Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကွမ်းခြံကုန်းတွင် လေဆင်နှာမောင်းကြောင့် နေအိမ် ၇၀ကျော်ပျက်စီး

ဇူလိုင် ၂၆ ရက် နံနက် ၅နာရီခန့်တွင် လေဆင်နှာမောင်းတိုက်ခတ်ခဲ့ခြင်းဖြစ်ပြီး ကွမ်းခြံကုန်းမြို့နယ် ကညင်ကုန်းနှင့် ညောင်နီကုန်း ကျေးရွာများမှ နေအိမ် ၇၁လုံး ပျက်စီးကာ လေဘေးသင့်ပြည်သူ ၃၀၀ကျော်ရှိကြောင်း Yangon Rescue Organization က ထုတ်ပြန်ထားသည်။

ကွမ်းခြံကုန်းမြို့နယ်တွင် လေဆင်နှာမောင်းတိုက်ခိုက်မှုကြောင့် နေအိမ်အချို့ ပျက်စီးနေစဉ်။ ဓာတ်ပုံ - CJ

ရောင်နီ/People’s Spring

ရန်ကုန်မြို့ ကွမ်းခြံကုန်းမြို့နယ်ရှိ ကျေးရွာနှစ်ရွာတွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် နေအိမ် ၇၀ကျော် ပျက်စီးခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအသင်းများက အသိပေးထားသည်။

ဇူလိုင် ၂၆ ရက် နံနက် ၅နာရီခန့်တွင် လေဆင်နှာမောင်းတိုက်ခတ်ခဲ့ခြင်းဖြစ်ပြီး ကွမ်းခြံကုန်းမြို့နယ် ကညင်ကုန်းနှင့် ညောင်နီကုန်း ကျေးရွာများမှ နေအိမ် ၇၁လုံး ပျက်စီးကာ လေဘေးသင့်ပြည်သူ ၃၀၀ကျော်ရှိကြောင်း Yangon Rescue Organization က ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်ကြီးများ လမ်းပေါ်သို့လဲကျခဲ့ကာ အိမ်များပျက်စီးခဲ့ခြင်းဖြစ်သည်ဟု ယင်းနေရာသို့သွားရောက်ကူညီခဲ့သည့် မုဒိတာလူမှုကူညီရေးအသင်းတာဝန်ရှိသူက ပြောသည်။

“ကညင်ကုန်းကျေးရွာက လမ်းတွေအကုန်လုံးကို သစ်ပင်တွေက ပိတယ်။ အိမ်တွေလည်းပိတယ်။ အဲဒီ့ကိုရောက်မှ လမ်းတွေသွားလို့ရ အောင် ကျွန်တော်တို့မှာရှိတဲ့ လွှစက် တွေနဲ့ပဲ အကုန်ရှင်းရတာ ။ဓာတ်တိုင်တွေပါလဲတာ “ဟု ယင်းတာဝန်ရှိသူက ပြောသည်။

ယင်းနေရာသို့ ဒေသခံ လူမှူကူညီရေးအသင်းများ နှင့် မီးသတ်တပ်ဖွဲ့က ကူညီလုပ်ဆောင်ပေးခဲ့သည်ဟု ၎င်းက ဆိုသည်။

“အထိအခိုက်က နည်းနည်းပါးပါးသွေးထွက်တာလောက်ပဲ။ အသေအပျောက်မရှိပါဘူး”ဟု ယင်းတာဝန်ရှိသူက ဆက်ပြောသည်။

ထို့အပြင် လေဘေးသင့်ပြည်သူများအတွက် အမိုးအကာများနှင့် အဝတ်အစားများလိုအပ်သည်ဟု Yangon Rescue Organization ကအသိပေးထားသည်။

(ကွမ်းခြံကုန်းမြို့နယ်တွင် လေဆင်နှာမောင်းတိုက်ခိုက်မှုကြောင့် နေအိမ်အချို့ ပျက်စီးနေစဉ်။ ဓာတ်ပုံ – CJ)

ဆက်စပ်သတင်းများ

သတင်း

ရွာလုံးကျွတ်နီးပါး ပျက်စီးသွားတဲ့ အဲဒီ ၂ရွာမှာ မီးသတ်ရဲ့စာရင်းအရ သေဆုံးသူ ၆ ဦး နဲ့ ဒဏ်ရာရသူ ၁၀၉ ဦးထိရှိနေပါတယ်။

နိုင်ငံတကာ

လေဆင်နှာမောင်းဟာ ညပိုင်းအချိန် လူတွေ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေတုန်း ရုတ်တရက် တိုက်ခတ်ခဲ့တာ ဖြစ်ပါတယ်။ ပြီးတော့ ရာသီဥတု ဘေးအန္တရာယ်ဆိုင်ရာ သတိပေး ကြေညာချက်တွေလည်း မကြားခဲ့ရဘူးလို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

သြဂုတ် ၂၅ ရက်ကလည်း ရန်ကုန်တောင်ပိုင်းခရိုင် တွံတေးမြို့ပေါ်မီးသတ်ရုံး၌ တပ်စွဲထားသော အင်အား (၂၀)ခန့်ရှိ စစ်ကောင်စီတပ်အား SOF တပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သားသုံးဦးသေဆုံးခဲ့သည်။

နိုင်ငံတကာ

အီလီနွိုက်စ် ပြည်နယ်မှာလည်း လေဆင်နှာမောင်းတွေကြောင့် Amazon ကုမ္ပဏီရဲ့ ကုန်လှောင်ရုံတစ်ခု ပြိုကျပြီး ၆ ဦးထက်မနည်း သေဆုံးခဲ့ပါသေးတယ်။ နောက်ထပ် ပျောက်ဆုံးနေသူ အရေအတွက် ဘယ်လောက် ရှိသလဲဆိုတာ စုံစမ်းနေဆဲလို့ ရဲတွေက ပြောပါတယ်။