close
Connect with us

Hi, what are you looking for?

သတင်း

စစ်အာဏာရှင်ဆန့်ကျင်ဖို့နဲ့ လေကြောင်းအန္တရာယ်ကာကွယ်ဖို့ စစ်ကိုင်းတိုင်းမှာ လှုပ်ရှားမှုပြုလုပ်

စစ်ကိုင်းတိုင်းအတွင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (သြဂုတ် ၁၆)မှာ စစ်အာဏာရှင်ဆန့်ကျင်ဖို့နဲ့ လေကြောင်းအန္တရာယ်ကာကွယ်ဖို့ အသိပညာပေးလှုံ့ဆော်မှုတွေ အသီးသီး ပြုလုပ်ခဲ့ပါတယ်။

ဓာတ်ပုံ - စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွာပေါင်းစုံသပိတ်၊ ရွှေဘိုလူထုသပိတ်

သြဂုတ်-၁၆၊၂၀၂၅။ သုည/People’s Spring

စစ်ကိုင်းတိုင်းအတွင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (သြဂုတ် ၁၆)မှာ စစ်အာဏာရှင်ဆန့်ကျင်ဖို့နဲ့ လေကြောင်းအန္တရာယ်ကာကွယ်ဖို့ အသိပညာပေးလှုံ့ဆော်မှုတွေ အသီးသီး ပြုလုပ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်းယင်းမာပင်မြို့နယ်မှာအောင်လံလွှင့်မည်ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းက မတရားတဲ့စစ်မှုထမ်းဥပဒေကိုဆန့်ကျင်ကြဖို့နဲ့စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း လူထုသပိတ် ချီတက်ဆန္ဒပြခဲ့ပါတယ်။

ဓာတ်ပုံ – စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွာပေါင်းစုံသပိတ်၊ ရွှေဘိုလူထုသပိတ်

ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး သပိတ်စစ်ကြောင်းက ဒေသခံပြည်သူတွေနဲ့အတူ စစ်အာဏာရှင်ကို ဆန့်ကျင်ရေးသပိတ် ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ရွှေဘိုမြို့နယ်မှာလည်း သပိတ်အင်အားစု စစ်ကောင်စီရဲ့ အဓိက အကြမ်းဖက်မှု လေကြောင်းအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ကြဖို့ ဗုံးခိုကျင်းတူးနည်းအကြံပြုချက်တွေ၊ လေကြောင်းတိုက်ခိုက်ခံရချိန် အရေးပေါ်နေထိုင်နည်းတွေကို မျှဝေခဲ့ပါတယ်။

ယင်းလှုပ်ရှားမှုကို ရွှေဘိုမြို့နယ်အတွင်းကျေးရွာအချို့မှာ ရွှေဘိုခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း၄၊ မြို့နယ်လူ့အခွင့်ရေးရာတာဝန်ခံနဲ့ ရွှေဘိုမြို့နယ် သပိတ်အင်အားစု တို့ ပူးပေါင်း လုပ်ဆောင်ခဲ့တာ ဖြစ်ပြီး ကျေးရွာပြည်သူလူထုအများအပြား ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

MNDAA နှင့် စစ်ကောင်စီ လားရှိုးမြို့၌ သြဂုတ် ၁၄ ရက်​နေ့တွေ့ဆုံဆွေးနွေးမှု အဆင်မပြေဖြစ်ပြီးနောက်ရှမ်းပြည်နယ်မြောက်ပိုင်းအား လေကြောင်းတိုက်ခိုက်နိုင်သည့်သတင်းများ ထွက်ပေါ်နေပြီး ကွတ်ခိုင်၊ နမ့်ဖက်ကာမြို့တို့တွင် စာသင်ကျောင်းများ ပိတ်လိုက်ပြီး ကျောင်းသားများကို ပြန်လွှတ်နေကြောင်း​ဒေသခံအချို့က​ပြောသည်။

သတင်း

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (သြဂုတ် ၁၄)မှာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ဆန္ဒပြလှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (သြဂုတ် ၁၃)မှာ စစ်အာဏာရှင်ဆန့်ကျင်ဖို့နဲ့ လေကြောင်းအန္တရာယ်ကာကွယ်ဖို့ အသိပညာပေးလှုံ့ဆော်မှုတွေ အသီးသီး ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်း၊ မကွေး၊ တနင်္သာရီနဲ့ ရှမ်းပြည်နယ်တို့မှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ယနေ့ (သြဂုတ် ၈) ကျရောက်တဲ့ ရှစ်လေးလုံးလူထုအရေးတော်ပုံ (၃၇)နှစ်ပြည့်အထိမ်းအမှတ်အဖြစ် သပိတ်လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ပါတယ်။

Facebook