စစ်ကောင်စီ၏ ခမရ (၄၂၂) တပ်က ဇူလိူင် ၂၄ာရက်မှစ၍ မိုးဗြဲရေကာတာ တံခါး ၃ ပေါက်လုံး ရေအပြည့်စတင်လွတ်ချသောကြောင့် မိုးဗြဲမြို့နှင့်အနီးတ ဝိုက် ရေကြီးနေရာ ရေဘေးထပ်ကြုံနေသော စစ်ဘေးရှောင် ပြည်သူများကို မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF) မှရဲဘော်များကကူညီပေးနေကြသည်။
မိုးဗြဲရေကာကာမှရေများလွတ်လိုက်၍ ဆည်အောက်ဘက်ရှိ မိုးဗြဲမြို့ ရပ်ကွက်အချို့နှင့် လယ်ကွက်ထဲတွင် စစ်ဘေးရှောင်ရင်း လယ်ယာလုပ်ကိုင်စာသောက်နေကြသော စစ်ဘေးရှောင်ပြည်သူအချို့မှာ လယ်ယာ၊ တဲ၊ ငါးကန် များနှစ်မြုပ်ခဲ့ရာ စစ်ဘေးရှောင်များ ထောင်ချီ ဘေးလွတ်ရာနေရာများသို့ အရေးပေါ်ထပ်မံပြောင်းရွှေ့နေရ ကြောင်း မိုးဗြဲ PDF ကထုတ်ပြန်သည်။



ရေဘေးသင့် စစ်ဘေးရှောင်ပြည်သူများကို မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF) ၁၀၀၁ တပ်ရင်း မှလည်း လူမှုကယ်ဆယ်ရေးလုပ်ငန်းတွင် တတ်နိုင်သည့်ဖက်မှ ပါဝင်ကူညီဆောင်ရွက်လျှက်ရှိကြောင်း မိုးဗြဲPDF ကဓါတ်ပုံများနှင့်တကွထုတ်ပြန်အသိပေးထားသည်။
