ဧပြီ ၇၊၂၀၂၅။People’s Spring
စစ်ကိုင်းမြို့နယ်အတွင်း ဗဟိုပြုလှုပ်ခတ်ခဲ့သောငလျင်ကို မန္တလေးငလျင်ကြီးဟု သတ်မှတ်ခေါ်ဝေါ်သွားမည်ဟု စစ်ကောင်စီက ယနေ့(ဧပြီ ၇ရက်)တွင် ထုတ်ပြန်သည်။
မှတ်တမ်းပြုစုရာနှင့် ဖော်ပြချက်များတွင် တူညီလွယ်ကူစေရန်ဟု စစ်ကောင်စီက အကြောင်းပြထားသည်။
ထို့အပြင် မီဒီယာများအနေဖြင့်လည်း မန္တလေးငလျင်ကြီးဟု ရေးသားပေးကြရန် စစ်ကောင်စီ ၏ပြန်ကြားရေးတာဝန်ခံ ဇော်မင်းထွန်းက မေတ္တာရပ်ခံထားသည်။

Public Service Announcement
မတ်လ ၂၈ ရက် မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်ဝန်းကျင်က လှုပ်ခတ်ခဲ့သော ဖျက်အားပြင်းငလျင်ကြီးသည် စစ်ကိုင်းမြို့အနီးရှိ ရေခါးအင်းကို ဗဟိုပြု၍ ပြင်းအား ၇ ဒသမ ၇အဆင့်ရှိ မြေငလျင်ကြီးဖြစ်သည်။ မြေငလျင်ကြီးမှာ မြေအနက် ၆မိုင်ကျော်ကိုဗဟိုပြုသောဇောက်တိမ်ငလျင်ဖြစ်သည်။ဇောက်တိမ်ငလျင်ဖြစ်၍ဖျက်အားပိုကြီးခဲ့သည်ဟုပညာရှင်များက ပြောသည်။
ငလျင်ဘေးကြောင့် ဧပြီ ၇ရက်ညအထိ စာရင်းအရ သေဆုံးသူ ၃၆၀၀ဦး သေဆုံးပြီး၊ ၅၀၁၇ဦး ဒဏ်ရာရရှိကာ ပျောက်ဆုံးနေသူ ၁၆၀ဦးရှိကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။
