close
Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီရဲ့ ဝမ်းနည်းခြင်းအထိမ်းအမှတ် ဥဩဆွဲသံကြောင့် မန္တလေးမြို့ခံတွေ ထိတ်လန့်

ငလျင်ကြောင့် ထိခိုက်သေကြေ အသက်ဆုံးရှုံးရတဲ့ ပြည်သူတွေအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်ဆိုပြီး စစ်ကောင်စီရဲ့ ညွှန်ကြားချက်နဲ့ ဒီနေ့ ဧပြီလ ၁ ရက်နေ့ မွန်းလွဲပိုင်း ၁ နာရီ ခန့်မှာ ဥဩဆွဲ တာကို မြို့ကြီးတွေ မှာပြုလုပ်ခဲ့တယ်လို့ မြို့ခံတွေဆီကသိရပါတယ်။

ဧပြီ -၁ ၊၂၀၂၅၊ရောင်နီ /People’s Spring

ငလျင်ကြောင့် ထိခိုက်သေကြေ အသက်ဆုံးရှုံးရတဲ့ ပြည်သူတွေအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်ဆိုပြီး စစ်ကောင်စီရဲ့ ညွှန်ကြားချက်နဲ့ ဒီနေ့ ဧပြီလ ၁ ရက်နေ့ မွန်းလွဲပိုင်း ၁ နာရီ ခန့်မှာ ဥဩဆွဲ တာကို မြို့ကြီးတွေ မှာပြုလုပ်ခဲ့တယ်လို့ မြို့ခံတွေဆီကသိရပါတယ်။

ရန်ကုန် ၊မန္တလေး ၊ နေပြည်တော်မှာရှိတဲ့ မီးသတ်စခန်းတွေကနေ ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေနဲ့ ဥဩဆွဲ ကြတာပါ။

ဒါပေမယ့် ဥဩဆွဲ သံကြောင့် ငလျင်ဘေးဆိုးကြီးကို ကြုံခဲ့ရတဲ့ မန္တလေးမြို့က မြို့ခံပြည်သူတွေ အထိတ်တလန့် ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

” ဘာမှ ကြိုမကြေညာဘဲ ရုတ်တရက်ကြီး ဥဩဆွဲသံကြီးကြားရတာ ဘာထပ်ဖြစ်တာလဲဆိုပြီး အကုန်လန့်ဖြန့်ကြတာ” လို့ မန္တလေးမြို့ခံ အမျိုးသမီးတစ်ဦး က ပြောပါတယ်။

စစ်အာဏာသိမ်းမှုကြောင့် အကျပ်အတည်းတွေကို ရင်ဆိုင်ကြုံတွေ့နေရတဲ့မြန်မာပြည်သူတွေဟာ နှစ်ပေါင်းတစ်ရာအတွင်း အဆိုးရွားဆုံးငလျင်ဘေးကြီးကို ထပ်မံ ရင်ဆိုင်ခဲ့ရတာပါ။

ငလျင်ကြောင့် အာဏာသိမ်းစစ်ကောင်စီရုံးစိုက်ရာနေပြည်တော်အပါအဝင် မန္တလေး ၊ စစ်ကိုင်း ၊ပဲခူး နဲ့ ရှမ်းပြည်နယ်က ဒေသတွေမှာ အများပြည်သူ ထိခိုက်သေဆုံးမှုတွေ ၊အဆောက်အဦးပျက်စီးမှုတွေဖြစ်ပွားခဲ့တာပါ။

ငလျင်ဗဟိုချက်အနီးမှာရှိတဲ့ စစ်ကိုင်း နဲ့မန္တလေးမြို့တွေမှာ မြို့လုံးကျွတ်နီးပါး ပျက်စီးသွားပေမယ့် ကူညီကယ်ဆယ်ရေးကို စစ်ကောင်စီက လုပ်ကိုင်နိုင်စွမ်းမရှိဘူးလို့ မြို့ခံတွေက ပြောပါတယ်။

မန္တလေးမှာဆိုရင် ငလျင်လှုပ်ပြီး ငါးရက်ကြာတဲ့အထိ လူနေရပ်ကွက်တွေထဲက အပျက်အစီးတွေကြား ပိတ်မိသူတွေကို ရှာဖွေကယ်ထုတ်တာကို ရပ်ကွက်နေပြည်သူတွေက ကိုယ်ထူကိုယ်ထလုပ်ကိုင်နေရပါတယ်။

ဒါအပြင် စစ်ရုံးချုပ်အခြေစိုက်ရာ နေပြည်တော်မှာတောင် အာဏာသိမ်း စစ်ကောင်စီက လုံလောက်တဲ့ ကူညီကယ်ဆယ်မှု မလုပ်ဆောင်နိုင်ဘူး လို့ မြို့ခံပြည်သူအချို့ ဆီ စုံစမ်းမေးမြန်းမှုအရသိရပါတယ်။

ငလျင်ဘေးကယ်ဆယ်ရေးမှာ လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအင်အားအများအပြားနဲ့ ပါဝင်ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်တာမတွေ့ရဘူးလို့ မန္တလေး နဲ့ စစ်ကိုင်းမြို့ခံတွေက အသိပေးပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ငလျင်ကြောင့် လူ ၂၀၀ ဝန်းကျင် သေဆုံးခဲ့ရတဲ့ မန္တလေးတိုင်း ၊ အမရပူရမြို့နယ် ထဲက ဗုံးအိုးရွာမှာ အသက်ရှင်ကျန်ရစ်သူတွေအတွက် နေထိုင်စားသောက်ရေး အကူအညီ လိုအပ်နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

သတင်း

ငလျင်ကြီးဒဏ်သင့် မန္တလေးမြို့၊ အိုးဘိုအကျဥ်းထောင်တွင်း အမျိုးသားအလုပ်ရုံနှင့် အမျိုးသမီးဆောင်ပြိုကျ၍ ၃ဦးသေဆုံးကာ ၁၁ဦးထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ယနေ့ အသိပေးထုတ်ပြန်သည်။

သတင်း

အင်အားပြင်းငလျင်ဒဏ်ကြောင့် မန္တလေး၊အမရပူရနဲ့ စစ်ကိုင်းမြို့က ဗလီတွေပြိုကျလို့ အစ္စလာမ်ဘာသာဝင်တွေ သေဆုံးသူ ၆၀၀ခန့်အထိ ရှိလာတယ်လို့ အစ္စလာမ်သာသနာရေးရာကောင်စီ(မန္တလေး)က ဦးခင်မောင်သန်းက ပြောပါတယ်။

သတင်း

မန္တလေးတိုင်းအတွင်း ငလျင်ကြောင့် ပိတ်မိနေသူများအား လေးရက်အကြာ မတ်လ ၃၁ရက်အထိ အသက်ရှင်လျက် ၄၀၀ ကျော်ကယ်ထုတ်ထားနိုင်ပြီဖြစ်ပြီး သေဆုံးသူ၂၅၉ ဦး၏ ရုပ်အလောင်းများအား ထုတ်ယူထားနိုင်ပြီဖြစ်ကြောင်း မီးသတ်ဦးစီးဌာနက မတ်လ ၃၁ရက်တွင် ထုတ်ပြန်သည်။