Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

PDF များက စစ်စခန်းသိမ်းပြီဖြစ်၍ ကလေးဝ- မဟာမြိုင်လမ်း ပြန်ဖွင့်မည်

အောင်ချမ်းသာ စစ်ကောင်စီတပ်စခန်းကို PDFများကထိုးစစ်ဆင် တိုက်ခိုက်စဥ် လချီပိတ်ထားသော ကလေးဝ- မဟာမြိုင်လမ်းကို စခန်းသိမ်းပြီးဖြစ်၍ မနက်ဖြန်မှစ၍ ပြန်လည်သွားလာခွင့်ပြုမည်ဟု သတင်းရရှိသည်။

၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်းက ကလေးဝ- မဟာမြိုင်လမ်းပိုင်းတနေရာ၌ ရပ်နားထားသော ယာဥ်အချို့အား တွေ့ရစဥ်။ ဓါတ်ပုံ-CJ

ဇေအောင် ၊ယောနသံ/People’s Spring

အောင်ချမ်းသာ စစ်ကောင်စီတပ်စခန်းကို PDFများကထိုးစစ်ဆင် တိုက်ခိုက်စဥ် လချီပိတ်ထားသော ကလေးဝ- မဟာမြိုင်လမ်းကို စခန်းသိမ်းပြီးဖြစ်၍ မနက်ဖြန်မှစ၍ ပြန်လည်သွားလာခွင့်ပြုမည်ဟု သတင်းရရှိသည်။

ကလေးဝနှင့် မဟာမြိုင်ကြားရှိ မင်းကင်းမြို့နယ် အောင်ချမ်းသာစခန်းကိုပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ဇွန်လမှစ၍ တိုက်ခိုက်ခဲ့ပြီး စစ် ကောင်စီတပ်မှ ဇူလိုင်လလယ်တွင် ဆုတ်ခွာသွားခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

” အောင်ချမ်းသာက စခန်းကြီးပဲ။ လနဲ့ချီပြီး ခြေသံလုံလုံတိုက်ခဲ့တာ။ ထွက်ပြေးတော့လေကြောင်းကနေ လာခေါ်ရတဲ့အထိပဲ”ဟု မင်းကင်းမြို့မှ ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

ဆုတ်ခွာသွားသောစစ်ကောင်စီတပ်က စစ်ဘေးရှောင် ဒေသခံပြည်သူရှစ်ဦးကို သတ်ဖြတ်သွားကြောင်း ကလေးဝမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

အောင်ချမ်းသာစခန်းကို ကလေးဝမြို့နယ်ပကဖ ၊ မင်းကင်းပကဖနှင့် ကလေးခရိုင် တပ်ရင်း (၁) ၊ (၂) ၊ (၃) ၊ (၄) ၊ (၅) ၊ KG Drone တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထိုစခန်းကို ထိုးစစ်ဆင်နေစဥ် ၂ လနီးပါး ပိတ်ထားခဲ့သည့် ကလေးဝ-မဟာမြိုင်လမ်းကို ဇူလိုင် ၁၇ ရက်က ပြန်လည်ဖွင့်ပေးခဲ့သည်။

သို့သော် မိုးရွာ​၍ လမ်းပိုင်းပျက်စီးမှုများရှိခဲ့ရာ ပြန်ပိတ်ထားခဲ့ရပြီး မနက်ဖြန် (ဇူလိုင် ၂၇ ရက်)

တွင် ပြန်လည်ဖွင့်ပေးမည်သိရကြောင်း ကားသမားအချို့က ပြောသည်။

“လမ်းတွေက မြေပျော့တွေဆိုတော့ကားကြီးတွေနင်းလိုက်တာနဲ့ပျက်ကုန်တာ။ နှစ်လလောက်ပိတ်မိနေခဲ့ကြပြီး ပြန်လည်ထွက်ခွာခွင့်ရချိန်နဲ့ မိုးများလမ်းပျက်ချိန်တိုက်ဆိုင်ပြီး လမ်းပြန်ပိတ်နေတာပါ။ မနက်ဖြန်ကားကြီးတွေလည်း ပြန်ဖွင့်ပေးမယ်ပြောတယ်။”ဟု ကားသမားတစ်ဦးက ပြောသည်။

