မေ – ၁၁ ၊၂၀၂၅ ၊ ဆိုင်းမင်း/ People’s Spring
မန္တလေးမြို့မှာ လတ်တလောဆောက်လုပ်နေတဲ့ဆောက်လက်စ အဆောက် အဦးတွေအားလုံးရပ်ဆိုင်းထားဖို့နဲ့ စစ်ဆေးပြီးမှသာ ဆက် လက်ဆောက်လုပ်ခွင့်ပြုမယ်လို့ မန္တလေးစည်ပင်က မေလ ၁၀ ရက်မှာ ကြေညာပါတယ်။
အင်းအားပြင်းငလျင်ကြီးလှုပ်ခတ်ခဲ့တာကြောင့် ဆောက်လက်စ အဆောက်အဦးတွေရဲ့ ပင်မတိုင်တွေ ပျက်စီးမှု ရှိ ၊မရှိ စစ်ဆေးဖို့လိုအပ်တာကြောင့် ခေတ္တ ရပ်ထားကြဖို့ မန္တလေး စည်ပင်က ဆိုထားပါတယ်။
အဲဒီနောက်စစ်ကောင်စီရဲ့ မန္တလေးတိုင်းအစိုးရ အဖွဲ့က ဖွဲ့ပေးတဲ့ စစ်ဆေးရေးအဖွဲ့က လိုက်လံစစ်ဆေးမှာဖြစ်သလို အဆောက်အဦးရဲ့ ပင်မတိုင်တွေ ထိခိုက်သွားရင် ဆက်လက်ဆောက်လုပ်ခွင့်မပေးတော့ဘဲ အသစ်ပြန်ဆောက်ရမယ်လို့ ကြေညာချက်မှာ ပါရှိပါတယ်။

Public Service Announcement
မလိုက်နာရင်တော့ အရေးယူမယ်လို့လည်း မန္တလေး စည်ပင်ကဆိုပါတယ်။
အခုအသိပေးကြေညာချက်ဟာ မန္တလေးမြို့ပေါ်က အောင်မြေသာစံ၊ ချမ်းအေးသာစံ၊ မဟာအောင်မြေ၊ ချမ်းမြသာစည်၊ ပြည်ကြီးတံခွန်နဲ့ အမရပူရမြို့နယ်အတွင်းက ဆောက်လက်စ အဆောက်အဦးတွေ အကြုံးဝင်တယ်လို့သိရပါတယ်။
