close
Connect with us

Hi, what are you looking for?

သတင်း

၁၀၂၇ စစ်ဆင်ရေးအပါအဝင် တော်လှန်ရေးအတွင်းကျဆုံးရဲဘော်များအား MNDAA အောက်မေ့ဖွယ်အခမ်းအနားပြုလုပ်

တော်လှန်ရေးအတွင်းအသက်ပေးသွားသည့် ကျဆုံးရဲဘော်များအား ဂုဏ်ပြုအောက်မေ့ဖွယ်အခမ်းအနားကျင်းပခဲ့ကြောင်း ကိုးကန့်တပ်မတော်(MNDAA)က ဧပြီ ၇ရက်တွင် ထုတ်ပြန်သည်။

၁၀၂၇စစ်ဆင်ရေးအပါအဝင် တော်လှန်ရေးအတွင်းကျဆုံးရဲဘော်များအား MNDAA အောက်မေ့ဖွယ်အခမ်းအနားပြုလုပ်နေစဉ်။ ဓာတ်ပုံ - MNDAA

ဧပြီ ၈၊၂၀၂၅။ဟန်နွေ/People’s Spring

တော်လှန်ရေးအတွင်းအသက်ပေးသွားသည့် ကျဆုံးရဲဘော်များအား ဂုဏ်ပြုအောက်မေ့ဖွယ်အခမ်းအနားကျင်းပခဲ့ကြောင်း ကိုးကန့်တပ်မတော်(MNDAA)က ဧပြီ ၇ ရက်တွင် ထုတ်ပြန်သည်။

အဆိုပါ အခမ်းအနားကို ကိုးကန့်အထူးဒေသ(၁)နယ်မြေ ရန်လုံကျိုင်းအာဇာနည်ဂူဗိမာန်၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး MNDAA ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ဖုန်တဲ့ရင်အပါအဝင် MNDAA ပါတီနှင့် တပ်ဖွဲ့ ခေါင်းဆောင်များ ၊ တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့သည်။

ထို့ပြင် ကျဆုံးသူရဲကောင်းများ၏ မိသားစုဝင်များ၊ ကိုယ်လက်အင်္ဂါ ပေးဆပ်ခဲ့ရသည့် မသန်စွမ်း ရဲဘော်အချို့လည်း တက်ရောက်ခဲ့သည်ကို တွေ့ရသည်။

Public Service Announcement

Public Service Announcement

MNDAA နှင့် မဟာမိတ်များသည် ၂၀၂၃ အောက်တိုဘာ ၂၇ရက်တွင် ၁၀၂၇ စစ်ဆင်ရေးကို စတင်ခဲ့ရာ အချိန်တိုအတွင်း လောက်ကိုင်အပါအဝင် ကိုးကန့်ဒေသ တစ်ခုလုံးကို MNDAAက သိမ်းပိုက်နိုင်ခဲ့သည်။ ထို့နောက် ၂၀၂၄ ဇူလိုင်တွင် MNDAA မဟာမိတ်တပ်များက လားရှိုးမြို့သိမ်း စစ်ဆင်ရေးကို ဆင်နွှဲခဲ့ရာ တလအကြာတွင် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် အပါအဝင်လားရှိုးမြို့ တခုလုံး သိမ်းပိုက်နိုင်ခဲ့သည်။

သို့သော် တရုတ်အစိုးရ၏ ကြားဝင်စီစဉ်မှုဖြင့် MNDAAတို့ စစ်ကောင်စီတို့ ၂၀၂၅ ဇန်နဝါရီတွင် အပစ်ရပ်စဲရေး လုပ်ဆောင်ခဲ့ပြီး ယခု ဧပြီတတိယပတ်တွင် MNDAA သိမ်းပိုက်ထားသည့် လားရှိုးမြို့ကို စစ်ကောင်စီဘက်က ပြန်လည်ဝင်ရောက်ရန် သဘောတူညီခဲ့ရသည်။

စစ်ကောင်စီနှင့် MNDAA တို့ ဆွေးနွေးစဉ် လားရှိုးမြို့မှ ဖယ်မပေးပါက မြို့ကို လေကြောင်းတိုက်ခိုက်မှု အပြင်းအထန် ပြုလုပ်မည်ဟု စစ်ကောင်စီက ခြိမ်းခြောက်သကဲ့သို့ တရုတ်ကလည်း ဂိတ်များပိတ်ကာ ဖိအားပေးမည့် အခြေအနေ အပါအဝင် အခြား မသိရနိုင်သည့် ဖိအားများကြောင့် လားရှိုးမြို့မှ MNDAA တပ်များ ဖယ်ပေးရန် ဖြစ်လာဟု MNDAA နှင့် နီးစပ်သူက ပြောသည်။

ထိုကဲ့သို့ အသက်ပေါင်းများစွာ ရင်းနီး ပေးဆပ်ခဲ့ပြီးမှရထားသည့် လားရှိုးမြို့ကို စစ်ကောင်စီထံ ပြန်လည်ပေးအပ်ရမည့် အခြေအနေတွင် MNDAA က ကျဆုံးသူရဲကောင်းများအား ဂုဏ်ပြုသည့် အခမ်းအနား ကျင်းပခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

၁၀၂၇စစ်ဆင်ရေးကာလအတွင်း တိုက်ပွဲများကြောင့်ပျက်စီးခဲ့ရသည့် လားရှိုးမြို့ရှိ နေအိမ်များအတွက် တစ်အိမ်လျှင် ကျပ်သိန်း၅ဝကို မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)က ယနေ့(ဧပြီ ၇ရက်) ပေးအပ်ခဲ့သည်။

သတင်း

ကိုးကန့်တပ်မတော်(MNDAA) အနေဖြင့် လားရှိုးမြို့မှ မဖယ်ပေးပါက မြို့ကြေမွှပျက်စီးအောင် လေကြောင်း တိုက်ခိုက်မည်ဟု စစ်ကောင်စီက ခြိမ်းခြောက်ခြင်း၊ တရုတ်နိုင်ငံဘက်က နယ်စပ်ဂိတ်များ ပိတ်မည်ဟု ခြိမ်းခြောက်ခြင်း အပြင် အခြား မသိနိုင်သည့် ဖိအားများကြောင့် MNDAAက လားရှိုးမှ ဖယ်ပေးမည့် အခြေအနေဖြစ်လာကြောင်း MNDAAနှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက...

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှ ကိုးကန့်တပ်မတော်(MNDAA) တပ်များ ဆုတ်ခွာရန်နှင့် စစ်ကောင်စီက ချက်ချင်းနေရာပြန်ယူရန် တရုတ်အစိုးရက ဖိအားပေးမှုပိုလုပ်လာပြီး ယခုရက်ပိုင်းအတွင်း အခြေအနေများရှုပ်ထွေးနေကြောင်း အဆိုပါမြို့ခံများက ပြောသည်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်တွင် တအာင်းတပ်မတော်(TNLA)နှင့် ကိုးကန့်တပ်မတော်(MNDAA)မှ ရဲဘော်အချင်းချင်း ယနေ့(ဧပြီ၁ရက်)က ခိုက်ရန်ဖြစ်ပွားမှုသည် နားလည်မှု လွဲမှားခြင်းသာဖြစ်ကြောင်း TNLAက ရှင်းလင်းချက် ထုတ်ပြန်သည်။

Trending

Facebook