close
Connect with us

Hi, what are you looking for?

သတင်း

ဘန်ကောက်မှာမြန်မာတစ်ဦးဓားထိုးခံရလို့​သေဆုံး

ဘန်ကောက်မြို့ထဲမှာ မြန်မာတစ်ဦးကို အုပ်စုလိုက် ရန်ပြုပြီး ဓားနဲ့ ထိုးသတ်သွားတဲ့ ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးနေကြောင်း ထိုင်းရဲတွေက ပြောပါတယ်။

အခင်းဖြစ်ခဲ့တဲ့​နေရာကို ထိုင်းရဲတပ်ဖွဲ့ကစစ်​ဆေး​နေစဥ်။ ဓါတ်ပုံ-Siam News

သြဂုတ်-၁၄၊၂၀၂၅။People’s Spring

ဘန်ကောက်မြို့ထဲမှာ မြန်မာတစ်ဦးကို အုပ်စုလိုက် ရန်ပြုပြီး ဓားနဲ့ ထိုးသတ်သွားတဲ့ ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးနေကြောင်း ထိုင်းရဲတွေက ပြောပါတယ်။

ဩဂုတ်လ၁၃ရက်၊မနက်အစောပိုင်းကဘန်ကောက်ရဲ့ ခလွန်တွိုင် ဧရိယာမှာရှိတဲ့လူကူးခုံးကျော်တံတား တစ်စင်းပေါ်မှာ အဲဒီ တိုက်ခိုက်မှု ဖြစ်ခဲ့တာပါ။မနက်အ​စော ၂ နာရီ ဝန်းကျင်လောက်က လူတစ်ယောက် သွေးအိုင်ထဲ လဲနေတာကို သတိထားမိတဲ့ လမ်းသွားလမ်းလာ တစ်ယောက်က ရဲတွေဆီ ဖုန်းဆက် သတင်းပေးခဲ့တဲ့နောက် ရဲတွေ၊ ကယ်ဆယ်ရေးတွေနဲ့ချူလာလောင်ကွန်း တက္ကသိုလ်က ကျန်းမာရေး ဝန်ထမ်းတစ်ဦးတို့ဟာ အခင်းဖြစ်တဲ့ နေရာဆီ အလျင်အမြန် သွားရောက်ခဲ့ပါတယ်။

သေဆုံးသူဟာ အသက် ၃၀ ဝန်းကျင် အရွယ်ဖြစ်ပြီး ဦးခေါင်း၊ လက်၊ တင်ပါးနဲ့ ကျောတို့မှာ နက်ရှိုင်းတဲ့ ဓားဒဏ်ရာတွေ ရထားခဲ့ပါတယ်။ မျက်မြင်တချို့ကတော့ အဲဒီလူဟာ ခလွန်တွိုင် လမ်းဆုံနားမှာ ထွက်ပြေးသွားပြီး သူ့နောက်မှာတော့ သစ်သားတုတ်တွေ ကိုင်ဆောင်ထားတဲ့ လူငယ်တချို့ ပြေးလိုက်သွားတာ မြင်ခဲ့ရတယ်လို့ ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ အရမ်းမှောင်နေလို့ ဘယ်သူဘယ်ဝါတွေ ဆိုတာကို မမှတ်မိကြောင်း၊ အဲဒီလူအုပ်ထဲမှာ ဓားပါလာနိုင်တယ်လို့ ယူဆရကြောင်း၊ သူတို့တွေဟာ သူနားမလည်တဲ့ဘာသာစကား တစ်မျိုးကို အော်ဟစ်နေခဲ့ကြောင်း မျက်မြင်တစ်ဦးက ဆိုပါတယ်။

