ဧပြီ ၈၊၂၀၂၅။ခွာညို/People’s Spring
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် စစ်ကောင်စီတပ်ကပိတ်ဆို့ထားသည့် ပျူစောထီးအား ကောင်းရာ အင်မထီးကျေးရွာမှ ဒေသခံကိုးဦးထွက်ပြေးလာပြီး တော်လှန်ရေးတပ်ဖွဲ့များထံ ခိုလှုံခဲ့သည်။
ကျေးရွာတွင် စားစရာမရှိတော့ဘဲ စာရေး၊သောက်ရေးအခက်အခဲတွေ့နေ၍ ကယ်ထုတ်ပေးရန် တော်လှန်ရေးတပ်ဖွဲ့များထံ ဆက်သွယ်အကြောင်းကြားလာခြင်းဟု သတင်းရရှိသည်။
“ဧပြီလ ၇ရက်နေ့က ထွက်ပြေးလာတာ။ အရပ်သားတွေလည်းပါတယ်။ ပျူတချို့လည်း ပါတယ်။ ကျည်ဆံတချို့ယူလာပေးတယ်ဗျ”ဟု ပုလဲမြို့မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement
အင်မထီးရွာသည် ပျူစောထီး အားကောင်းရာဒေသဖြစ်ပြီး လက်ရှိတွင် စစ်ကောင်စီတပ်မှ အင်အား ၂၀ ခန့်အပါအဝင် လက်နက်တပ်ဆင်ထားသည့် ပျူစောထီး ၆၀ ခန့်ရှိသည်။
ရွာပတ်လည်တွင် စစ်ကောင်စီတပ်က မိုင်းများထောင်ထားသလို ဒေသခံများကိုလည်း ထွက်ခွာခွင့်မပြုပေ။ ထို့အပြင် ဘေးပတ်ဝန်းကျင်ရွာများကို စစ်ကောင်စီတပ်က ဦးဆောင်ပြီးမကြာခဏစစ်ကြောင်းထိုးလေ့ရှိသည်။
