close
Connect with us

Hi, what are you looking for?

သတင်း

ကျောက်မဲဆေးရုံအပါအဝင် မြို့ပေါ်ကို စစ်ကောင်စီ ဗုံးကြဲ

တောင်းထားသည့်မြို့များ ပြန်ပေးမည်မဟုတ်ဟု သတင်းစာရှင်းလင်းပွဲတွင်ပြောအပြီး မိုးကုတ်၊နောင်ချိုနှင့် ကျောက်မဲကို လေကြောင်းတိုက်ခိုက်နေ

တိုက်ပွဲများအတွင်း ပျက်စီးသွားသည့် ကျောက်မဲမြို့ပေါ်မှ အဆောက်အအုံအချို့ကို ၂၀၂၄ ဇူလိုင် ၁ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ -AFP

မေ ၅၊၂၀၂၅။ကဖေး/People’s Spring

တအာင်းတပ်မတော်(TNLA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ကျောက်မဲမြို့ဆေးရုံနှင့် နေရာအချို့ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ယ‌နေ့ (မေလ ၅ရက်) ၁၁နာရီမှ ၁၁နာရီ ၂၀မိနစ်အတွင်း မြို့ပေါ်နေရာသုံးနေရာကို လေကြောင်းမှ သုံးကြိမ် ဗုံးကြဲတိုက်ခိုက်သွားကြောင်း အဆိုပါမြို့ခံတစ်ဦးက ပြောသည်။

” ကျောက်မဲဆေးရုံကိုပါ ပစ်သွားတာပါ။ ဂျက်ဖိုက်တာ ဆက်ပျံနေပါတယ်။ ‌မြို့ခံတွေ ဘယ်လိုမှ နေလို့မတတ်ပါ”ဟု ကျောကမဲဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

နောက်ဆက်တွဲထပ်မံသိရှိရသော သတင်းများအရ စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲသွားသောနေရာမှာ ကျောက်မြဲမြို့ရှိ စစ်ကောင်စီ၏ အမြောက်တပ်နှင့် နောက်ထပ် တနေရာဖြစ်ကြောင်း မြို့ခံက ပြောသည်။

စစ်ကောင်စီ ပြန်တောင်းနေသည့်မြို့များကို ပြန်ပေးမည်မဟုတ်ဘဲ လူထုဆန္ဒနှင့်အညီ စီမံဆောင်ရွက်သွားမည်ဟု TNLAက ယမန်နေ့ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောကြားခဲ့ပြီးနောက် စစ်ကောင်စီက ကျောက်မဲမြို့ကို ဗုံးကြဲခြင်းဖြစ်သည်။

စစ်ကောင်စီနှင့် TNLAသည် အပစ်ရပ်စဲရန် တရုတ်နိုင်ငံ၏ကြားဝင်စီစဉ်မှုဖြင့် ဧပြီ ၂၈နှင့် ၂၉ရက်တွင် ကူမင်းမြို့၌တွေ့ဆုံဆွေးနွေးခဲ့ပြီး အဆင်ပြေခြင်းမရှိခဲ့ပေ။ အထက်ပါဆွေးနွေးပွဲကို TNLAဘက်မှ ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားဦးဆောင်ပြီး စစ်ကောင်စီဘက်မှ ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦး ဦးဆောင်ခဲ့သည်။

လေကြောင်းမှ ဗုံးကြဲခြင်း၊ လက်နက်ကြီးများပစ်ခတ်ခြင်း၊ ဒရုန်းများဖြင့် တိုက်ခိုက်ခြင်း၊ ထိုးစစ်ဆင်ခြင်းစသည့် ပစ်ခတ်တိုက်ခိုက်မှုများအားလုံး ရပ်တန့်ရန်၊ တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပြန်လည်ဖွင့်လှစ်နိုင်ရန်၊ ဒေသတည်ငြိမ်အေးချမ်းရန်နှင့် ကိုးကန့်တပ်ဖွဲ့(MNDAA)ကဲ့သို့ တဆင့်တိုး အပစ်ခတ်ရပ်စဲရေးပြုလုပ်နိုင်ရန်အတွက် တရုတ်နိုင်ငံအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်းမှ ကမကထပြုအလေးထားကြိုးပမ်းပြီး နှစ်ဖက်တွေ့ဆုံမှုများ အလျင်အမြန်တိုးတက်လာစေရန် ဆေးနွေးခဲ့ကြကြောင်း TNLAက ထုတ်ပြန်သည်။

