close
Connect with us

Hi, what are you looking for?

သတင်း

အမရပူရမှာ နောက်ဆက်တွဲ ငလျင်ကြောင့်တိုက်တချို့ ထပ်ပြိုပြီး လမ်းတွေပိတ်နေ

မန္တလေးတိုင်း၊ အမရပူရမြို့မှာ နောက်ဆက်တွဲ ငလျင်ကြောင့် တိုက်တချို့ ထပ်ပြိုပြီး လမ်းတွေပိတ်နေလို့ ယာဥ်ကြောပိတ်ဆို့မှုတွေ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အမရပူရတွင် ​ဘုရားတစ်ဆူပြိုကျပျက်စီး​နေစဥ်။ ဓါတ်ပုံ-AP

Scorpio/People’s Spring

မန္တလေးတိုင်း၊ အမရပူရမြို့မှာ နောက်ဆက်တွဲ ငလျင်ကြောင့် တိုက်တချို့ ထပ်ပြိုပြီး လမ်းတွေပိတ်နေလို့ ယာဥ်ကြောပိတ်ဆို့မှုတွေ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် အမရပူရမြို့ပေါ် စစ်ကိုင်း-မန္တလေးလမ်းတလျှောက်လမ်းဘေးဝဲယာက တိုက်တွေ ပြိုတာ၊ ယိမ်းယိုင်တာတွေ ဖြစ်ပွားခဲ့ပါတယ်။ ဧပြီ ၁ ရက်နဲ့ ၂ ရက်နေ့တွေမှာလည်း နောက်ဆက်တွဲငလျင်တွေကြောင့် ပြိုလုဆဲတိုက်တချို့ထပ်ပြိုတာကြောင့် လမ်းပိုင်းပိတ်ထားရပြီး ယာဥ်ကြောတွေပိတ်ဆို့နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

“အမရပူရထဲက စစ်ကိုင်း-မန္တလေးလမ်းက သွားလို့မရတော့ဘူး။ ပိတ်ထားလိုက်ပြီ။ တိုက်တွေထပ်ပြိုနေလို့။ ကြားလမ်းတွေကလည်း လမ်းတွေပိတ်နေတယ်။”လို့ ဒေသခံတဦးက ဒီကနေ့ ဧပြီ ၃ ရက် မနက်ပိုင်းမှာ ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့ကြောင့်စစ်ကိုင်းကိုသွားကြမယ့်ခရီးသွားယာဥ်တွေ၊ လူမှုကူညီရေးယာဥ်တွေဟာ မြစ်ငယ်ဘက်ကနေသာ ပတ်သွားကြဖို့ ဒေသခံတွေက အကြံပြုထားပါတယ်။

အမရပူရမှာလည်းစစ်ကိုင်းငလျင်ကြောင့်အိမ်ခြေရာချီပျက်စီးပြီးလူဦးရေရာနဲ့ချီသေဆုံးခဲ့တယ်လို့​ဒေသခံ​တွေက​ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ငလျင်ဘေးဒဏ် ကယ်ဆယ်‌ရေးအတွက် ကြိုပမ်းနေကြောင်းနှင့် ဘေးသင့်ဒေသများကို အရေးပေါ်အခြေအနေအဖြစ်ကြေညာထားသည့် စစ်ကောင်စီက ရန်ကုန်-မန္တလေးအမြန်လမ်း Lockdown ချထားမှုအား ယနေ့ (ဧပြီ၃ရက်)အထိပြန်ဖွင့်မပေးသေးပေ။

သတင်း

မန္တလေးမြို့ပေါ်မှာငလျင်ဒဏ်သင့်ပြီးနောက် ပုသိမ်ကြီးမြို့နယ် ထဲ ပြောင်းရွှေ့နေထိုင်ကြသူတွေများတာကြောင့် နေအိမ်တွေ၊ခြံတွေ ဌားရမ်းသူများလာတယ်လို့မြို့ခံတွေဆီကသိရပါတယ်။

သတင်း

ငလျင်ကြောင့်ပြိုကျပျက်စီးသွားသည့် ဒေသများ​၏ တိုက်အိမ်များကို အိမ်ပိုင်ရှင်များက စတင်ဖြိုချနေပြီး တိုက်အိမ်အမျိုးအစားလိုက် ဖြိုချခ ကျပ်သိန်းထောင်ချီ ပေါက်ဈေးရှိနေသည်။

သတင်း

ဧပြီ ၂ ရက်မှ ၂၂ ရက်အထိယာယီအပစ်ရပ်မည်ဖြစ်ကြောင်း စစ်ကောင်စီသတင်းထုတ်ပြန်ပြီးနောက် နာရီအနည်းငယ်အကြာတွင် KIO/KIAကလည်း ယင်းကာလအတိုင်းခုခံကာကွယ်ခြင်းမှအပ ထိုးစစ်ဆင်တိုက်ခိုက်မှုများကို ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။