close
Connect with us

Hi, what are you looking for?

သတင်း

လူ ၂၀၀ ဝန်းကျင်ဆုံးပါးခဲ့ရတဲ့ မန္တလေး ဗုံးအိုးရွာ အကူအညီလိုအပ်နေ

ငလျင်ကြောင့် လူ ၂၀၀ ဝန်းကျင် သေဆုံးခဲ့ရတဲ့ မန္တလေးတိုင်း ၊ အမရပူရမြို့နယ် ထဲက ဗုံးအိုးရွာမှာ အသက်ရှင်ကျန်ရစ်သူတွေအတွက် နေထိုင်စားသောက်ရေး အကူအညီ လိုအပ်နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ဧပြီ -၁ ၊ ၂၀၂၅/People’s Spring

ငလျင်ကြောင့် လူ ၂၀၀ ဝန်းကျင် သေဆုံးခဲ့ရတဲ့ မန္တလေးတိုင်း ၊ အမရပူရမြို့နယ် ထဲက ဗုံးအိုးရွာမှာ အသက်ရှင်ကျန်ရစ်သူတွေအတွက် နေထိုင်စားသောက်ရေး အကူအညီ လိုအပ်နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

မတ်လ ၂၈ ရက်မွန်းလွဲပိုင်း ၁၂ နာရီ ၅၀ မိနစ်ဝန်းကျင်က လှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် ဗုံးအိုးရွာက ဗလီ တွေ ထိခိုက်ပျက်စီးပြီး လူသေဆုံးမှုဖြစ်ခဲ့တာပါ။

အဲဒီနေ့က သောကြာနေ့ဖြစ်သလို အစ္စလာမ်ဘာသာဝင်တွေ ဝတ်ပြုချိန် လည်းဖြစ်ပြီး ငလျင်ကြောင့် ထိခိုက်သေဆုံးသူများပြားခဲ့တာပါ။ ရွာခံ ရဲ့ပြောပြချက်အရ ဗလီ လေးလုံး လုံးဝနီးပါးပြိုကျခဲ့တာလို့သိရပါတယ်။

Public Service Announcement

Public Service Announcement

“ ရွာအလယ်ပိုင်းက ဗလီတစ်ခုတည်းတင် ၁၀၀ကျော်လောက်ဆုံးသွားတယ် ”လို့ ဗုံးအိုး ရွာခံ အမျိုးသမီးကပြောပါတယ်။

ရွာထဲ က နေအိမ်အများစုလည်းပျက်စီးသွားတဲ့အတွက် ရွာအပြင်ဘက်ကွင်းပြင််မှာ မိုးကာတဲထိုးပြီး နေထိုင်ကြရပါတယ်။

“ ဖြစ်သလို မိုးကာတဲနဲ့ပဲနေပူထဲနေကြတယ်၊ ရွာအနေနဲ့ ကိုယ်ထူကိုယ်ထပဲလုပ်နေရတယ်၊ ကူညီတဲ့သူတွေလာပေမယ့် လိုအပ်ချက်တွေအများကြီးပါ”လို့ ကူညီကယ်ဆယ်ရေးမှာပါဝင်သူတစ်ဦးကပြောပါတယ်။

ဗုံးအိုးကျေးရွာဟာ အမရပူရမြို့နယ် ၊ ၊ စစ်ကိုင်း-မန္တလေး ကားလမ်းနဲ့ သုံး မိုင်ခန့် သာ ဝေးပြီး အစ္စလာမ်ဘာသာဝင်အများစုနေထိုင်တဲ့ကျေးရွာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ငလျင်ကြီးဒဏ်သင့် မန္တလေးမြို့၊ အိုးဘိုအကျဥ်းထောင်တွင်း အမျိုးသားအလုပ်ရုံနှင့် အမျိုးသမီးဆောင်ပြိုကျ၍ ၃ဦးသေဆုံးကာ ၁၁ဦးထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ယနေ့ အသိပေးထုတ်ပြန်သည်။

သတင်း

ငလျင်ကြောင့် ထိခိုက်သေကြေ အသက်ဆုံးရှုံးရတဲ့ ပြည်သူတွေအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်ဆိုပြီး စစ်ကောင်စီရဲ့ ညွှန်ကြားချက်နဲ့ ဒီနေ့ ဧပြီလ ၁ ရက်နေ့ မွန်းလွဲပိုင်း ၁ နာရီ ခန့်မှာ ဥဩဆွဲ တာကို မြို့ကြီးတွေ မှာပြုလုပ်ခဲ့တယ်လို့ မြို့ခံတွေဆီကသိရပါတယ်။

သတင်း

အင်အားပြင်းငလျင်ဒဏ်ကြောင့် မန္တလေး၊အမရပူရနဲ့ စစ်ကိုင်းမြို့က ဗလီတွေပြိုကျလို့ အစ္စလာမ်ဘာသာဝင်တွေ သေဆုံးသူ ၆၀၀ခန့်အထိ ရှိလာတယ်လို့ အစ္စလာမ်သာသနာရေးရာကောင်စီ(မန္တလေး)က ဦးခင်မောင်သန်းက ပြောပါတယ်။

သတင်း

မန္တလေးတိုင်းအတွင်း ငလျင်ကြောင့် ပိတ်မိနေသူများအား လေးရက်အကြာ မတ်လ ၃၁ရက်အထိ အသက်ရှင်လျက် ၄၀၀ ကျော်ကယ်ထုတ်ထားနိုင်ပြီဖြစ်ပြီး သေဆုံးသူ၂၅၉ ဦး၏ ရုပ်အလောင်းများအား ထုတ်ယူထားနိုင်ပြီဖြစ်ကြောင်း မီးသတ်ဦးစီးဌာနက မတ်လ ၃၁ရက်တွင် ထုတ်ပြန်သည်။