Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လားရှိုးတွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၍ အရပ်သားသုံးဦး ထပ်မံသေဆုံး

ယမန်နေ့ (ဇူလိုင် ၂၅ရက်) နံနက်တွင် ကိုးကန့်တပ်မတော်(MNDAA) မှ လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)အား သိမ်းပိုက်နိုင်ခဲ့ပြီဟုကြေညာပြီးနောက် စစ်ကောင်စီက လေကြောင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

လားရှိုးမြို့တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့၍ အရပ်သား ထိခိုက်သေဆုံးမှုအား တွေ့ရစဥ်။ ဓာတ်ပုံ - TNLA

ထားမြတ်/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့၍ အရပ်သား သုံးဦးသေဆုံးကာ သုံးဦး ဒဏ်ရာရခဲ့သည်ဟု တအာင်းတပ်မတော်(TNLA)က သတင်းထုတ်ပြန်သည်။

ယမန်နေ့ (ဇူလိုင် ၂၅ရက်) နံနက်တွင် ကိုးကန့်တပ်မတော်(MNDAA) မှ လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)အား သိမ်းပိုက်နိုင်ခဲ့ပြီဟုကြေညာပြီးနောက် စစ်ကောင်စီက လေကြောင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ထိုသို့ လေကြောင်း တိုက်ခိုက်ခဲ့၍ လားရှိုးမြို့တွင်းရှိ မိသားစုဝင် သုံးဦး ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး ရပ်ကွက်(၇)၊ ရပ်ကွက်(၁)နှင့် ရပ်ကွက်(၁၂)တို့တွင်လည်း လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ရာ အရပ်သား သုံးဦးထိမှန်ဒဏ်ရာရရှိခဲ့ဟု ဖော်ပြသည်။ ထို့ပြင် ဘုန်းကြီးကျောင်းနှင့် နေအိမ်တချို့ထိခိုက်ပျက်စီးခဲ့သည်ဟု ဆိုသည်။

၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) ပြန်လည်စတင်ခဲ့ပြီးနောက် တစ်လကြာ ရှမ်းမြောက်တိုက်ပွဲများ၌အရပ်သား ၁၂၅ ဦးထက်မနည်းသေဆုံးခဲ့ရာ လားရှိုးမြို့မှ လူသေဆုံးထိခိုက်မှု အများဆုံးဖြစ်သည်။ TNLAက ထုတ်ပြန်သည့် စာရင်းများအရ လားရှိုးမြို့၌ အရပ်သား ၄၁ဦး သေဆုံးကာ ၅၀ ဦးကျော် ဒဏ်ရာရရှိခဲ့သည်။

ထို့ပြင် အရပ်သား နေအိမ်များစွာနှင့် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းများလည်း ပျက်စီးခဲ့သည်။

ဆက်စပ်သတင်းများ

Fact-Check

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့အခြေစိုက် စစ်ကောင်စီတပ်၏ အရှေ့မြောက်တိုင်းဌာနချုပ် ကျဆုံးမှု လုံးဝမရှိဟုဆိုသော သတင်းအမှားများ စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ၂၀၂၄ ဇူလိုင် ၂၅ ရက် မှ စတင်ကာ ပျံ့နှံ့လျက်ရှိသည်။

သတင်း

လားရှိုးမြို့စစ်ဆင်ရေးကို ဇူလိုင် ၃ရက်က စတင်ခဲ့ပြီးဇူလိုင် ၂၅ရက်တွင် မြို့ လွတ်မြောက် ပြီဟု MNDAAက ကြေညာကာ ယခုကဲ့သို့အုပ်ချုပ်ရေးနှင့်ပြန်လည်ထူထောင်ရေး လုပ်ဆောင်မည့် အခြေအနေကို အသိပေးခြင်းဖြစ်သည်။

သတင်း

MNDAA က လားရှိုးမြို့ရှိ စစ်ကောင်စီတပ်များကိုမြို့ပြင်သို့မောင်းထုတ်ပြီး မြို့တွင်း၌ ခိုအောင်းနေသောစစ်သားများချေမှုန်းနေဟုထုတ်ပြန်

သတင်း

ကိုးကန့်တပ်မတော်(MNDAA)က လားရှိုးမြို့ရှိ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(ရမခ) ဌာနချုပ် အပါအဝင် လားရှိုးမြို့ကိုသိမ်းပိုက်ပြီးဖြစ်ကြောင်း ဇူလိုင် ၂၅ရက်တွင် ကြေညာပြီးနောက် မြို့ပေါ်၌ တိုက်ပွဲဖြစ်ပွားမှုများလည်း ဆက်ရှိနေခြင်းဖြစ်သည်။