ဇွန် ၁၊၂၀၂၅။ သုည/People’s Spring
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ယနေ့ (ဇွန်လ ၁) ပြုလုပ်သည့် လိင်စိတ်ခံယူမှု စုံလင်ကွဲပြားသူများနေ့ အထိမ်းအမှတ် လမ်းလျှောက်ပွဲ၌ မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားသူများက ပါဝင်ဆန္ဒပြခဲ့ကြသည်။
ဆန္ဒပြမြန်မာများက “Myanmar Junta Has No Pride”၊ “တော်လှန်အလံတွေလွှင့်ကြ အာဏာရှင်တွေဖြုတ်ချ” ဟူသည့် စာသားအား ကိုင်ဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံများဖြင့် ပါဝင်ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် စစ်ရာဇဝတ်မှုများရပ်တန့်ရန် ၊မြန်မာပြည်သူများနှင့် အတူရပ်တည်ကြရန် Stop Crime , Save Burma ၊ Stand with People of Burma စာများကိုလည်းကိုင်ဆောင်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

Public Service Announcement
“လူမျိုးရေးအစွန်းရောက်တချို့နဲ့ အာဏာပိုင်တွေကိုတော့ သတိကြီးကြီးထားပြီး အလုပ်လုပ်ခဲ့ရပါတယ်။ ပါလက်စတိုင်း၊ဂါဇာ၊ မြန်မာ လွတ်မြောက်
ရေးအတွက် ကြွေးကျော်သံတွေတိုင်ခဲ့တယ်။ တရုတ်တက်ကြွလှုပ်ရှားသူတွေနဲ့အတူ ထိုင်းတက်ကြွလှုပ်ရှားသူတွေနဲ့အတူ ချီတက်ခဲ့ကြပါတယ်။ LGBTQ supporter တစ်ယောက်အနေနဲ့ရော မြန်မာ့အရေးတက်ကြွသူတစ်ယောက်အနေနဲ့ရော ဂုဏ်ယူမိပါတယ်။ ဒီနေ့ အတွက် လမ်းခရီး နေရာ အကူအညီပေးခဲ့ကြသူ မြန်မာ၊ ထိုင်း၊ တရုတ်၊ အမေရိကန်၊ အင်္ဂလိပ် အပြင် ဘန်နာကို မြင်လိုက်တာနဲ့ ဝါးကနဲဖြစ်သွားတဲ့ နိုင်ငံပေါင်းစုံက တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်မိပါတယ်” ဟု ယင်းဆန္ဒပြလှုပ်ရှားမှုတွင် ပါဝင်ခဲသူတစ်ဦးက လူမှုကွန်ယက်၌ ရေးသားဖော်ပြခဲ့သည်။