သိပ်မကြာခင်မှာတော့ နောက်ထပ်လူငယ်တစ်အုပ်က မော်တော်ဆိုင်ကယ်တွေနဲ့ ရောက်လာပြီး တုတ်တွေကိုင်ထားတဲ့ သူတွေကို ခေါ်တင်ပြီးထွက်ခွာသွားခဲ့ကြောင်း သိရပါတယ်။ အနီးတဝိုက်မှာ စျေးရောင်းသူ တစ်ယောက်က လူငယ် ၁၀ ယောက်လောက်ဟာ မော်တော်ဆိုင်ကယ် ၅ စီးပေါ်မှာ စီးနင်းသွားပြီး တစ်ခုခု အော်ဟစ်သွားတာ ကြား

လိုက်မိကြောင်း၊ဒါပေမဲ့ဓါးထိုးမှု ဖြစ်တဲ့အကြောင်းကိုတော့ သတိမထားမိလိုက်ကြောင်း ရဲတွေဆီ ထွက်ဆိုခဲ့ပါတယ်။

သေဆုံးသူဆီမှာဘယ်သူဘယ်ဝါဆိုတာသိရှိနိုင်မယ့်စာရွက်စာတမ်းအထောက်အထားတွေ မတွေ့ရဘဲ မိုဘိုင်းဖုန်း တစ်လုံးသာ ကိုင်ဆောင်ထားခဲ့တယ်လို့ရဲတွေကပြောပါတယ်။သူဟာ မြန်မာတစ်ယောက် ဖြစ်တယ်ဆိုတာ ခိုင်ခိုင်မာမာ ယူဆရပေမယ့် တရားဝင် တိတိကျကျတော့ အတည်မပြုရသေးဘူးလို့လည်း ရဲတွေက ဆိုပါတယ်။

လောလောဆယ်တော့ ရဲတပ်ဖွဲ့ဟာ မျက်မြင်သက်သေတွေဆီကစစ်ချက်ယူတာ၊လုံခြုံရေး ကင်မရာမှတ်တမ်းတွေကို ပြန်လည် ကြည့်ရှုတာတွေနဲ့အတူ စုံစမ်းစစ်ဆေးမှုတွေ ဆက်လုပ်နေပါတယ်။ အစောပိုင်းက အဲဒီတဝိုက်မှာ ရန်ပွဲတစ်ခု ဖြစ်ခဲ့ပြီး အခု ဓားထိုးမှုနဲ့ ဆက်စပ်သလား ဆိုတာကိုတော့ မသိရသေးပါဘူး။

ကိုးကား-ASEAN Now

ဆက်စပ်သတင်းများ

သတင်း

ခေတ်မီ နည်းပညာတွေကို အသုံးချပြီး လုပ်ငန်း လည်ပတ်နေတဲ့ နယ်စပ်ဖြတ်ကျော် ငွေလိမ်ဂိုဏ်း (ကျားဖြန့်) ကွန်ရက် တစ်ခုကို ဖော်ထုတ်ပြီး မြန်မာနိုင်ငံသား အဖွဲ့ဝင် ၃ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

ကျူးလွန်သူဟာလက်​ဝှေ့သမား​ဟောင်းဖြစ်ပြီး လုံခြုံ​ရေးအလုပ်ပြုတ်လို့စိတ်ဆိုပြီး ခရီးသွား​တွေကိုတိုက်ခိုက်မိတာလို့ ရဲဆီထွက်ဆို

နိုင်ငံတကာ

စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ချိန်အတွင်း ဘန်ကောက်မြို့က ဆောက်လက်စ အထပ်မြင့်တိုက် ပြိုကျခဲ့မှုနဲ့ ပတ်သက်ပြီး လူ ၂၂ ဦးနဲ့ တရုတ်ပိုင် ဆောက်လုပ်ရေး လုပ်ငန်းတစ်ခုကို ထိုင်းအစိုးရ ရှေ့နေတွေက အမှုဖွင့် တရားစွဲဆိုလိုက်ပါတယ်။

သတင်း

မြန်မာနိုင်ငံမှာ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးမှုတွေအတွက် ကြိုတင် သတ်မှတ်ချက် တစ်ခုအဖြစ် တိုက်ခိုက်မှု အသစ်တွေ အစမပြုဖို့ တောင်းဆိုထားကြောင်း မလေးရှား ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။