close
Connect with us

Hi, what are you looking for?

သတင်း

ထိုင်းက လျှပ်စစ်မီးဖြတ်တောက်မှု ရှမ်းအရှေ့ပိုင်းမြို့နယ်များအထိ ရိုက်ခတ်

ထိုင်းနိုင်ငံအစိုးရက နယ်စပ်မြို့ဖြစ်သော တာချီလိတ်မြို့အား လျှပ်စစ်မီးတောက်လိုက်သည့် ပြဿနာသည် တာချီလိတ်မြို့အပြင် ရှမ်းပြည်နယ်အရှေ့ပိုင်းမြို့နယ်များအထိရိုက်ခတ်နေပြီး စက်သုံးဆီပြတ်လပ်မှုအန္တရာယ် ရင်ဆိုင်နေရကြောင်း သတင်းရရှိသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ရှိ နယ်စပ်ဂိတ်ပေါက်ကို တွေ့ရစဉ်။ ဓာတ်ပုံ - EPA

ကဖေး/People’s Spring

ထိုင်းနိုင်ငံအစိုးရက နယ်စပ်မြို့ဖြစ်သော တာချီလိတ်မြို့အား လျှပ်စစ်မီးတောက်လိုက်သည့် ပြဿနာသည် တာချီလိတ်မြို့အပြင် ရှမ်းပြည်နယ်အရှေ့ပိုင်းမြို့နယ်များအထိရိုက်ခတ်နေပြီး စက်သုံးဆီပြတ်လပ်မှုအန္တရာယ် ရင်ဆိုင်နေရကြောင်း သတင်းရရှိသည်။

ယနေ့(ဖေဖော်ဝါရီ ၅ရက်) နံနက် ၈ နာရီခွဲကစ၍ ထိုင်းအစိုးရက မြဝတီမြို့၌ နှစ်နေရာ၊ မွန်ပြည်နယ်၌ တစ်နေရာနှင့် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့၌ နေရာနှစ်ခုတို့ဆီ ပို့ပေးနေသည့် လျှပ်စစ်မီးပေးပို့မှုဖြတ်တောက်ခဲ့ခြင်း ဖြစ်သည်။

” တာချီလိတ်၊ မိုင်းဆတ်၊ တာလေ၊ ကျိုင်းတုံအထိ စက်သုံးဆီဆိုင်တွေ ဂယက်ထနေတယ်။ မီးမရတော့ စက်မောင်းရမယ်ဆိုပြီး ဆီတွေတန်းဆီဝယ်နေကြတာ။ ပိတ်တဲ့ဆိုင်ပိတ်ကုန်ပြီ”ဟု တာချီလိတ်မြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ရှမ်းပြည်နယ်အရှေ့ပိုင်း‌ဒေသဖြစ်သည့် ယင်းမြို့နယ်များတွင် လျှပ်စစ်မီးလုံလောက်စွာမရတော့မည့်ပြဿနာအတွက် ဒေသခံများ စိုးရိမ်နေကြသည်။

” ကျားဖြန့်ရုံတွေကို ဖြတ်တာကနေ ကြားထဲက မြို့ခံတွေကနစ်နာတယ်။ ကျားဖြန့်ကို လွှတ်တုန်းကလွှတ်ထားပြီး အခုမှ ဟုတ်ပူမီးတိုက်လုပ်နေတယ်”ဟု မိုင်းဆတ်မြို့ခံတစ်ဦးက ပြောသည်။

မြန်မာဘက်ခြမ်းမှ ကျားဖြန့်လုပ်ငန်းများကို ထိန်းချုပ်ရန်အတွက် နိုင်ငံတော်လုံခြုံရေးကောင်စီ၏ အရေးပေါ်အစည်းအဝေးကို ထိုင်းအစိုးရက ယမန်နေ့က လျှပ်စစ်မီးအပြင် အင်တာနက်လိုင်းနှင့် စက်သုံးဆီပေးပို့ခြင်းများအား ဖြတ်တောက်မည်ဟု ဆုံးဖြတ်ခဲ့သည်။

စက်သုံးဆီ တင်သွင်းမှုကိုရပ်ဆိုင်းခြင်း ရှိ၊မရှိ မသိရသေးပေ။ စစ်ကောင်စီကလည်း ရှင်းရှင်းလင်းလင်း ထုတ်ပြန်အသိပေးခြင်းမရှိသေးပေ။

” စက်သုံးဆီပြဿနာတော့ တော်တော်ကြီးတယ်။ မှောင်ခိုဈေးကွက်ပါ ဖြစ်လာရော။ ဆီက ပြတ်နေပြီ။ အဝင်မရှိဘူးကြားနေတယ်”ဟု ကျိုင်းတုံမြို့ခံတစ်ဦးက ပြောသည်။

တာချီလိတ်မြို့ လျှပ်စစ်မီး ပြတ်တောက်သည့်ပြဿနာကို လာအိုလျှပ်စစ်မီးဖြင့် အစားထိုးသွယ်တန်းနေပြီး ဖြေရှင်းမည်ဖြစ်ကြောင်း တာချီလိတ်မြို့မီးလင်းရေးဦးဆောင်ကော်မတီက ကြေညာထားသည်။

ထို့အပြင် ထိုင်းနိုင်ငံက မြဝတီမြို့သို့ ပေးပို့နေသည့် လျှပ်စစ်မီးဖြတ်တောက်လိုက်သဖြင့် မြို့ရှိ ပြည်သူ့ဆေးရုံနှင့် အောက်ဆီဂျင်စက်ရုံလည်ပတ်မှုရပ်ဆိုင်းပြီး လုပ်ငန်းလည်ပတ်မှု စတင်ထိခိုက်နေသည်ဟု အဆိုပါမြို့ဒေသခံများက လူထုနွေဦးသို့ ပြောသည်။

လျှပ်စစ်မီး စတင်ဖြတ်တောက်လိုက်ပြီးနောက် မြဝတီမြို့ဒေသခံများသည် စက်သုံးဆီကြိုတင်ဝယ်ယူစုဆောင်းများ လုပ်ဆောင်နေကြသည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံရဲ့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်စွမ်းဟာ ပုံမှန်အောက် ထက်ဝက်လောက် လျော့ကျနေကြောင်း စစ်ကောင်စီ အာဘော် မီဒီယာက ဝန်ခံခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့တွင် လျှပ်စစ်မီးဖြတ်တောက်ထားမှုအပေါ် ဆန့်ကျင်သည့် လှုပ်ရှားမှုကို တော်လှန်လူငယ်အချို့က ယနေ့ (ဇန်နဝါရီ ၁၇) နံနက်တွင် ပြုလုပ်ခဲ့သည်။

သတင်း

ရန်ကုန်မြို့တွင် ဒီဇင်ဘာ ၅ရက်ကစတင်၍ တစ်ရက်လျှင် ၈နာရီသာ လျှပ်စစ်မီးရတော့မည်ဖြစ်ကြောင်း စစ်ကောင်စီ၏ လျှပ်စစ်ဝန်ကြီးဌာနက အသိပေးသည်။

သတင်း

မီးလာချိန်တွင်လည်း အပြည့်အဝမပေးဟု ဒေသခံများပြော