close
Connect with us

Hi, what are you looking for?

သတင်း

ငလျင်ဘေးကြောင့် သုံးပါတ်ကြာအပစ်ရပ်မည်ဟု စစ်ကောင်စီဆို

ငလျင်ဘေးကြောင့်ဟုဆိုကာ ယနေ့(ဧပြီ ၂ရက်)မှ ၂၂ရက်အထိသုံး ပါတ်ကြာယာယီအပစ်ရပ်မည်ဟု စစ်ကောင်စီ ယနေ့ညပိုင်းတွင် သတင်းထုတ်ပြန်သည်။

ငလျင်ကြောင့် နေပြည်တော်သမ္မတအိမ်တော် ပျက်စီးနေသည်ကို စစ်ခေါင်းဆောင်အဖွဲ့ ကြည့်ရှု့နေစဉ်။ ဓာတ်ပုံ - စကစ

■​အင်အားစုဆောင်းခြင်း၊ ပြင်ဆင်စုဖွဲ့ခြင်း၊ နယ်

မြေချဲ့ထွင်ခြင်းများပြုလုပ်ပါက တုန့်ပြန်သွားမည်ဟုလည်းဆို

ဧပြီ ၂၊ ၂၀၂၅။စိုင်းနန်/People’s Spring

ငလျင်ဘေးကြောင့်ဟုဆိုကာ ယနေ့(ဧပြီ ၂ရက်)မှ ၂၂ရက်အထိသုံး ပါတ်ကြာယာယီအပစ်ရပ်မည်ဟု စစ်ကောင်စီ ယနေ့ညပိုင်းတွင် သတင်းထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ငလျင်ဒဏ်ကြောင့် ထိခိုက်ခံစားနေရသော တစ်နိုင်ငံလုံးရှိ ပြည်သူလူထုအားစာနာထောက် ထားနားလည်ခြင်း၊ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများကို အရှိန်အ ဟုန်ဖြင့် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ခြင်းဟုဆိုကာ ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလအဖြစ်ကြေညာခြင်းဟု ဆိုသည်။

ယာယီအပစ်ရပ်ကြေညာထားသည့်ကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အခြားလက်နက်ကိုင်အဖွဲ့များအနေဖြင့် ‌၎င်းတို့၏တပ်စခန်းများအား တိုက်ခိုက်ခြင်း၊ တပ်ဌာနချုပ်များကိုနှောင့်ယှက်တိုက်ခိုက်ခြင်းများ၊ အင်အားစုဆောင်းခြင်း၊ ပြင်ဆင်စုဖွဲ့ခြင်း၊ နယ်မြေချဲ့ထွင်ခြင်းများ မပြုရန်နှင့် ပြုလုပ်ပါက တုန့်ပြန်သွားမည်ဟု စစ်ကောင်စီက ထည့်သွင်းထုတ်ပြန်ထားသည်။

ယာယီအပစ်ရပ်ကြေညာသော်လည်း စစ်ကောင်စီသည် ယနေ့(ဧပြီ ၂ရက်) ညနေအထိ လေကြောင်းတိုက်ခိုက်မှုများပြုလုပ်နေသည်။ ချင်းပြည်နယ် မင်းတပ်မြို့နှင့် ကန်ပက်လက်မြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာဖြင့် ပေါင်၅၀၀ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။

နေပြည်တော်တွင် ယမန်နေ့ပြုလုပ်သည့် ငလျင်ပြန်လည်ထူထောင်ရေးအလှူငွေပေးအပ်ပွဲတွင် တော်လှန်ရေးအင်အားစုများကို အကြမ်းဖက်များဖြင့်သုံးနှုန်းပြီး စစ်ပွဲအား ဆက်လက်တိုက်ခိုက်မည်ဟု စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြောဆိုခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က လူသားချင်း စာနာထောက်ထားမှုအကူအညီပေးရေးလုပ်ငန်းများအတွက် ငလျင်ဒဏ်သင့်ဒေသများနှင့် ဆက်စပ်သောခရိုင်များအတွင်း မတ်လ ၃၀ ရက်မှ ဧပြီ ၁၂ ရက်အထိ တစ်ပတ်ကြာခုခံကာကွယ်စစ်မှလွဲ၍ ထိုးစစ်အားလုံး ရပ်ဆိုင်းထားမည်ဟု မတ်လ ၂၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ငလျင်နောက်ဆက်တွဲကယ်ဆယ်ရေးလုပ်ငန်းများ အမြန်ဆုံးထိရောက်စွာဆောင်ရွက်နိုင်ရန်အတွက် တိုက်ပွဲဖြစ်ပွားနေသော နေရာများတွင် ထိုးစစ်များကို ပြုလုပ်မည်မဟုတ်ဘဲ တစ်လတာ တစ်ဖက်သတ် အပစ်ရပ်မည်ဟု မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့ ကလည်း ဧပြီ ၁ရက်တွင် ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီသည် ပြည်သူလူထု ငလျင်ဘေးကြုံနေခဲ့သည့် မတ်လ ၂၈ရက်နောက်ပိုင်းတွင် လေကြောင်းတိုက်ခိုက်မှုများ ပိုမိုပြုလုပ်ခဲ့၍ ယနေ့ည အပစ်ရပ်ကြေညာချက်ကို မယုံကြည်ကြောင်း ယခုရက်ပိုင်းလေကြောင်းတိုက်ခိုက်ခံခဲ့ရသည့် ဒေသမှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

