close
Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန် သိမ်ဖြူလမ်း လမ်းဘေး၌ ရပ်ထားသည့် ကား မီးလောင်၊ ကားနှစ်စီးဆုံးရှုံး

ရန်ကုန်၊ မင်္ဂလာတောင်ညွှန်မြို့နယ် သိမ်ဖြူလမ်းတွင် လမ်းဘေး၌ ရပ်ထားသည့် ကား မီးလောင်မှုမှ စတင်ပြီး ကားနှစ်စီးမီးလောင်ဆုံးရှုံးခဲ့သည်။

မီးလောင်ဆုံးရှုံးခဲ့ရသည့် ကားနှစ်စီးအားတွေ့ရစဥ်။ ဓာတ်ပုံ - CJ

ဧပြီ ၁၊ ၂၀၂၅။ ခွာညို/People’s Spring

ရန်ကုန်၊ မင်္ဂလာတောင်ညွှန်မြို့နယ် သိမ်ဖြူလမ်းတွင် လမ်းဘေး၌ ရပ်ထားသည့် ကား မီးလောင်မှုမှ စတင်ပြီး ကားနှစ်စီးမီးလောင်ဆုံးရှုံးခဲ့သည်။

ယနေ့ ဧပြီ ၁ရက် မွန်းလွဲ ၁နာရီ ၂၀ မိနစ်တွင် ကားတစ်စီးမှ မီးစတင်လောက်ကျွမ်းခြင်းဖြစ်ပြီး ဘေးချင်းယှဥ်လျက် ရပ်ထားသည့်ကားကိုပါ မီးစွဲလောင်သွားခဲ့သည်။

“ငလျင်သတင်းတွေကြောင့် ထိတ်လန့်နေရတာဗျ လူတွေက။ ကားကပါ မီးထလောင်တော့ အကုန်ရုတ်ရုတ်သဲသဲပဲ”ဟု သိမ်ဖြူလမ်းနေထိုင်သူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

မင်္ဂလာတောင်ညွှန့်နှင့် တာမွေမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်၂စီးဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ မီးငြိမ်းသွားပြီဖြစ်ကြောင်း မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