Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

KNU တပ်မဟာ ၅ နယ်​မြေတွင် လဝက်အတွင်းတိုက်ပွဲ ၆၆ ကြိမ်ဖြစ်

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင် တပ်မဟာ(၅)နယ်မြေ တွင် ဇူလိုင်လအတွင်းတိုက်ပွဲ ၆၆ကြိမ်ဖြစ်ပွားခဲ့ကြောင်း KNU တပ်မဟာ(၅)ကသတင်းထုတ်ပြန်သည်။

KNLA တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-EPA

ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင် တပ်မဟာ(၅)နယ်မြေ တွင် ဇူလိုင်လအတွင်းတိုက်ပွဲ ၆၆ကြိမ်ဖြစ်ပွားခဲ့ကြောင်း KNU တပ်မဟာ(၅)ကသတင်းထုတ်ပြန်သည်။

ဇူလိုင် ၁ရက်မှ ၁၅ရက်နေ့အထိစစ်ကောင်စီတပ် နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်များအကြား တိုက်ပွဲ ၆၆ကြိမ်ဖြစ်ခဲ့ရာ စစ်ကောင်စီဘက်က ၃၇ ဦးသေဆုံးခဲ့ပြီး ၁၀ဦး ဒဏ်ရာရရှိခဲ့ဟု ​ဖော်ပြသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဘက်က သေဆုံးသူများထဲ၌ ဗိုလ် အဆင့် အရာရှိတစ်ဦး ပါဝင်သည်ဟု အသိပေးသည်။ တိုက်ပွဲအတွင်း KNLA တပ်မဟာ(၅)ဘက်က ရဲဘော် ၁ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ထိုအပြင်စစ်ကောင်စီ တပ်စခန်း အချို့လည်း မီးလောင် ပျက်စီးခဲ့ပြီး စစ်ကောင်စီဘက်က မြင်းလားတစ်ကောင် သေဆုံးခဲ့ပြီးဟုဆိုသည်။

KNLAတပ်မဟာ(၅)နှင့် စစ်ကောင်စီတပ်များသည် ဇွန်လအတွင်းကလည်း တိုက်ပွဲ ၁၂၂ ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ၆၀ ဦးသေဆုံးကာ တပ်မဟာ(၅)ဘက်က ၂ဦး ကျဆုံးခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

ရသ

တံခါးဖွင့်ဖွင့်ချင်း ကိုနွယ်ပထမဆုံးသတိရမိတာက စစ်ကောင်စီပါ။ သူတို့ချိတ်ပိတ်ခဲ့တဲ့အိမ်ကို ကိုနွယ့်လက်နဲ့ ပြန်ဖွင့်နိုင်ခဲ့ပြီလို့ တွေးရင်း သတိရတာပါတဲ့။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)သည် စဉ်ကူးမြို့နယ်အတွင်းရှိ စစ်ကောင်စီ စခန်းများအားလုံးနှင့်စဉ့်ကူးမြို့ကို ၂၀၂၄ ခုနှစ် ဇူလိုင်(၁၇)ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့​ကြောင်းထုတ်ပြန်လိုက်သည်။

သတင်း

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းနှင့် ရေဦးမြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲရာ နေရာများ တိုက်ခိုက်ခံရကြောင်း သတင်းရရှိသည်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင် တပ်မဟာ(၅)နယ်မြေတွင် ဇူလိုင်လအတွင်းတိုက်ပွဲ ၆၆ကြိမ်ဖြစ်ပွားခဲ့ကြောင်း KNU တပ်မဟာ(၅)က သတင်းထုတ်ပြန်သည်။