” ဒီနေ့ ဒီလောက်လာပစ်နေတာ အပစ်ရပ်တာက ဟုတ်ပမလားမသိပါဘူးဗျာ။ အရင်ကလည်း တိုင်းရင်းသားလက်နက်ကိုင်တွေဖက် အပစ်ရပ်တယ်ပြောပြီးသွားသွားပစ်နေတာဘဲလေ။ မယုံကြည်တော့ဘူး”ဟု အဆိုပါရဲဘော်က ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှ စစ်ရေးသတင်းမြစ်တစ်ဦးကလည်း ” လူထုက ငလျင်ဘေးကြုံနေချိန်မှာတောင် လေကြောင်းကနေတိုက်ခိုက်နေတဲ့ သတင်းတွေ နိုင်ငံတကာပေါ်ရောက်သွားလို့ နာမည်ကောင်းပြန်ရောက်အောင် အပစ်ရပ်ကြေညာတယ်လို့ပဲထင်တယ်။ နောက်ပြီး ငလျင်ကယ်ဆယ်ရေးကို သူမလုပ်နိုင်ဘူး။ ဒါကြောင့် ပြာယာခတ်ပြီး မလုပ်တတ်မကိုင်တတ်လို့ အပစ်ရပ်ကြေညာတာ”ဟု ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ ၂ ရက်မှ ၂၂ ရက်အထိယာယီအပစ်ရပ်မည်ဖြစ်ကြောင်း စစ်ကောင်စီသတင်းထုတ်ပြန်ပြီးနောက် နာရီအနည်းငယ်အကြာတွင် KIO/KIAကလည်း ယင်းကာလအတိုင်းခုခံကာကွယ်ခြင်းမှအပ ထိုးစစ်ဆင်တိုက်ခိုက်မှုများကို ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။

သတင်း

ဖျာပုံမြို့အနီး မြန်မာပင်လယ်ပြင်အတွင်းဗဟိုပြု၍ ရစ်ခ်ျတာစကေး၅ အဆင့်ရှိ‌သော ငလျင်တခု ယနေ့ ဧပြီ ၂ရက် ည ၁၀နာရီ ၅၇မိနစ်၌ လှုပ်ခတ်သွားပြီး ဧရာဝတီတိုင်းမြို့နယ်အချို့အပြင် ရန်ကုန်မြို့၌လည်း လှုပ်ရှားမှုရှိခဲ့သည်။

သတင်း

ငလျင်ကြီးလှုပ်ခတ်ပြီး ၆ ရက်မြောက်နေ့ဖြစ်သော ဧပြီ ၂ ရက်တွင် မြို့သုံးမြို့၌ ပိတ်မိပြည်သူလေးဦးအား ပြိုကျပျက်စီးနေသည့်အဆောက်အဦများကြားမှ အသက်ရှင်လျှက်ကယ်ထုတ်နိုင်ခဲ့ကြောင်း လူမှုကူညီရေးအသင်းများနှင့် မီးသတ်ဌာနစာရင်းများအရ သိရသည်။

သတင်း

စစ်ကောင်စီက ရက်(၂၀)ကြာ ယာယီအပစ်ရပ်စဲမည့်ကြေညာချက်မထွက်မီ နာရီပိုင်းအလို ဧပြီလ(၂)ရက်နေ့ ညနေပိုင်းတွင် KNU တပ်မဟာ(၅)နယ်မြေ ဖာပွန်နှင့် ကမမောင်းမြို့ကြားရှိ လေးဖိုးထကျေးရွာအုပ်စုအတွင်း စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ လသားအရွယ် ကလေးတစ်ဦးအပါအဝင် ကလေးနှစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရရှိသွားသည်ဟု တပ်မဟာ(၅)ပြောရေးဆိုခွင့်ရှိသူက ပြောသည်။