ထို့အပြင် စစ်ကောင်စီက မိုးကုတ်မြို့အပါအဝင် TNLAထိန်းချုပ်ထားသည့် နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးမိတ်နှင့် မိုးကုတ်မြို့များမှ ထွက်ခွာပြီး ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖြစ်သည့် နမ့်ဆန်နှင့် မန်တုံမြို့နယ်အထိ ပြန်ဆုတ်ခွာရန် တောင်းဆိုခဲ့သည်ဟု ဆိုသည်။ အဆိုပါတောင်းဆိုမှုကို လက်ခံမည်မဟုတ်ကြောင်း TNLAက မေလ ၅ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။

စစ်ကောင်စီသည် TNLA ထိန်းချုပ်ထားသည့် မိုးကုတ်မြို့နှင့် နောင်ချ်ိုမြိုတို့ကိုလည်း ယမန်နေ့ကအထိ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေသည်။

ကျောက်မဲဆေးရုံကို ပြီးခဲ့သည့် ဇန်နဝါရီ ၂၅ရက်တွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲခဲ့ရာ ကျန်းမာရေးဝန်ထမ်းတစ်ဦးအပါအဝင် နှစ်ဦးသေဆုံးပြီး ၂၀ဦးထက်မနည်း ဒဏ်ရာရခဲ့သည်။ ‌ယနေ့ လေကြောင်းတိုက်ခိုက်မှုတွင် ထိခိုက်မှုကို မသိရသေး‌ပေ။

တအာင်းပြည် တပ်မဟာ (၂)နယ်မြေ၊ ကျောက်မဲမြို့ကို စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ယနေ့ နံနက် ၁၁နာရီ ၂၀မိနစ်အချိန်တွင် ဗုံး နှစ်လုံး လာရောက်ကြဲချတိုက်ခိုက်သည်ဟု TNLAက ထုတ်ပြန်သည်။

ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ထိခိုက်မှုအခြေအနေများကို နောက်တွင် တင်ဆက်ပေးမည်ဟုလည်း ဆိုသည်။

စစ်ကောင်စီတပ်သည် မေလအတွင်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်သော မိုးကုတ်နှင့် နောင်ချိုမြို့နယ်အတွင်း လေကြောင်းဖြင့် ဗုံးများ နေ့စဥ်ရက်ဆက် ကြဲချခဲ့သည်ဟု ဖော်ပြထားသည်။

ထို့အပြင် PSLF/TNLA အုပ်ချုပ်သောမြို့နယ်များကိုလည်း စစ်အင်အား ဖြည့်တင်းခြင်း၊ ထိုးစစ်ဆင်ခြင်းနှင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နေရာများကို လေကြောင်းဖြင့် မိဘပြည်သူလူထုများကို ရည်ရွယ်ချက်ရှိရှိ ဦးတည်ပြီး ဗုံးကြဲချခြင်းစသည့်လုပ်ရပ်များ ပြုလုပ်နေသည်ဟု ထပ်မံဖော်ပြထားသည်။

ထို့ကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှ ကာကွယ်ရေးဆိုင်ရာနည်းလမ်းများ လိုက်နားဆောင် ရွက်ရန် လိုအပ်သည်ဟု တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်က‌ ကျေးရွာတွေကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာမို့ ထုံးကြီး ကျေးရွာက အမျိုးသားတစ်ဦး သေဆုံးပြီး သုံးဦးထိခိုက်ဒဏ်ရာတွေရခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖသတင်းတာဝန်ခံက ပြောပါတယ်။

သတင်း

တိုက်ခိုက်မှု ၂၄၃ ခုထဲမှာ ၁၇၁ ကြိမ်ဟာ လေကြောင်းတိုက်ခိုက်မှုတွေဖြစ်

သတင်း

တရုတ်အစိုးရနှင့် အာဏာသိမ်းစစ်ကောင်စီတို့ပေးသည့် ဖိအားကြောင့် လူထုထိခိုက်မှု အလွန်ပြင်းထန်ခဲ့ရကြောင်း တအာင်းတပ်မတော်(TNLA)က ယနေ့ (မေလ ၄ရက်)တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အဖွဲ့ပြောရေးဆိုခွင့်ရှိသူ တွဲဖက်အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး တားပန်လက ပြောသည်။

သတင်း

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်ရှိ ကွမ်းဆိပ်နယ်မြေရဲစခန်းတိုက်ခိုက်ခံရမှုအား တပ်ကူသွားသည့် စစ်ကောင်စီတပ်၏ လှေတစ်စီးတိမ်းမှောက်ပြီး အင်အား ၃၀ခန့်မြစ်အတွင်း မျောပါသွားကြောင်း ဒေသတော်လှန်ရေးသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။