close
Connect with us

Hi, what are you looking for?

သတင်း

ငလျင်သင့် အညာနဲ့မြေလတ်အပေါ်တောင်ပေါ်မြို့လေးဆီက စီးဆင်းသောမေတ္တာ

ပူတာအိုခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပူတာအိုPDF)က ငလျင်ဘေးသင့်ပြည်သူများအားထောက်ပံ့ကူညီရန်ဒေသတွင်း၌လိုက်၍အလှူခံခဲ့ပြီး ငလျင်သင့်​ဒေသများသို့လှူဒါန်းသွားရန် စီစဉ်နေသည်။

ပူတာအို PDF မှတပ်ဖွဲ့ဝင်များက ငလျင်သင့်ပြည်သူများအတွက် အကူအညီ​ပေးအပ်ရန် အလှူ​ငွေ​ကောက်ခံ​နေစဥ်။ ဓါတ်ပုံ-ပူတာအိုPDF

ဧပြီ-၂၊၂၀၂၅။စိုင်းနန်/People’s Spring

ပူတာအိုခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပူတာအိုPDF)က ငလျင်ဘေးသင့်ပြည်သူများအားထောက်ပံ့ကူညီရန်ဒေသတွင်း၌လိုက်၍အလှူခံခဲ့ပြီး ငလျင်သင့်​ဒေသများသို့လှူဒါန်းသွားရန် စီစဉ်နေသည်။

တော်လှန်နယ်မြေတောင်ပေါ်မြို့တွင် မြန်မာပြည်အလယ်ပိုင်း ငလျင်ဘေးကြုံပြည်သူတွေအတွက် အလှူခံနေကြောင်း ပူတာအို PDFက အသိပေးထားသည်။အလှူခံရရှိသည့် ငွေများတွင်PDF ရဲဘော် ၊ရဲမယ် များ၏ရှိစုမယ့်စုမုန့်ဖိုးလည်းပါဝင်သည်။

“အနည်းအများအဓိက မဟုတ်ဘူး။ကိုယ်ချင်းစာတရားဆိုတဲ့ လူသားဆန်မှုကို ဒီဘက်ခေတ်ကလေးတွေမှာ ပိုတွေ့လာရလို့မျက်ရည်ပါကျမိတယ် ”ဟု PDF ခေါင်းဆောင်တစ်ဦးက ပြောဆိုကြောင်း တောင်ပေါ်မြေမှတော်လှန်ရေးစာမျက်နှာတစ်ခုက ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

မတ်လ ၂၈ရက် မွန်းလွဲပိုင်း ၁၂ နာရီ ၅၀ မိနစ်ကလှုပ်ခတ်​သော ငလျင်ကြီး​ကြောင့်ပြည်သူ​ထောင်ချီ​သေဆုံးပြီး ၊ ​ထောင်နှင့်ချီ​သောပြည်သူများ ​ပြိုကျ​သောအ​ဆောက်အအုံများ​အောက်တွင် ပိတ်မိ​နေဆဲဖြစ်သည်။ ငလျင်ကြီး​ကြောင့်ပျက်စီး​သောဧရိယာ ကြီးမားကျယ်ပြန်လွန်းသဖြင့် ကယ်ဆယ်​ရေးမလုပ်နိုင်​သော​နေရာအများအပြားရှိ​နေသည်။နိုင်ငံတကာမှ ကယ်ဆယ်​ရေးအဖွဲ့များ​ရောက်သည်ဆိုသည့်တိုင် ငလျင်သင့်ပြည်သူအများစုမှ ကိုယ်

ထူကိုယ်ထကူညီ​နေကြရ​ကြောင်းငလျင်သင့်ပြည်သူများက​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ ၂ ရက်မှ ၂၂ ရက်အထိယာယီအပစ်ရပ်မည်ဖြစ်ကြောင်း စစ်ကောင်စီသတင်းထုတ်ပြန်ပြီးနောက် နာရီအနည်းငယ်အကြာတွင် KIO/KIAကလည်း ယင်းကာလအတိုင်းခုခံကာကွယ်ခြင်းမှအပ ထိုးစစ်ဆင်တိုက်ခိုက်မှုများကို ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။

သတင်း

ဖျာပုံမြို့အနီး မြန်မာပင်လယ်ပြင်အတွင်းဗဟိုပြု၍ ရစ်ခ်ျတာစကေး၅ အဆင့်ရှိ‌သော ငလျင်တခု ယနေ့ ဧပြီ ၂ရက် ည ၁၀နာရီ ၅၇မိနစ်၌ လှုပ်ခတ်သွားပြီး ဧရာဝတီတိုင်းမြို့နယ်အချို့အပြင် ရန်ကုန်မြို့၌လည်း လှုပ်ရှားမှုရှိခဲ့သည်။

သတင်း

ငလျင်ကြီးလှုပ်ခတ်ပြီး ၆ ရက်မြောက်နေ့ဖြစ်သော ဧပြီ ၂ ရက်တွင် မြို့သုံးမြို့၌ ပိတ်မိပြည်သူလေးဦးအား ပြိုကျပျက်စီးနေသည့်အဆောက်အဦများကြားမှ အသက်ရှင်လျှက်ကယ်ထုတ်နိုင်ခဲ့ကြောင်း လူမှုကူညီရေးအသင်းများနှင့် မီးသတ်ဌာနစာရင်းများအရ သိရသည်။

သတင်း

စစ်ကောင်စီက ရက်(၂၀)ကြာ ယာယီအပစ်ရပ်စဲမည့်ကြေညာချက်မထွက်မီ နာရီပိုင်းအလို ဧပြီလ(၂)ရက်နေ့ ညနေပိုင်းတွင် KNU တပ်မဟာ(၅)နယ်မြေ ဖာပွန်နှင့် ကမမောင်းမြို့ကြားရှိ လေးဖိုးထကျေးရွာအုပ်စုအတွင်း စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ လသားအရွယ် ကလေးတစ်ဦးအပါအဝင် ကလေးနှစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရရှိသွားသည်ဟု တပ်မဟာ(၅)ပြောရေးဆိုခွင့်ရှိသူက ပြောသည်။