အင်ကြင်း/People’s Spring
မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်တွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးများ၏ နေအိမ်များအား PDFက ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့ကြောင်း သတင်းရရှိသည်။
ယမန်နေ့ (ဇူလိုင် ၂၅ရက်) ည ၁၁နာရီခွဲခန့်က ပုသိမ်ကြီးမြို့နယ် ၊ ကင်မွန်ချောင်ကျေးရွာမှ ပျူစောထီးမြတ်နိုးဆိုသူအား ဝင်ရောက်ရှင်းလင်းခဲ့ပြီး ဓါးရှည် တစ်လက် ၊ ဂတ်စ်သေနတ် တစ် လက်၊ ဖုန်း တစ်လုံးတို့သိမ်းဆည်းရမိကြောင်း ပုသိမ်ကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

Public Service Announcement


ထို့နောက် တောစုကျေးရွာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး နေအိမ်အား ထပ်မံဝင်ရောက်စဥ် ၎င်းအုပ်ကြီးမရှိဘဲ သားဖြစ်သူသာရှိ၍ ဆိုင် ကယ် ၃စီး ၊ဖုန်း သုံးလုံးအား သိမ်းဆည်းခဲ့ကြောင်း ပုသိမ်ကြီးပကဖက အသိပေးသည်။
“သားကိုတော့ မရှင်းခဲ့ပါဘူးဗျ။ နည်းနည်းပါးပါးပဲ သတိပေးဆုံးမခဲ့ပါတယ်။”ဟု ပုသိမ်ကြီးပကဖတာဝန်ရှိသူက ဆိုသည်။
ပုသိမ်ကြီးမြို့နယ်အတွင်းရှိ ပြည်သူများအား စစ်ကောင်စီ အလိုကျ ဖမ်းဆီးနှိပ်စက်နေသော ပျူစောထီး၊ သတင်းပေး၊ အုပ်ချုပ်ရေးမှူးများအား ဆက်လက်ရှင်းလင်းသွားမည်ဟု ပုသိမ်ကြီးမြို့နယ်ပကဖက သတိပေးထားသည်။
ပုသိမ်ကြီးမြို့နယ်သည် တိုက်ပွဲပြင်းထန်နေသော မတ္တရာမြို့နယ်နှင့်ဆက်နေပြီး တိုက်ပွဲဖော်ဆောင်မှုများရှိလာနိုင်၍ နယ်ခံအချို့ပင် ကြိုတင်ရှောင်တိမ်းနေကြသည်။
ပုသိမ်ကြီးမြို့သည် မန္တလေးမြို့အရှေ့ဘက် (၅)မိုင်ခန့်အကွာတွင် တည်ရှိသည်။
