close
Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန် − မော်လမြိုင်လမ်းပိုင်းရှိ မိုးကောင်းတံတား မိုင်းခွဲခံရ၍ ကုန်တင်ယာဥ်များ ပိတ်မိ

ရန်ကုန် − မော်လမြိုင်လမ်းပိုင်းရှိ မိုးကောင်းတံတား မိုင်းခွဲခံရ၍ ကုန်တင်ယာဥ်ကြီးများအပါအဝင် ယာဥ်များပိတ်မိနေကြောင်း ခရီးသွားပြည်သူများက ပြောသည်။

ဖောက်ခွဲဖျက်ဆီးခံရသည့် မိုးကောင်းတံတားအား တွေ့ရစဥ်ဓာတ်ပုံ - CJ

မေ ၄၊ ၂၀၂၅။ ထင်လင်း/People’s Spring

ရန်ကုန် − မော်လမြိုင်လမ်းပိုင်းရှိ မိုးကောင်းတံတား မိုင်းခွဲခံရ၍ ကုန်တင်ယာဥ်ကြီးများအပါအဝင် ယာဥ်များပိတ်မိနေကြောင်း ခရီးသွားပြည်သူများက ပြောသည်။

အဆိုပါ မိုးကောင်းတံတားသည် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကျိုက္ကော်မြို့အထွက် သထုံနှင့် ဘီးလင်းမြို့နယ်ကြားတွင် တည်ရှိပြီး ယမန်နေ့(မေ ၃ ရက်)ည ၁၁နာရီခွဲခန့်က ဖောက်ခွဲဖျက်ဆီးခံရခြင်းဟု ဒေသခံများက ပြောသည်။

“မိုးကောင်းဘုရားနဲ့ အဲ့ဒီတံတားက ကိုက် ၁၀၀လောက်ပဲရှိတယ်။ မိုးကောင်းဘုရားဝန်းထဲမှာ စကစ တွေရှိရဲ့သားနဲ့ မိုင်းခွဲခံရတယ်ဆိုတော့ ဒါစဥ်းစားစရာပဲ”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

မိုးကောင်းတံတားသည် ပြီးခဲ့သည့် ၂၀၂၄ ဖော်ဖော်ဝါရီ ၂၈ ရက်ကလည်း ဖောက်ခွဲဖျက်ဆီးခံရပြီး ယခု ဒုတိယအကြိမ် ထပ်မံဖောက်ခွဲခံရခြင်းဟု ဒေသခံများက ပြောသည်။

“ရွာပတ်လမ်းက ကားကြီး၊ ကားငယ်တွေ ဖြတ်နေကြပါပြီ။ နဲနဲတော့ စောင့်ရပါတယ်။ ကားငယ်က တစ်လမ်း၊ ကားကြီးတစ်လမ်း ဖြတ်လို့ရပါတယ်”ဟု ယနေ့ (မေလ ၄ရက်) နေ့လယ်ပိုင်းအခြေအနေကို ခရီးသွားယာဥ်မောင်းတစ်ဦးက ပြောသည်။

အချို့သော ခရီးသွားယာဥ်မောင်းများ၏ ပြောဆိုမှုအရ ကျိုက္ကော်မြို့ပတ်လမ်းမှာ ယာဥ်ငယ်များဖြတ် သန်းသွားလာ၍ အဆင်ပြေသော်လည်း ကုန်တင်ယာဥ်ကဲ့သို့ တွဲကားများဖြတ်သန်းသွားလာရာတွင် လမ်းပိုင်းအနေအထားအရ သတိထားသွားလာရန်လိုအပ်ပြီး အချိန်စောင့်ဆိုင်းသွားလာရခြင်းကြောင့် ကျန့်ကြာမှုများရှိနေကြောင်း စုံစမ်းသိရသည်။

အထက်ပါ တံတားဖောက်ခွဲဖျက်ဆီးခံရမှုသည် မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်သည်ကို မသိရသေးဘဲ စစ်ကောင်စီတပ်အထိုင်ချထားသည့်နေရာအနီး ဖောက်ခွဲခံရခြင်းဖြစ်၍ ၎င်းတို့လုပ်ရပ်သာဖြစ်နိုင်ကြောင်း ဒေသခံများက သုံးသပ်သည်။

ဆက်စပ်သတင်းများ

Facebook