ထားမြတ်/People’s Spring
ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင် တပ်မဟာ(၅)နယ်မြေတွင် ဇူလိုင်လအတွင်းတိုက်ပွဲ ၆၆ကြိမ်ဖြစ်ပွားခဲ့ကြောင်း KNU တပ်မဟာ(၅)က သတင်းထုတ်ပြန်သည်။
ဇူလိုင် ၁ရက်မှ ၁၅ရက်အထိ တိုက်ပွဲသတင်းဖော်ပြခဲ့ရာ စစ်ကောင်စီဘက်က သေဆုံးထိခိုက်မှုများ ရှိခဲ့ကြောင်း အသိပေးထားသည်။

Public Service Announcement
စစ်ကောင်စီနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)တပ်များအကြား တိုက်ပွဲ ၆၆ကြိမ်ဖြစ်ခဲ့ရာ စစ်ကောင်စီဘက်က ၃၇ ဦးသေဆုံးခဲ့ပြီး ၁၀ဦးဒဏ်ရာရရှိခဲ့ဟု ထုတ်ပြန်သည်။
စစ်ကောင်စီဘက်က သေဆုံးသူများထဲ၌ ဗိုလ် အဆင့် အရာရှိတစ်ဦး ပါဝင်သည်ဟု အသိပေးသည်။ တိုက်ပွဲအတွင်း KNLA တပ်မဟာ(၅) ဘက်က ရဲဘော် တစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။
စစ်ကောင်စီဘက်က မြင်းလားတစ်ကောင် သေဆုံးခဲ့ပြီး စစ်ကောင်စီ တပ်စခန်း အချို့လည်း မီးလောင် ပျက်စီးခဲ့သည်ဟု ထုတ်ပြန်သည်။
KNLAတပ်မဟာ(၅)နှင့် စစ်ကောင်စီတပ်များသည် ဇွန်လအတွင်းကလည်း တိုက်ပွဲ ၁၂၂ ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ၆၀ဦးသေဆုံးကာ တပ်မဟာ(၅)ဘက်က ၂ဦး ကျဆုံးခဲ့သည်ဟု ထုတ်ပြန်ထားသည်။
