close
Connect with us

Hi, what are you looking for?

သတင်း

မြန်မာ့အရေးစွက်ဖက်နေသည့် တရုတ်အစိုးရကို ကန့်ကွက်ကြောင်း တောင်ကိုရီးယားရောက် မြန်မာများ ဆန္ဒပြ

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တွင် ပြည်ပရောက် မြန်မာများ စုပေါင်း၍ မြန်မာ့အရေးဝင်ရောက်စွက်ဖက်ခြယ်လှယ်နေသည့် တရုတ် အစိုးရကို ဆန့်ကျင်ကန့်ကွက်သည့် ဆန္ဒပြပွဲကို ယနေ့ (မေလ ၃) ပြုလုပ်ခဲ့သည်။

ဓာတ်ပုံ - MFDMC

မေ ၄၊၂၀၂၅။ သုည/People’s Spring

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တွင် ပြည်ပရောက် မြန်မာများ စုပေါင်း၍ မြန်မာ့အရေးဝင်ရောက်စွက်ဖက်ခြယ်လှယ်နေသည့် တရုတ် အစိုးရကို ဆန့်ကျင်ကန့်ကွက်သည့် ဆန္ဒပြပွဲကို ယနေ့ (မေလ ၃) ပြုလုပ်ခဲ့သည်။

အဆိုပါ တရုတ်အစိုးရဆန့်ကျင်ရှုတ်ချပွဲကို MFDMCနှင့် တောင်ကိုရီးယားရှိ ဒီမိုကရေစီအရေးတက်ကြွသောမြန်မာအဖွဲ့အစည်းများ၊ ကိုရီးယားအဖွဲ့အစည်းများမှ ပူးပေါင်းဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြပွဲဦးဆောင်သူတို့က တော်လှန်ရေးအတွက် ထောက်ပံ့ရေးဆိုင်ရာ လှုံ့ဆော်သပိတ်တရားဟောပြောမှုများ၊ တော်လှန်ရေးကဗျာများရွတ်ဆိုခြင်းတို့ ဆောင်ရွက်ခဲ့သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် မြန်မာပြည်သူများ၏ လိုလားချက်နှင့် တောင်းဆိုချက်များကို တရုတ်သံရုံးထံ အိတ်ဖွင့်ပေးစာနှင့် တောင်းဆိုချက်များ ပေးပို့ခဲ့ကြောင်း MFDMC က ဖော်ပြခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တရုတ်အစိုးရနှင့် အာဏာသိမ်းစစ်ကောင်စီတို့ပေးသည့် ဖိအားကြောင့် လူထုထိခိုက်မှု အလွန်ပြင်းထန်ခဲ့ရကြောင်း တအာင်းတပ်မတော်(TNLA)က ယနေ့ (မေလ ၄ရက်)တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အဖွဲ့ပြောရေးဆိုခွင့်ရှိသူ တွဲဖက်အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး တားပန်လက ပြောသည်။

သတင်း

တရုတ်စီစဉ်မှုဖြင့် ဆွေးနွေးမှုဆက်ရှိမည်ဖြစ်သော်လည်း စစ်ကောင်စီနှင့် မည်သည့်အချိန် အပစ်ရပ်စဲမည်ပြောရန် ခက်ခဲကြောင်း အသိပေး

သတင်း

နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်နှင့် မိုးမိတ်မြို့များမှ ဆုတ်ခွာပေးရန် စစ်ကောင်စီ တောင်းဆိုချက် TNLA သဘောမတူ

သတင်း

တရုတ်အစိုးရက မြန်မာ့အရေးနှင့်ပတ်သက်၍ ကြားဝင်ဖျန်ဖြေမှုများသည် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေး မဖြစ်စေသင့်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတက ပြောကြားခဲ့ပြီး တရုတ်အစိုးရ၏ NUG အပေါ် ထင်ကြေးအမျိုးမျိုး ချဉ်းကပ်နေမှုအပေါ် ကိုင်တွယ်ဖြေရှင်းရန်လိုကြောင်း အစိုးရ အဖွဲ့ဝင်များကို မှာကြားခဲ့သည်။