဂုတ်၁၄ ရက်မှာမြင်းမူးမြို့နယ်ကစစ်ကိုင်း-မုံရွာလမ်းပိုင်း စစ်ကောင်စီစစ်ဆေးရေဂိတ်စခန်းကထွက်လာတဲ့ ရဲတွေကို ပြောက်ကျားစစ်ဗျူဟာနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“သေသွားတာတွေက ရဲတွေ။ရတဲ့လက်နက်က G3၊ G4 နဲ့ MA 2 “ဟု ဗိုလ်တိုက်ဂါးက တိုက်ခိုက်မှုဖြစ်စဥ်ကိုလူထုနွေဦးကို ရှင်းပြပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်ခံရမှုပြီးတဲ့နောက်မှာ စစ်ကောင်စီတပ်ဟာ ဖြစ်စဥ်ဖြစ်ပွားရာ နေရာအနီးက ကျေးရွာကို မီးရှို့ဖျက်ဆီးတာလုပ်ခဲ့တယ်လို့လည်းဆိုပါတယ်။

ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေရဲ့ ပြောဆိုချက်အရ ဂွေပင်တောကျေးရွာစခန်းက အင်အား ၇၀ ခန့်က သြဂုတ် ၁၄ ရက်မှာ လက်ထုတ်တောကျေးရွာကို မီးရှို့ခဲ့တာလို့ ဆိုပါတယ်။

အဲဒီ ပြောက်ကျားစစ်ဗျူဟာစစ်ဆင်ရေးကို T.G.R တပ်ဖွဲ့ ၊ 11 Brother တပ်ဖွဲ့၊ ရေနဂါးပြည်သူ့ကာကွယ်တပ်ဖွဲ့ ၊ Black Eagleတပ်ဖွဲ့ ၊Hero တပ်ဖွဲ့ ၊

Black Brothers တပ်ဖွဲ့ နဲ့ ဒီမိုပြောက်ကျား

တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပူးပေါင်းတပ်ဖွဲ့ဘက်က ရဲဘော်တွေ အထိခိုက်မရှိခဲ့ဘူးလို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ရွှေဆိုင်တစ်ဆိုင်မှ သိန်း ၂၆၀၀၀‌ ကျော်တန်ဖိုးရှိ ရတနာပစ္စည်းများနှင့် ငွေသား သိန်း ၇၀၀ခန့်အား ဓားပြတိုက်သွားသည့် လူကိုးဦးအား PDF တပ်ရင်းများနှင့် ပကဖများက ၃နာရီအတွင်းရအောင် ပိတ်ဆို့ဖမ်းဆီးပြီး ပိုင်ရှင်ထံ ပြန်လည်အပ်နှံပေးလိုက်ကြောင်း မြင်းခြံခရိုင်တပ်ရင်း(၆)တပ်ရင်းမှူးက People's Spring အားပြောသည်။

သတင်း

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ပေါ်ကနေ ရွှေဆိုင်ဓါးပြတိုက်ပြီးပြန်လာတဲ့ ဓါးပြအဖွဲ့ကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ စစ်ဒေသ - ၁ ဗျူဟာ (၆၄) ဗျူဟာရုံးအဖွဲ့၊ ရုံးအဖွဲ့မှူးက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ကန်တော်ကျေးရွာအား စစ်ကောင်စီက လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ရာ ကလေးငယ်တစ်ဦး အပါအဝင်ပြည်သူလေးဦး သေဆုံးပြီး ၁၀ဦးထက်မနည်း ဒဏ်ရာရရှိကြောင်း မြင်းမူမြို့နယ်သတင်းမှန်ပြန်ကြားရေး အဖွဲ့တာဝန်ရှိသူက ပြောသည်။

သတင်း

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်နှင့် မကွေးတိုင်း၊ စလင်းမြို့နယ်တို့တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး ကလေးငယ်တစ်ဦးနှင့် အမျိုးသားတစ်ဦးကို သတ်ဖြတ်သွားကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

Facebook