စစ်စခန်းကို PDFများက ထောက်ပို့လမ်းများ

အားလုံးပိတ်ဆို့၍တိုက်ခိုက်နေသောကြောင့်လမ်း ပိတ်ထားစဥ် ဇူလိုင် ၈ ရက်က ကလေးဝ-မဟာမြိုင်လမ်းပေါ်တွင် ကားသမားများနှင့် ဒေသကာကွယ်ရေးအဖွဲ့များ အချေအတင်ဖြစ်ခဲ့ကြသေးသည်။ စစ်ရေးသတင်း များကို PDF များကသတင်းလုံခြုံရေးအရ ပြော၍မဖြစ်သော ကြောင့် သတင်းထိန်းထားစဥ် အခြေအနေမှန်မသိသော ယာဥ်မောင်းများမှာ ကားလမ်းပိတ်နေသည်မှာ ကြာနေသဖြင့် အချင်းများ ကာအချေအတင်ဖြစ်ခဲ့ခြင်းဖြစ်သည်။ ကားသမားအချို့က PDF များကို

ယာဥ်မောင်းနှင့် ပြည်သူများကိုတမင် လမ်းပိတ်၍

လူသားတံတိုင်းပြုလုပ်နေခြင်းဟု စွပ်စွဲခဲ့ပြီး အမှန်တွင်ထိုသို့မဟုတ်ဘဲ စခန်းသိမ်းနိုင်ရန်နှင့် ပြည်သူများထိခိုက်မည်စိုး၍ဖြစ်ကြောင်း PDF အချို့ကပြောသည်။

စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ ကလေး၊ တမူး၊ ကလေးဝမြို့များ၏ ကုန်စည်စီးဆင်းမှုသည် ကလေးဝ-မဟာမြိုင်လမ်းပိုင်းအား အားထားနေရပြီး တိုက်ပွဲများဖြစ်ပွားချိန်တိုင်း လချီကြာအောင် စောင့်ဆိုင်းရလေ့ရှိကြောင်း သတင်းရရှိသည်။

(၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်းက ကလေးဝ- မဟာမြိုင်လမ်းပိုင်းတနေရာ၌ ရပ်နားထားသော ယာဥ်အချို့အား တွေ့ရစဥ်။ ဓါတ်ပုံ-CJ)

ဆက်စပ်သတင်းများ

သတင်း

​အင်ကြင်း/People’s Spring မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်တွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးများ​၏ နေအိမ်များအား PDFက ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇူလိုင် ၂၅ရက်) ည ၁၁နာရီခွဲခန့်က ပုသိမ်ကြီးမြို့နယ် ၊ ကင်မွန်ချောင်ကျေးရွာမှ ပျူစောထီးမြတ်နိုးဆိုသူအား ဝင်ရောက်ရှင်းလင်းခဲ့ပြီး ဓါးရှည် တစ်လက် ၊ ဂတ်စ်သေနတ်...

သတင်း

မိုးဗြဲရေကာကာမှရေများလွတ်လိုက်၍ ဆည်အောက်ဘက်ရှိ မိုးဗြဲမြို့ ရပ်ကွက်အချို့နှင့် လယ်ကွက်ထဲတွင် စစ်ဘေးရှောင်ရင်း လယ်ယာလုပ်ကိုင်စာသောက်နေကြသော စစ်ဘေးရှောင်ပြည်သူအချို့မှာ လယ်ယာ၊ တဲ၊ ငါးကန် များနှစ်မြုပ်ခဲ့ရာ စစ်ဘေးရှောင်များ ထောင်ချီ ဘေးလွတ်ရာနေရာများသို့ အရေးပေါ်ထပ်မံပြောင်းရွှေ့နေရ ကြောင်း မိုးဗြဲ PDF ကထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီ၏ အမှတ် (၂၂)ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံကို ပြည်သူ့ကာကွယ်ရေးတပ်များက လက်နက်ကြီးများဖြင့်တိုက်ခိုက်ပြီးနောက် ဇူလိုင် ၂၃ ရက်ကစတင်ပြီး စလင်းမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

သတင်း

ဇူလိုင် ၁၈ ရက် နံနက် ၈ နာရီဝန်းကျင်က ဆီမီးခုံမြို့၊ ရဲစခန်းနှင့်မနီးမဝေးတွင် သေနတ်နှင့်ကျည်များ သွားလေရာလွယ်ထား၍ အင်္ဂုလိဟုခေါ်ဆိုသူ စစ်ကောင်စီတပ်သားတစ်ဦးအား စတင်ပစ်ခတ်ခဲ့ကြောင်း၊ သို့သော် ကျည်ကာပါနေ၍ ၎င်းတပ်သားအား အလွတ်ဝင်လုံးကာ သေနတ်လုယူခဲ့ကြောင်း မြင်းခြံခရိုင်တပ်ရင်း (၁)၏ တာဝန်ရှိသူက ပြောသည်။