close
Connect with us

Hi, what are you looking for?

သတင်း

ဖျာပုံမြို့အနီးပင်လယ်ပြင်ဗဟိုပြုငလျင်လှုပ်

ဖျာပုံမြို့အနီး မြန်မာပင်လယ်ပြင်အတွင်းဗဟိုပြု၍ ရစ်ခ်ျတာစကေး၅ အဆင့်ရှိ‌သော ငလျင်တခု ယနေ့ ဧပြီ ၂ရက် ည ၁၀နာရီ ၅၇မိနစ်၌ လှုပ်ခတ်သွားပြီး ဧရာဝတီတိုင်းမြို့နယ်အချို့အပြင် ရန်ကုန်မြို့၌လည်း လှုပ်ရှားမှုရှိခဲ့သည်။

“ပုသိမ်လှုပ်တယ်။ ဖျာပုံလည်းလှုပ်တယ်။ မအူပင်လည်းလှုပ်တယ်။ သိသာသွားတယ်”-​ဒေသခံ

ဧပြီ-၂ ၊၂၀၂၅။စိုင်းနန်/People’s Spring

ဖျာပုံမြို့အနီး မြန်မာပင်လယ်ပြင်အတွင်းဗဟိုပြု၍ ရစ်ခ်ျတာစကေး၅ အဆင့်ရှိ‌သော ငလျင်တခု ယနေ့ ဧပြီ ၂ရက် ည ၁၀နာရီ ၅၇မိနစ်၌ လှုပ်ခတ်သွားပြီး ဧရာဝတီတိုင်းမြို့နယ်အချို့အပြင် ရန်ကုန်မြို့၌လည်း လှုပ်ရှားမှုရှိခဲ့သည်။

“ပုသိမ်လှုပ်တယ်။ ဖျာပုံလည်းလှုပ်တယ်။ မအူပင်လည်းလှုပ်တယ်။ သိသာသွားတယ်” ဟု ပုသိမ်မြို့ခံတဦးကပြောသည်။

Public Service Announcement

Public Service Announcement

ယနေ့ ည၁၀နာရီ ၅၇မိနစ်အချိန်ခန့်တွင် ဧရာဝတီတိုင်း၊ ဖျာပုံမြို့တောင်ဘက်၈၆ကီလိုမီတာ ( ၅၃ မိုင်​ကျော်) အကွာ၊ ကပ္ပလီပင်လယ်ပြင်တွင် မြေအောက်အနက် ၁၀ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ်ချ်တာစကေး ၅.၀ အဆင့်နှင့် အတော်အသင့်အင်အားရှိသည့် မြေငလျှင်တစ်ခုထပ်မံလှုပ်ခတ်ခဲ့‌ပြီး စစ်ကိုင်းငလျင်ကြီး၏နောက်ဆက်တွဲငလျင်ငယ်များဆက်လက်လှုပ်ခတ်နိုင်သည့်အတွက် ငလျင်ဘေးဆောင်ရန်၊ရှောင်ရန်၊ သတိပြုရန်များနှင့်အညီ နေထိုင်ကြပါရန် အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေး

အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)က သတိ ပေးထားသည်။

အ​မေရီကန် ငလျင်တိုင်းတာ​ရေးဌာန (USGS)ကလည်း ဖျာပုံမြို့၏ ​တောင်ဘက် ၈၆ ကီလိုမီတာကိုဗဟိုပြု၍ ပြင်းအား ၅ ရှိ​သော ​ဇောက်တိမ်ငလျင်လှုပ်သွား​ကြောင်းထုတိပြန်ထားသည်။

ဧပြီ ၂ ရက်ည ငလျင်လှုပ်ခတ်မှုကို ရန်ကုန်မြို့တွင်လည်း ခံစားလိုက်ရသည်ဟု မြို့ခံအချို့ကပြောသည်။

မတ်လ ၂၈ ရက်နေ့က စစ်ကိုင်းမြို့အနီးဗဟိုပြု၍ လှုပ်ခဲ့သည့် ရစ်ခ်ျတာစကေး ၇ဒဿမ၇ အဆင့်ငလျင်လှုပ်ပြီးနောက်ပိုင်း မြန်မာနိုင်ငံဒေသအနှံ့တွင် နောက်ဆက်တွဲငလျင်များ မကြာခဏလှုပ်ရှားနေသည်။

ဆက်စပ်သတင်းများ

သတင်း

ငလျင်ကြောင့်ပြိုကျပျက်စီးသွားသည့် ဒေသများ​၏ တိုက်အိမ်များကို အိမ်ပိုင်ရှင်များက စတင်ဖြိုချနေပြီး တိုက်အိမ်အမျိုးအစားလိုက် ဖြိုချခ ကျပ်သိန်းထောင်ချီ ပေါက်ဈေးရှိနေသည်။

သတင်း

ဧပြီ ၂ ရက်မှ ၂၂ ရက်အထိယာယီအပစ်ရပ်မည်ဖြစ်ကြောင်း စစ်ကောင်စီသတင်းထုတ်ပြန်ပြီးနောက် နာရီအနည်းငယ်အကြာတွင် KIO/KIAကလည်း ယင်းကာလအတိုင်းခုခံကာကွယ်ခြင်းမှအပ ထိုးစစ်ဆင်တိုက်ခိုက်မှုများကို ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။

သတင်း

ငလျင်ကြီးလှုပ်ခတ်ပြီး ၆ ရက်မြောက်နေ့ဖြစ်သော ဧပြီ ၂ ရက်တွင် မြို့သုံးမြို့၌ ပိတ်မိပြည်သူလေးဦးအား ပြိုကျပျက်စီးနေသည့်အဆောက်အဦများကြားမှ အသက်ရှင်လျှက်ကယ်ထုတ်နိုင်ခဲ့ကြောင်း လူမှုကူညီရေးအသင်းများနှင့် မီးသတ်ဌာနစာရင်းများအရ သိရသည်။

သတင်း

စစ်ကောင်စီက ရက်(၂၀)ကြာ ယာယီအပစ်ရပ်စဲမည့်ကြေညာချက်မထွက်မီ နာရီပိုင်းအလို ဧပြီလ(၂)ရက်နေ့ ညနေပိုင်းတွင် KNU တပ်မဟာ(၅)နယ်မြေ ဖာပွန်နှင့် ကမမောင်းမြို့ကြားရှိ လေးဖိုးထကျေးရွာအုပ်စုအတွင်း စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ လသားအရွယ် ကလေးတစ်ဦးအပါအဝင် ကလေးနှစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရရှိသွားသည်ဟု တပ်မဟာ(၅)ပြောရေးဆိုခွင့်ရှိသူက ပြောသည်။