မေ ၁၁၊၂၀၂၅။ သုည/People’s Spring
စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (မေလ ၁၁)မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းက ဒေသခံပြည်သူတွေနဲ့ ပူးပေါင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် ချီတက်ဆန္ဒပြခဲ့ပါတယ်။




ဆန္ဒပြတော်လှန်ပြည်သူတွေက “အောင်လံလွှင့်မည် ဒေါင်းသွေးနီသပိတ်” ဆိုတဲ့ စာသားကို ကိုင်ဆွဲပြီး စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဟစ်ကြွေးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

Public Service Announcement
ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာမှာလည်း အောင်လံလွှင့်မည် ရွှေရေကြည် လူထုသပိတ်စစ်ကြောင်းဟာ စစ်အာဏာရှင်စနစ်နဲ့ မတရားတဲ့စစ်မှုထမ်းဥပဒေကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
အလားတူ ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း မြောက်ခြမ်းကျေးရွာများသပိတ်ကော်မတီက ဦးဆောင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး ညနေဆည်းဆာသပိတ် ဆင်နွှဲခဲ့ပါတယ်။
စစ်ကိုင်းတိုင်းအတွင်းက ဒေသခံတော်လှန်ပြည်သူတွေဟာ နယ်မြေမငြိမ်သက်မှုကြားက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်တွေကို နေ့စဉ်ပြုလုပ်နေကြပါတယ်။
